MMANIME

Drama

Love, Be Loved, Leave, Be Left
Love, Be Loved, Leave, Be Left ဒီဇာတ်လမ်းလေးကတော့ စော်ငြင်းကောင် ဘဲငြင်းမတွေရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Step family plot လည်း ပါဝင်ထားပြီး "Oh my god, step bro. I'm stuck. Can you help me?" ဆိုတာမျိုး မပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်လို့ရပါတယ် Reivew လေးဆီသွားလိုက်ရအောင်   Review - Ichihara Yuna နဲ့ Yamamoto Akari တို့ဟာ အထက်တန်းကျောင်းသူလေးတွေဖြစ်ကြပြီးတော့ နှစ်ယောက်လုံးဟာ အချစ်ဆိုတဲ့အရာပေါ်မှာ အမြင်ချင်းမတူညီကြပါဘူး။ ချစ်ခွင့်ပန်ထားသူနဲ့ ချိန်းဆိုထားတဲ့ Akari ဟာအခြေအနေအမျိုးမျိုးကြောင့် စည်းခြားခဲ့ရပြီး Yuna နဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့နှလုံးသားဟာ တဖန်နိုးကြားလာခဲ့ပါတယ်။ ချစ်ဖူးသူတိုင်းနာကျင်မှုဆိုတာကတော့ မလွဲမသွေပါပဲ။ Yuna က သူ့မစိတ်ကူးထဲကမင်းသားလေးအဖြစ် နေရာယူလိုက်တဲ့ ရွှေမင်းသားလေးနဲ့Akari တို့ဆက်နွယ်မှုကိုသိရှိလိုက်တဲ့အခါမှာတော့ ဘယ်လိုအချစ်ဇာတ်လမ်းမျိုးဖြစ်လာမယ် ၊ ဘယ်လိုလက်နှေးရင်ခွက်ဆေးရမယ် ခွက်မဆေးရအောင် ဘယ်လိုလက်သွက်ရမယ်ဆိုတာကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်
IMDB: /10 votes
movie

