MMANIME

Content at random

Content recently added

When Marnie Was There (2014)
When Marnie Was There (2014) ဒီတစ်ခါလည်းတစ်ချိန်ကအောင်မြင်ခဲ့တဲ့ Ghibli movieလေးတစ်ခုကိုတင်ပေးပါမယ်ခင်ဗျ။ ဒီဇာတ်လမ်းလေးကလည်းကြည့်မိတဲ့သူတိုင်းနီးပါးရဲ့ရင်ထဲအထိ နက်နက်ရှိင်းရှိင်းကိုရိုက်ခတ်တဲ့အထိကောင်းခဲ့ပါတယ်။ Review Annaကအပေါင်းအသင်းမရှိရှာတဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမယ့်တစ်နေ့တော့သဲသောင်မှာMarnieဆိုတဲ့မိန်းကလေးနဲ့ဆုံခဲ့ရာကနေသူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ဒါပေမယ့်Marnieကသူသိထားသလိုသာမန်မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး....... အခုပြောပြမယ့်ပုံပြင်ဇာတ်လမ်းလေးကတော့သူငယ်ချင်းရင်းနှီးမှု၊မိသားစုနဲ့အထီးကျန်ဆန်ခြင်းတိုကိုနက်နက်ရှိင်းရှိင်းပြသသွားမယ့်တစ္ဆေပုံပြင်လေးတစ်ခုပါပဲ။Annieဆိုတဲ့မိန်းကလေးဟာမွေးစားမိဘတွေနဲ့ကြီးပြင်လာရတဲ့အပြင်သူငယ်ချင်းအပေါင်းအသင်းမရှိတာကြောင့်အထီးကျန်ပြီးမေတ္တာငတ်နေရှာတဲ့ကလေးမလေးတစ်ယောက်ပေါ့။နောက်တော့သူဟာမစ္စတာနဲ့မစ္စPreggတိုရှိတဲ့Norfolkကိုရောက်ရှိသွားပါတယ်။အဲ့ကသဲသောင်လေးမှာသူပြေးလွှားလေ့ရှိတယ်။အဲ့ဒီအချိန်မှာမထင်မှတ်ပဲချုံနွယ်တွေထူထပ်နေတဲ့ရေပေါ်အိမ်တစ်ခုကိုတွေ့လိုက်ပါတော့တယ်။အဲ့ဒီအိမ်နဲ့ပတ်သက်ပြီးသူ့မှာအမှတ်တရတစ်ခုခုရှိနေတယ်လိုခံစားနေခဲ့ရတယ်။မကြာမီမှာပဲအဲ့အိမ်ထဲကနေမိန်းကလေးသူစိမ်းတစ်ယောက်ထွက်လာခဲ့တယ်။သူ့နာမည်ကMarnieတဲ့။သူတိုနှစ်ယောက်ကသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်....Marnieပျောက်သွားတဲ့ရက်မတိုင်ခင်အထိပေါ့.....။Marnieဟာရုတ်တရက်ဆိုသလိုပျောက်သွားခဲ့တယ်။ အဲ့ဒီအိမ်ကြီးထဲကိုမိသားစုအသစ်ဖြစ်တဲ့Lindsayတိုပြောင်းလာခဲ့တယ်။Annieဟာ Marnieဆီကနေသူငယ်ချင်းတွေရဲ့ပေါင်းသင်းဆက်ဆံရေးကိုသိကျွမ်းနိုင်ခဲ့တာကြောင့် Lindsayနဲ့လည်းအင်မတန်ခင်တဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ကြာလာတာနဲ့အမျှAnnieဟာMarnieနဲ့ပတ်သက်ပြီးထူးဆန်းတာတွေသိလာရတယ်။အဲ့ဒီထူးဆန်းတဲ့အကြောင်းအရာတွေကဘာလဲ။Marnieကကော ဘာလိုရုတ်တရက်ပျောက်သွားရတာလဲ။သူတိုနှစ်ယောက်ပြန်ကောဆုံနိုင်ပါတော့မလားဆိုတာကတော့.... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ...
IMDB: /10 votes
movie

When Marnie Was There (2014)