Love, Be Loved, Leave, Be Left

2020
1080p
When Marnie Was There (2014)
When Marnie Was There (2014) ဒီတစ်ခါလည်းတစ်ချိန်ကအောင်မြင်ခဲ့တဲ့ Ghibli movieလေးတစ်ခုကိုတင်ပေးပါမယ်ခင်ဗျ။ ဒီဇာတ်လမ်းလေးကလည်းကြည့်မိတဲ့သူတိုင်းနီးပါးရဲ့ရင်ထဲအထိ နက်နက်ရှိင်းရှိင်းကိုရိုက်ခတ်တဲ့အထိကောင်းခဲ့ပါတယ်။ Review Annaကအပေါင်းအသင်းမရှိရှာတဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမယ့်တစ်နေ့တော့သဲသောင်မှာMarnieဆိုတဲ့မိန်းကလေးနဲ့ဆုံခဲ့ရာကနေသူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ဒါပေမယ့်Marnieကသူသိထားသလိုသာမန်မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး....... အခုပြောပြမယ့်ပုံပြင်ဇာတ်လမ်းလေးကတော့သူငယ်ချင်းရင်းနှီးမှု၊မိသားစုနဲ့အထီးကျန်ဆန်ခြင်းတိုကိုနက်နက်ရှိင်းရှိင်းပြသသွားမယ့်တစ္ဆေပုံပြင်လေးတစ်ခုပါပဲ။Annieဆိုတဲ့မိန်းကလေးဟာမွေးစားမိဘတွေနဲ့ကြီးပြင်လာရတဲ့အပြင်သူငယ်ချင်းအပေါင်းအသင်းမရှိတာကြောင့်အထီးကျန်ပြီးမေတ္တာငတ်နေရှာတဲ့ကလေးမလေးတစ်ယောက်ပေါ့။နောက်တော့သူဟာမစ္စတာနဲ့မစ္စPreggတိုရှိတဲ့Norfolkကိုရောက်ရှိသွားပါတယ်။အဲ့ကသဲသောင်လေးမှာသူပြေးလွှားလေ့ရှိတယ်။အဲ့ဒီအချိန်မှာမထင်မှတ်ပဲချုံနွယ်တွေထူထပ်နေတဲ့ရေပေါ်အိမ်တစ်ခုကိုတွေ့လိုက်ပါတော့တယ်။အဲ့ဒီအိမ်နဲ့ပတ်သက်ပြီးသူ့မှာအမှတ်တရတစ်ခုခုရှိနေတယ်လိုခံစားနေခဲ့ရတယ်။မကြာမီမှာပဲအဲ့အိမ်ထဲကနေမိန်းကလေးသူစိမ်းတစ်ယောက်ထွက်လာခဲ့တယ်။သူ့နာမည်ကMarnieတဲ့။သူတိုနှစ်ယောက်ကသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်....Marnieပျောက်သွားတဲ့ရက်မတိုင်ခင်အထိပေါ့.....။Marnieဟာရုတ်တရက်ဆိုသလိုပျောက်သွားခဲ့တယ်။ အဲ့ဒီအိမ်ကြီးထဲကိုမိသားစုအသစ်ဖြစ်တဲ့Lindsayတိုပြောင်းလာခဲ့တယ်။Annieဟာ Marnieဆီကနေသူငယ်ချင်းတွေရဲ့ပေါင်းသင်းဆက်ဆံရေးကိုသိကျွမ်းနိုင်ခဲ့တာကြောင့် Lindsayနဲ့လည်းအင်မတန်ခင်တဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ကြာလာတာနဲ့အမျှAnnieဟာMarnieနဲ့ပတ်သက်ပြီးထူးဆန်းတာတွေသိလာရတယ်။အဲ့ဒီထူးဆန်းတဲ့အကြောင်းအရာတွေကဘာလဲ။Marnieကကော ဘာလိုရုတ်တရက်ပျောက်သွားရတာလဲ။သူတိုနှစ်ယောက်ပြန်ကောဆုံနိုင်ပါတော့မလားဆိုတာကတော့.... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ...
IMDB: /10 votes
movie

When Marnie Was There (2014)

2014
1080p
Howl’s Moving Castle
Howl’s Moving Castle Howl's Moving Castle ဒီကားရဲ့ဇာတ်လမ်းကတော့ အရမ်းလည်းပြောပြစရာမလိုဘူးထင်ပါတယ်ဗျ အဲ့တာကြောင့်အကျဉ်းချုပ်လောက်ပဲပြောလိုက်ပါ့မယ်ခင်ဗျ Review ဇာတ်လမ်းလေးကတော့ အရှက်အကြောက် အရမ်းကြီးတဲ့ Sophieဆိုတဲ့မိန်းကလေးကနေစတင်လိုက်ပါတယ်။ သူတိုခေတ်ကာလဟာမှော်ပညာတွေ စုန်းအတတ်တွေပြည့်နှက်နေတဲ့ အချိန်ကာလတစ်ခုပေါ့။ Sophieဟာဦးထုပ်ဆိုင်လေးဖွင့်ထားတဲ့မိန်းကလေးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့ဆိုင်လေးထဲကို ဆိုင်ပိတ်ချိန်ရောက်မှအမျိုးသမီးတစ်ဦးဟာအတင်းဝင်လာခဲ့ပါတယ်။အဲ့အမျိုးသမီးကိုသွားခိုင်းပေမယ့်လည်းမသွားခဲ့တဲ့အပြင် Sophieကိုလည်းကျိန်စာတိုက်ခဲ့ပါတယ်။ကျိန်စာတိုက်ပြီးနောက်မှာတော့ အဲ့အမျိုးသမီးကအဲ့ဆိုင်ကထွက်သွားပါတော့တယ်။Sophieကိုတိုက်ခဲ့တဲ့ကျိန်စာကတော့ လက်ရှိအသက်အရွယ်ကနေအသက်ရှစ်ဆယ်ကျော်အဘွားကြီးအရွယ်အဖြစ်ရောက်အောင်လုပ်လိုက်တာပါ။အဘွားကြီးပီပီ ဒူးတွေခါးတွေကလည်းထင်သလောက်မကောင်းတော့တာကြောင့် သူဒီကျိန်စာကိုပျောက်အောင်လုပ်ဖိုနည်းလမ်းရှာရပါတော့တယ်။Sophieဟာအဲ့နယ်မှာနာမည်အရမ်းကြီးတဲ့မှော်ဆရာဖြစ်တဲ့Howlဆိုတဲ့လူရှိတဲ့နေရာကိုသွားဖိုကြိုးစားပါတော့တယ်။Sophieဟာ Howlကိုရှာတွေ့ပါ့မလား..... Howlကကောဘယ်လောက်အထိအစွမ်းထက်တာလဲ.... ဟိုအမျိုးသမီးကကော ဘာကြောင့်Sophieကိုကျိန်စာတိုက်ခဲ့လဲဆိုတာတွေကတော့..... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ....
IMDB: /10 votes
movie

Howl’s Moving Castle

Stand by Me Doraemon 2
Stand by Me Doraemon 2 ဇာတ်လမ်းလေးကတော့တစ်နေ့မှာNobitaဟာသူ့အဘွားကိုယ်တိုင်လုပ်ပေးခဲ့တဲ့ လက်လုပ်ဝက်ဝံရုပ်လေးကိုပြန်တွေ့တဲ့အခါ သူ့အနေနဲ့အဘွားကိုပြန်တွေ့ချင်လာပါတော့တယ်။ အဲ့တာကြောင့်Nobitaဟာ Doraemonရဲ့အကူအညီနဲ့ အချိန်နောက်ပြန်သွားပြီး အဘွားနဲ့ပြန်တွေ့ဖို့လုပ်ကြပါတော့တယ်။ Nobitaကိုတွေ့တော့အဘွားဟာစကားတစ်ခုမှာလိုက်ပါတယ်။ "ငါ့မြေးလေးရဲ့သတို့သမီးလေးကိုတစ်ကြိမ်တစ်ခါတော့မြင်ဖူးချင်တယ်"လို့ဆိုသွားပါတယ်။ Nobitaတို့ဇာတ်လမ်းကတော့ဒီမှာစပါပြီ။သူနဲ့Doraemonတို့နှစ်ယောက်ပေါင်းပြီး အဘွားရဲ့ဆန္ဒပြည့်အောင်ဘယ်လိုတွေလုပ်ပေးကြမလဲ။ Nobitaကကော အရင်လိုအလွဲလွဲအချော်ချော်တွေဖြစ်နေတုန်းလားဆိုတာကိုတော့.....ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ File size… 1.6 GB Quality….Blueray 1080p Format…mp4 Duration…. 1h 36 min Subtitle….Myanmar Subtitle (Hardsub) Translator ….. Oke Hmue Ko & Chiaki Encoder ….. Shine Bo Bo Latt
IMDB: /10 votes
movie

Stand by Me Doraemon 2

2021
1080p BluRay
Nisekoi: False Love 6.4
Nisekoi: False Love Raku Ichijo ဆိုတာ ယာကူဇာဂိုဏ်းရဲ့ ဆက်ခံသူဖြစ်ပေမယ့် အကြမ်းဖက်ခြင်းကို မနှစ်သက်တဲ့သူဖြစ်ပါတယ်။ သူက သာမန်ဘဝကိုပဲ လိုချင်ပြီး ငယ်ငယ်တုန်းက လက်ထပ်ဖို့အတွက် ကတိထားခဲ့တဲ့ ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ Kirisaki Chitoge ဆိုတာတော့ ယာကူဇာဂိုဏ်းရဲ့ ဆန့်ကျင်ဘက် Beehive ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသမီးလေးပါ။ ဂိုဏ်းကြီး ၂ ဂိုဏ်းရဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် ဂိုဏ်းချုပ် ၂ ယောက်က အကြံတစ်ခုကို ထုတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ သားနဲ့ သမီးကို ဟန်ဆောင်ရည်းစားတွေ လုပ်ခိုင်းဖို့ပါ။ ခက်တာက Raku နဲ့ Chitoge တို့ဟာ စတွေ့ကတည်းက ပဲပင်ပေါက်နဲ့ ဂေါ်ဇီလာလိုပဲ မတည့်ကြပါဘူး။ သူတို့ မတည့်အတူနေ ၂ ယောက် ဟန်ဆောင်ချစ်သူတွေ အဖြစ် ဘယ်လို ခရီးဆက်ကြမလဲ....Rakuနဲ့ ငယ်ငယ်က လက်ထပ်ဖို့ ကတိထားခဲ့တဲ့ ကောင်မလေးကရော ဘယ်သူလဲဆိုတာ ...
6.4
IMDB: 6.4/10 votes
movie