2014
1080p
Fate/Grand Order: The Movie – Divine Realm of the Round Table: Camelot –  Wandering; Agateram 6.4
Fate/Grand Order: The Movie – Divine Realm of the Round Table: Camelot – Wandering; Agateram Camelot ဟာ Fate Grand Order ၏ ၆ခုမြောက် Singularity လည်းဖြစ်သလို ဇာတ်လမ်းပိုင်းမှာ Babylonia ပြီးရင် ဒုတိယအကောင်းဆုံးလို့လည်းပြောလို့ရပါတယ် ( ဒီထဲမှာတော့ Rush ထားပေမယ့်ပေ့ါ) ဇာတ်လမ်းအကျဉ်းကတော့ အေဒီ ၁၂၇၃ မှာ တော်ဝင်နယ်မြေအဖြစ် သမုတ်ကြတဲ့ ဂျေရုဆလင်ဟာ ရုတ်တရတ် ကြီးမားတဲ့ ကန္တာရအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့် မူလနေထိုင်သူများဟာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အဲ့အချိန်မှာ အဓိကအင်အားကြီး အဖွဲ့ ၃ ဖွဲ့လည်းစစ်ခင်းနေကြပါတယ်။ စားပွဲဝိုင်းသူရဲကောင်းတွေနဲ့အတူ ဂျေရုဆလင်ကိုဖျက်သိမ်းပြီး တော်ဝင်မြို့အဖြစ်ပြန်ဆောက်ကာ နန်းစံလျက်ရှိတဲ့ ခြင်္သေ့ဘုရင် ...
6.4
IMDB: 6.4/10 10 votes
movie

Fate/Grand Order: The Movie – Divine Realm of the Round Table: Camelot – Wandering; Agateram

2020
1080p WEBRip
Howl’s Moving Castle
Howl’s Moving Castle Howl's Moving Castle ဒီကားရဲ့ဇာတ်လမ်းကတော့ အရမ်းလည်းပြောပြစရာမလိုဘူးထင်ပါတယ်ဗျ အဲ့တာကြောင့်အကျဉ်းချုပ်လောက်ပဲပြောလိုက်ပါ့မယ်ခင်ဗျ Review ဇာတ်လမ်းလေးကတော့ အရှက်အကြောက် အရမ်းကြီးတဲ့ Sophieဆိုတဲ့မိန်းကလေးကနေစတင်လိုက်ပါတယ်။ သူတိုခေတ်ကာလဟာမှော်ပညာတွေ စုန်းအတတ်တွေပြည့်နှက်နေတဲ့ အချိန်ကာလတစ်ခုပေါ့။ Sophieဟာဦးထုပ်ဆိုင်လေးဖွင့်ထားတဲ့မိန်းကလေးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့ဆိုင်လေးထဲကို ဆိုင်ပိတ်ချိန်ရောက်မှအမျိုးသမီးတစ်ဦးဟာအတင်းဝင်လာခဲ့ပါတယ်။အဲ့အမျိုးသမီးကိုသွားခိုင်းပေမယ့်လည်းမသွားခဲ့တဲ့အပြင် Sophieကိုလည်းကျိန်စာတိုက်ခဲ့ပါတယ်။ကျိန်စာတိုက်ပြီးနောက်မှာတော့ အဲ့အမျိုးသမီးကအဲ့ဆိုင်ကထွက်သွားပါတော့တယ်။Sophieကိုတိုက်ခဲ့တဲ့ကျိန်စာကတော့ လက်ရှိအသက်အရွယ်ကနေအသက်ရှစ်ဆယ်ကျော်အဘွားကြီးအရွယ်အဖြစ်ရောက်အောင်လုပ်လိုက်တာပါ။အဘွားကြီးပီပီ ဒူးတွေခါးတွေကလည်းထင်သလောက်မကောင်းတော့တာကြောင့် သူဒီကျိန်စာကိုပျောက်အောင်လုပ်ဖိုနည်းလမ်းရှာရပါတော့တယ်။Sophieဟာအဲ့နယ်မှာနာမည်အရမ်းကြီးတဲ့မှော်ဆရာဖြစ်တဲ့Howlဆိုတဲ့လူရှိတဲ့နေရာကိုသွားဖိုကြိုးစားပါတော့တယ်။Sophieဟာ Howlကိုရှာတွေ့ပါ့မလား..... Howlကကောဘယ်လောက်အထိအစွမ်းထက်တာလဲ.... ဟိုအမျိုးသမီးကကော ဘာကြောင့်Sophieကိုကျိန်စာတိုက်ခဲ့လဲဆိုတာတွေကတော့..... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ....
IMDB: /10 votes
movie

Howl’s Moving Castle

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train

Stand by Me Doraemon 2
Stand by Me Doraemon 2 ဇာတ်လမ်းလေးကတော့တစ်နေ့မှာNobitaဟာသူ့အဘွားကိုယ်တိုင်လုပ်ပေးခဲ့တဲ့ လက်လုပ်ဝက်ဝံရုပ်လေးကိုပြန်တွေ့တဲ့အခါ သူ့အနေနဲ့အဘွားကိုပြန်တွေ့ချင်လာပါတော့တယ်။ အဲ့တာကြောင့်Nobitaဟာ Doraemonရဲ့အကူအညီနဲ့ အချိန်နောက်ပြန်သွားပြီး အဘွားနဲ့ပြန်တွေ့ဖို့လုပ်ကြပါတော့တယ်။ Nobitaကိုတွေ့တော့အဘွားဟာစကားတစ်ခုမှာလိုက်ပါတယ်။ "ငါ့မြေးလေးရဲ့သတို့သမီးလေးကိုတစ်ကြိမ်တစ်ခါတော့မြင်ဖူးချင်တယ်"လို့ဆိုသွားပါတယ်။ Nobitaတို့ဇာတ်လမ်းကတော့ဒီမှာစပါပြီ။သူနဲ့Doraemonတို့နှစ်ယောက်ပေါင်းပြီး အဘွားရဲ့ဆန္ဒပြည့်အောင်ဘယ်လိုတွေလုပ်ပေးကြမလဲ။ Nobitaကကော အရင်လိုအလွဲလွဲအချော်ချော်တွေဖြစ်နေတုန်းလားဆိုတာကိုတော့.....ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ File size… 1.6 GB Quality….Blueray 1080p Format…mp4 Duration…. 1h 36 min Subtitle….Myanmar Subtitle (Hardsub) Translator ….. Oke Hmue Ko & Chiaki Encoder ….. Shine Bo Bo Latt
IMDB: /10 votes
movie

Stand by Me Doraemon 2

2021
1080p BluRay
Space Pirate Captain Harlock (2013) 6.4
Space Pirate Captain Harlock (2013) IMDb - 6.4/10 Rotten Tomatoes - 54% MyAnimeList - 7.4/10 ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့ လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကိုကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဟိုရှေးရှေးတုန်းကလို့ပြောရမလား လာမယ့်အနာဂတ်မှာလို့ပြောရမလား အဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမယ့်‌နယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပ‌ဲ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။ - အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ - ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ - ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ...
6.4
IMDB: 6.4/10 11,568 votes
movie

Space Pirate Captain Harlock (2013)

2013
HEVC 1080p 5.1
Nisekoi: False Love 6.4
Nisekoi: False Love Raku Ichijo ဆိုတာ ယာကူဇာဂိုဏ်းရဲ့ ဆက်ခံသူဖြစ်ပေမယ့် အကြမ်းဖက်ခြင်းကို မနှစ်သက်တဲ့သူဖြစ်ပါတယ်။ သူက သာမန်ဘဝကိုပဲ လိုချင်ပြီး ငယ်ငယ်တုန်းက လက်ထပ်ဖို့အတွက် ကတိထားခဲ့တဲ့ ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ Kirisaki Chitoge ဆိုတာတော့ ယာကူဇာဂိုဏ်းရဲ့ ဆန့်ကျင်ဘက် Beehive ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသမီးလေးပါ။ ဂိုဏ်းကြီး ၂ ဂိုဏ်းရဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် ဂိုဏ်းချုပ် ၂ ယောက်က အကြံတစ်ခုကို ထုတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ သားနဲ့ သမီးကို ဟန်ဆောင်ရည်းစားတွေ လုပ်ခိုင်းဖို့ပါ။ ခက်တာက Raku နဲ့ Chitoge တို့ဟာ စတွေ့ကတည်းက ပဲပင်ပေါက်နဲ့ ဂေါ်ဇီလာလိုပဲ မတည့်ကြပါဘူး။ သူတို့ မတည့်အတူနေ ၂ ယောက် ဟန်ဆောင်ချစ်သူတွေ အဖြစ် ဘယ်လို ခရီးဆက်ကြမလဲ....Rakuနဲ့ ငယ်ငယ်က လက်ထပ်ဖို့ ကတိထားခဲ့တဲ့ ကောင်မလေးကရော ဘယ်သူလဲဆိုတာ ...
6.4
IMDB: 6.4/10 votes
movie