Nisekoi: False Love

2018
1080p
White Snake
White Snake ဒီကားလေးကတော့ chinese anime လေးတစ်ခုဖြစ်ပါတယ် chinese anime တွေကိုဖန်တီးတဲ့ Light Chaser Animation Studios ကနေဖန်တီးထားတာဖြစ်ပြီး ကြာမြင့်ချိန် တစ်နာရီနဲ့သုံးဆယ့်ငါးမိနစ်ကြာမြင့်ပါတယ် IMdb rating မှာ 7 ရရှိထားပါတယ် တစ်နေ့မှာ Blanca လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုအနီးအနားရွာကမြွေဖမ်းသမား Xuan ကကယ်တင်ခဲ့တယ် ဒါပေမယ့်သူမဟာမှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီး သူမအကြောင်းကိုသိဖို့ သူတို့နှစ်ယောက်သားခရီးအတူထွက်ခဲ့ကြတယ် သူမရဲ့အတိတ်အကြောင်းပိုပြီးသိလာတာနဲ့အမျှ ဟန်ချက်ညီနေတဲ့ကမ္ဘာကြီးရဲ့ကံတရားရှိတဲ့ စွမ်းအားအတွက် ယှဥ်ပြိုင်နေတဲ့သဘာလွန်စွမ်းအားတွေရဲ့နက်ရှိုင်းတဲ့အကြံအစည်တွေကို သိသွားခဲ့တယ် သူတို့နှစ်ယောက်ရဲ့စွန့်စားခန်းတွေကိုတွေ့မြင်ရမှာပါ   #LCAM
IMDB: /10 votes
movie

White Snake

Made in Abyss: Dawn of the Deep Soul 8.2
Made in Abyss: Dawn of the Deep Soul ဒီ Moive 3 ကတော့ ရှေ့ထွက်ပြီးတဲ့ Movie 1,2 ရဲ့အဆက်အနေနဲ့ထွက်လာတာပါ Riko နဲ့ Reg တို့နှစ်ယောက်ထဲ Abyss ထဲကိုစွန့်စားခန်းထွက်လာရင်း Nanachi ဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ပြီးပါပြီ သူတို့သုံးယောက်အတူတူ Abyss ရဲ့အောင်ခြေကိုမရရအောင်ခရီးထွက်လာရင်းနဲ့ တွင်းနက်ကြီးရဲ့ ငါးလွှာမြောက်မှာ "အရုဏ်ဉီးတို့ရဲ့ အရှင်" လို့တင်စားရသူ Bondrewd နဲ့တွေ့ပါပြီ Bondrewd မှာ မွေးစားသမီးဖြစ်သူ Prushka ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါသေးတယ် Riko တို့သူငယ်ချင်းသုံးယောက် Bondrewd ကြီးအုပ်စိုးတဲ့ ငါးလွှာမြောက်ကို အခက်အခဲတွေကျော်လွှားပြီး သူတို့သွားမဲ့ခရီးကိုဆက်သွားနိုင်ပါ့မလား Bondrewd ကြီးကိုဘယ်လိုရင်ဆိုင်ကြမလဲ Nanachi ကလည်း သူ့ကိုစမ်းသပ်ခဲ့ဖူးတဲ့ ဒီလူကြီးအကြောင်းကိုသိနေပြီ အဲ့တာတွေအပြင် Reg နဲ့ Bondrewd တို့ရဲ့ Epic ဆန်တဲ့ တိုက်ပွဲကိုလည်းကြည့်ရှုရမှာဖြစ်ပါတယ်   Translated by Duck & Bahamut Encoded by Kichiro   #KichiroANIME
8.2
IMDB: 8.2/10 9 votes
movie

Made in Abyss: Dawn of the Deep Soul

2020
Blu-Ray 1080p
Clannad Movie
Clannad Movie Clannad Movieဟာ "Clannad"စီးရီးပြီး "Clannad After Story"ရဲ့ အပိုင်း ၁၈ ဝန်းကျင်​ကာလကို ရိုက်​ပြထားတာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ ဒီဇာတ်​ကားကို ကြည့်​မယ့်​သူဟာ အနည်းဆုံး "Clannad After Story"ကို အပိုင်း ၁၈အထိ အနည်းဆုံးကြည့်​ပြီးထားဖို့ လိုအပ်​ပါတယ်​။ စီးရီးကို အစအဆုံးကြည့်​ပြီးတဲ့သူဟာ ဒီဇာတ်​ကားကို မဖြစ်​မ​နေ ကြည့်​ဖို့ မလိုအပ်​ဘူးလို့ ကျွန်​​တော်​မြင်​ပါတယ်​။ ဒါ​ပေမဲ့ ကြည့်​ချင်​တဲ့သူရှိပါက ကြည့်​ရအဆင်​​ပြေ​စေဖို့ ရည်​ရွယ်​တင်​ဆက်​​ပေးလိုက်​တာပါ။   ဒီဇာတ်​ကားမှာ စီးရီးထဲက အဓိကဇာတ်​​ဆောင်​ "အိုကဇာခီ တိုမိုယ"ရဲ့ရှု​ထောင့်​ကို အသား​ပေးထားပြီး "The Motion Picture"ဆိုတဲ့ ဇာတ်​ကားရဲ့နာမည်​အတိုင်းပဲ အတိတ်​ကို​ပြန်​​တွေးသလိုနဲ့ ဇာတ်​လမ်းကိုတင်​ဆက်​ထားခြင်းသာဖြစ်​ပါတယ်​။    
IMDB: /10 votes
movie

Clannad Movie

2007
1080p
Eden of the East Movie I: The King of Eden 7.1
Eden of the East Movie I: The King of Eden ဂျပန်တစ်နိုင်ငံလုံးကို ဒုံးကျည်ဒဏ်ကနေကာကွယ်ပေးပြီးနောက်မှာတော့ Takizawa ချက်ချင်းပြောက်သွားခဲ့တယ် ဒုံးကျည်ပေါက်ကွဲမှုတွေအပြီးပြန်မပေါ်လာတဲ့ Takizawa အကြောင်းကို Saki စဉ်းစားနေတုန်းမှာဘဲ Selecao ဖုန်းကနေ message တစ်ခုဝင်လာခဲ့တယ် "Saki ယုံကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ငါအမြတမ်းမင်းနဲ့အတူခရီးထွက်ခဲ့တယ့်နေရာမှာရှိနေတယ်" ဒီ message အရ Takizawa ဘယ်နေရာမှာရှိနိုင်လဲဆိုတာကိုတွေးမိတာ Saki တစ်ယောက်ဘဲရှိတယ် ဒုံးကျည်တိုက်ခိုက်မှုပြီးကတည်းကပြောက်ကွယ်သွားတဲ့ သူက Saki နဲ့ခရီးအတူထွက်ခဲ့တဲ့နေရာမှာ အမြဲတမ်းရှိနေမယ်ဆိုတဲ့ message တစ်စောင်သာချန်ထားခဲ့တယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ခရီးစတင်ခဲ့တဲ့ New York ကို Saki လာခဲ့ပြီ Saki တစ်ယောက် သူတို့နှစ်ယောက်ခရီးစထွက်ခဲ့တဲ့နေရာကိုရောက်တော့ Takizawa ကိုတွေ့ပြီ ဒါပေမဲ့ သူမ သိတဲ့ Takizawa အနေနဲ့မဟုတ်တော့ဘူး မှတ်ဉာဏ်အဖျက်ခံထားရတဲ့ linuma အနေနဲ့သူတို့ပြန်ဆုံခဲ့တယ် Selecao ကစားပွဲကြီးကလည်းမပြီးသေးဘူး Takizawa လည်းမှတ်ဉာဏ်အဖျက်ခံလိုက်ရပြီ ဘယ်သူက supporter မှန်းလဲမသိကျသေးတဲ့အချိန်မှာ သူတို့ဘယ်လိုရရှေ့ဆက်ကြမလဲ နောက်ထပ်ဒုံးကျဉ်ဖောက်ခွဲမှုတွေထပ်ပြီးကျရောက်လာအုန်းမှာလားဆိုတာကိုတော့
7.1
IMDB: 7.1/10 35 votes
movie