Nisekoi: False Love

2018
1080p
Blame!
Blame! Blame! IMDb - 6.7/10 Rotten Tomatoes - 55% Myanimelist - 7.2/10 ဒီ‌animeကို 2017တုန်းက Netflixကနေထုတ်လွှင့်ခဲ့တာပါ။ Sci-fiဇာတ်လမ်းကြည့်ရှုချင်တဲ့သူတွေမလွတ်တန်းကြည့်ရှုသင့်တဲ့ဇာတ်ကားပါ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ AIနည်းပညာတွေနဲ့မြို့ကြီးတစ်မြို့ကိုလူသားတွေဟာတည်ဆောက်ခဲ့ပါတယ် တနေ့ကျတော့ ကူးစက်ရောဂါတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့ကာ AIနည်းပညာနဲ့မြို့ကြီးဟာ လူသားတွေကိုရှင်းလင်းမှုတွေစတင်လုပ်‌ေဆာင်ခဲ့ပါတော့တယ်။ ရှင်းလင်းမှုခံရတဲ့အတွက် လူသားတွေရဲ့အရေအတွက်ဟာ လက်တစုပ်စာလောက်ပဲကျန်တော့ပြီး စားစရာတွေရှားပါးတဲ့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ကေလီဆိုတဲ့ ထူးဆန်းတဲ့လူတယောက်ပေါ်လာခဲ့ပြီး Net terminalမျိုးရိုးဗီဇရှိတဲ့လူသားတွေကိုလိုက်ရှာတဲ့အခါမှာတော့...... - လူသားတွေကိုမြို့ကြီးကဘာလို့တိုက်ခိုက်ခဲ့လဲ - ကေလီဆိုတဲ့လူဟာဘယ်သူလဲ - Net terminalမျိုးရိုးဗီဇရှိတဲ့သူတွေဟာ ဘာထူးခြားလို့ကေလီဟာလိုက်ရှာနေရလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုလိုက်ပါ Translated by DrNyan Encoded by Leo D. Lucas BLAME! (1080p) BLAME! (720p) BLAME! (480p)
IMDB: /10 votes
movie

Blame!

Inuyasha the Movie 2: The Castle Beyond the Looking Glass 7.6
Inuyasha the Movie 2: The Castle Beyond the Looking Glass ဒီကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဂျပန်ရိုးရာပုံပြင်တွေထဲကတပုဒ်ဖြစ်တဲ့ နတ်သမီးနဲ့လူသားညားတဲ့ပုံပြင်ကိုအခြေခံထားတာပါ အဲ့ဒီပုံပြင်က မြန်မာရိုးရာပုံပြင်တွေထဲက ပင်းတယလှိုဏ်ဂူရဲ့ပုံပြင်နဲ့နည်းနည်းဆင်သလို ဘုရင့်သမီးတော်ဟာ သူ့ကြင်ဖက်ကို ပညာစမ်းပြီးရွေးတဲ့မြန်မာရိုးရာပုံပြင်တွေနဲ့လည်း နည်းနည်းတော့တူပါတယ် ဒီကားမှာမူရင်းစာဖိုင်မှာသီချင်းစာသားမပါဘူးဗျ ကိုယ့်ဘာသာကိုယ် တကြောင်းချင်းtimingတွေကိုက်ပြီးထည့်ရတာမလို့ အသံထွက်အမှားပါရင်သည်းခံကြပါကုန် ခွေးမင်းသားရဲ့ဇာတ်ဝင်တေးတွေကကောင်းလေ့ရှိတယ်ဆိုတဲ့အတိုင်းပဲ အခုရုပ်ရှင်ရဲ့ဇာတ်ဝင်တေးလည်း နားထောင်လို့ကောင်းပါတယ် IMDbမှာတော့ 7.5/10အထိရထားပြီး MyAnimeListမှာ 7.7/10 Rotten Tomatoesမှာ 92%အထိအသီးသီးရထားတော့ ကောင်းမကောင်းတအားကြီးညွှန်းဖို့မလိုတော့ဘူးထင်ပါတယ် ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ကြပါ Translated by DrNyan Encodedby Swan Yi
7.6
IMDB: 7.6/10 75 votes
movie