Eden of the East Movie I: The King of Eden

Blu-Ray 1080p
Made in Abyss: Wandering Twilight 8.9
Made in Abyss: Wandering Twilight Rikoနဲ့Regတို့နှစ်ယောက်''Great Fault''လို့ခေါ်တဲ့တတိယအလွှာ​ကအန္တရာယ်တွေကိုရင်ဆိုင်ကျော်ဖြတ်ပြီးချိန်မှာတော့ လေးခုမြောက်အလွှာကိုရောက်ရှိလို့လာပါတယ်။ ဒါပေမယ့်လည်းမမျှော်လင့်ထားတဲ့ဘေးအန္တရာယ်တခုကြောင့် Riko ဟာသေစေနိုင်တဲ့ဒဏ်ရာရရှိခဲ့တယ်။ Regလည်းဘာ မှလုပ်ပေးလို့မရတော့တဲ့အချိန်မှာတော့ Nanachi လို့ခေါ်တဲ့ယုန်နားရွက်နဲ့ Hollow မလေးတယောက်ဟာကူညီဖို့ရောက်ရှိလာခဲ့တယ်။ ဒါပေမယ့်လည်း Regဆီကနေ အပြန်အလှန်အနေနဲ့တခုပြန်တောင်းဆိုတယ်။ Riko ကိုကယ်တင်ဖို့နဲ့ သူပြန်တောင်းဆိုတဲ့အရာတို့ဟာ Rikoနဲ့Regတို့ဆက်သွားနိုင်ဖို့အတွက်အဓိကဖြစ်လာပါတော့တယ်။ ဒါ့အပြင်နောက်တထပ်မှာလည်းထူးခြားတဲ့ဝီစီဖြူတယောက်ကလည်းသူတို့ကိုစောင့်စားနေပြန်ပါတယ် ဒီ Movie ဟာ Made in Abyss Movie 1 ရဲ့အဆက်ဖြစ်တဲ့အတွက် Movie 1 ကြည့်ပြီးမှဆက်ကြည့်ကြဖို့ပြောပြချင်ပါတယ်
8.9
IMDB: 8.9/10 64 votes
movie

Made in Abyss: Wandering Twilight

2019
1080p
Our Seven-Day War 6
Our Seven-Day War " လူကြီးတွေကိစ္စဘာဆိုတာငါစိတ်မဝင်စားဘူး... ချီရိုနို... ငါတို့နင့်မွေးနေ့မရောက်ခင်အထိထွက်ပြေးကြရအောင်" ဆိုတဲ့လူငယ်တို့ရဲ့လွပ်လပ်တဲ့စိတ်နဲ့ကိုယ့်ခံယူချက်အပေါ်မားမားမတ်မတ်ရပ်တည်တတ်တဲ့စိတ်ကိုစပြီးဖွင့်လှစ်ပြသလိုက်နဲ့ Our Seven Days War ဆိုတဲ့ဇာတ်ကားလေးဟာဆိုရင်တော့ ငယ်ငယ်လေးကတည်းကချစ်ကြိုက်ခဲ့ပေမယ့် အိမ်ပြောင်းရတော့မယ့်အချိန်ထိတောင်မဖွင့်ပြောရဲတဲ့ကောင်လေး "မာမိုရူ" နဲ့ ကိုယ်ပိုင်ခံစားချက်အခက်အခဲတွေအသီးသီးရှိနေကြတဲ့အထက်တန်းကျောင်းသားအဖွဲ့လေးရဲ့ခုနှစ်ရက်တာကိုယ့်စိတ်ကြိုက်နေကြရင်းဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းရပြီးဘယ်လိုမျိုးနားလည်ဖေးမကြမယ်ဆိုတာကိုရိုက်ကူးပြထားတဲ့ Anime ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ပါဝင်တဲ့ သီချင်းတွေကလဲဇာတ်လမ်းလေးနဲ့လိုက်ဖက်မှုရှိပြီး အကြမ်းအရမ်းတွေမပါပေမယ့် (7)ရက်အတွင်းဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းကြသလဲဆိုတာရင်တမမနဲ့ကြည့်ရှု့ရမည့်အပြင် " လူတိုင်းဟာကိုယ့်ရဲ့တကယ့်ပုံစံအမှန်ကိုဖုံးကွယ်ရင်းကြီးပြင်းလာပြီးလူကြီးဖြစ်လာကြတယ် ဒီလိုဆိုရင်ငါလူကြီးမဖြစ်ချင်တော့ဘူး " ချီရိုနို " နင့်ကိုငါချစ်တယ်" ဆိုတဲ့စကားလုံးတွေနဲ့အတူ ရင်ထဲရှိတာကိုမြိုသိပ်မထားဘဲအချုပ်အချယ်ကင်းတဲ့လူငယ်ဘဝမှာလွပ်လွပ်လပ်လပ်နေပစ်လိုက်ဖို့ Message လေးရင်ထဲရောက်လာစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်ဆိုတာကိုညွှန်းရင်းဆက်လက်ကြည့်ရှုလိုက်ကြပါဦး.... #Anime_Petals
6
IMDB: 6/10 votes
movie

Our Seven-Day War

The Anthem of the Heart 7.6
The Anthem of the Heart ဇာတ်လမ်းကတော့ Naruse Jun ဆိုတဲ့ကောင်မလေးဟာ အလွန်စကားကြွယ်ပြီး စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးပါ အဲ့ကောင်မလေးက တောင်ပေါ်က ရဲတိုက်ပုံ ‌hotel ကို အရမ်းစွဲလမ်းနေပြီး တစ်နေ့မူလတန်းကျောင်းကပြန်အလာမှာ အိမ်တန်းမပြန်ဘဲ အဲ့ကိုသွားကြည့်နေပါတယ် အဲ့အချိန် သူ့အဖေနဲ့ အခြားကောင်မလေးတစ်‌ယောက်အတူ ကနဲ့ထွက်လာတာကို တွေ့သွားတဲ့ကောင်မလေးဟာ စိတ်ကူးတွေယဉ်ပြီး သူ့အမေကို အဖေက မင်းသားလေးဖြစ်ပြီး ရဲတိုက်ထဲကထွက်လာတယ်လို့ပြောလိုက်တယ် ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အမေကွဲသွားပါတယ် သူ့အဖေဟာ အိမ်ကထွက်သွားခါနီး Jun ကို မင်းအတော်စကားများတာပဲ ဒါတွေအားလုံးမင်းကြောင့်ပဲလို့ပြောသွားတာပါတယ် Naruse Jun ဟာ ငိုနေတုန်း ကြက်ဥတစ်လုံးနဲ့တွေ့ပြီး စကားပြောတိုင်းဗိုက်နာလာပါတော့တယ် သူ အလယ်တန်း ‌ရောက်လာကတည်းက စကားမပြောတော့ သူ့ကို အနေတယ်လို့ပဲအကုန်ထင်ကြပါတယ် အလယ်တန်း ဒုတိယနှစ်ကျတော့ ဆရာက ကျောင်းသားကောင်စီထဲကို Naruse Jun အား Sakagami Takumi အပါအဝင် Nitou Natsuki, Tazaki Daiku တို့နဲ့အတူ ကျောင်းသားကောင်စီထဲ အတင်းထည့်လိုက်ပါတယ် ဒီလိုနဲ့ Naruse Jun ...
7.6
IMDB: 7.6/10 56 votes
movie

The Anthem of the Heart