Inuyasha the Movie 2: The Castle Beyond the Looking Glass

Sengoku Basara: The Last Party
Sengoku Basara: The Last Party ဂျပန်နိုင်ငံ Sengoku ကာလအတွင်းအင်အားကြီးတဲ့စစ်သည်တော်‌‌ေတွကနိုင်ငံရေးနှင့်လက်နက်ကိုင်တိုက်ခိုက်ခြင်းအားဖြင့်ဗဟိုအစိုးရလက်အောက်မှာတိုင်းပြည်ကိုစည်းလုံးညီညွတ်စေရေး မျှော်လင့်ချက်ဖြင့်တိုက်ခိုက်ခဲ့ကြပါတယ့် ။ Nobunaga Oda ကအစွမ်းအစအရှိဆုံး သူရဲကောင်းတစ်ယောက်ဖြစ်ပြီးဂျပန်နိုင်ငံကိုသိမ်းပိုက်နိုင်ရန်အတွက်လိုအပ်တ့ဲအင်အားနှင့်စစ်ရေးအရင်းအမြစ်များကိုပိုင်ဆိုင်ထားခဲ့ပါတယ့် Shingen Takeda နဲ့သူ့ရဲ့ စစ်သည် Yukimura Sanada တို့က Nobunaga ရဲ့အဓိကမျိုးနွယ်စုများကို ဦး ဆောင်ခဲ့တယ်။ တစ်ညမှာ Sanada ကဗိုလ်ချုပ် Kenshin Uesugi ကိုတိုက်ခိုက်ရန် ဦး ဆောင်ညွှန်ကြားခဲ့တယ်။ Nobunaga က Sengoku Basara မှာသူ့ရဲ့တပ်တွေကို2ဆတိုးပြီးတိုင်းပြည်ကိုလွှမ်းမိုးထားခဲ့တယ်။ Sanada နှင့် Date တို့က Nobunaga မြင့်တက်မှုကိုနှိမ်နှင်းဖို့နဲ့ ပဒေသရာဇ်ဂျပန်အုပ်ချုပ်မှုမှကယ်တင်ရန်သူတို့ရဲ့ကွဲပြားခြားနားမှုများကိုဘေးဖယ်ထားခဲ့ကြတယ်။ အဲ့အချိန်မှာပဲ မှော်ဆရာ၊ စစ်သွေးကြွတွေနဲ့ နိုင်ငံရေးအင်အားစုတွေကြား ခေါင်းဆောင်များအချင်းချင်းနဲ့ Nobunaga စစ်တပ်များအကြားပဋိပက္ခဖြစ်လာနဲ့အခါမှာတော့.............. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်
IMDB: /10 votes
movie

Sengoku Basara: The Last Party

2011
Grand Blue (Live Action) 6.9
Grand Blue (Live Action) Happy December အမှတ်တရအနေနဲ့တင်ဆက်ပေးလိုက်ပါတယ် ။ Grand Blue Fanတင်မက Comedy ကြိုက်နှစ်သက်တဲ့သူတွေအကုန်လုံးမျှော်နေတဲ့Live Actionကားကောင်းလေးပါ ။ ကျွန်တော်ကတော့ Nosubကြည့်တာတောင်အူတက်အောင်ခွီနေရပါတယ်။ တစ်ကယ်က Subထွက်တာမကြာသေးပါဘူး နေ့တွင်းချင်းလုပ်ပေးလိုက်တာပါ။ Review -------------------------------- လှပတဲ့ကောင်းကင်လေး.... ငါဒီလို‌ကောင်းကင်မျိုးမတွေ့ရတာကြာပြီ.... ဟမ် ဘာလဲ ဘာမှားနေလို့လဲ.... အယ်..... ငါဘာလို့ ကိုယ်လုံးတီးကြီးဖြစ်နေရတာလဲ ရေငုပ်ကလပ်...? "အထက်တန်းကျောင်းကဆော်လေးတွေပါနဲ့ club ကို၀င်ချင်တာကွ" ဦးလေးရဲ့ အိမ်မှာနေပြီး တက္ကသိုလ်တတ်မဲ့ကောင်လေး တစ်ယောက်နဲ့ Nanako chanကဘ၀ဆိုတဲ့ ‌အိုသာခုလေးတို့ရဲ့ ပျော်ရွင်ဖွယ် ဘဝကြီးကို ‌တဝကြီးခံစားရမှာပါ "ငါ ဒါကြီးကိုထပ်မဖြစ်ချင်တော့ဘူး..............." (အားလုံးကြိုက်ကြတဲ့ Grand Blue Anime Seriesကို မတူညီတဲ့ plot, storylineနဲ့ life actionရိုက်ပြထားတာပါ မfailတဲ့ ကားလို့ပြောလို့ရပါမယ် တကယ့် Ioriနဲ့ Kouheiကိုမြင်နေတဲ့ရအတိုင်းပါပဲ reviewက တစ်မျိုးကြီးပေမယ့် ကြည့်ပြီးရင် ဘာလဲနားလည်မှာပါ )  
6.9
IMDB: 6.9/10 37 votes
movie

Grand Blue (Live Action)