MMANIME

Mystery

Made in Abyss: Dawn of the Deep Soul 8.2
Made in Abyss: Dawn of the Deep Soul ဒီ Moive 3 ကတော့ ရှေ့ထွက်ပြီးတဲ့ Movie 1,2 ရဲ့အဆက်အနေနဲ့ထွက်လာတာပါ Riko နဲ့ Reg တို့နှစ်ယောက်ထဲ Abyss ထဲကိုစွန့်စားခန်းထွက်လာရင်း Nanachi ဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ပြီးပါပြီ သူတို့သုံးယောက်အတူတူ Abyss ရဲ့အောင်ခြေကိုမရရအောင်ခရီးထွက်လာရင်းနဲ့ တွင်းနက်ကြီးရဲ့ ငါးလွှာမြောက်မှာ "အရုဏ်ဉီးတို့ရဲ့ အရှင်" လို့တင်စားရသူ Bondrewd နဲ့တွေ့ပါပြီ Bondrewd မှာ မွေးစားသမီးဖြစ်သူ Prushka ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါသေးတယ် Riko တို့သူငယ်ချင်းသုံးယောက် Bondrewd ကြီးအုပ်စိုးတဲ့ ငါးလွှာမြောက်ကို အခက်အခဲတွေကျော်လွှားပြီး သူတို့သွားမဲ့ခရီးကိုဆက်သွားနိုင်ပါ့မလား Bondrewd ကြီးကိုဘယ်လိုရင်ဆိုင်ကြမလဲ Nanachi ကလည်း သူ့ကိုစမ်းသပ်ခဲ့ဖူးတဲ့ ဒီလူကြီးအကြောင်းကိုသိနေပြီ အဲ့တာတွေအပြင် Reg နဲ့ Bondrewd တို့ရဲ့ Epic ဆန်တဲ့ တိုက်ပွဲကိုလည်းကြည့်ရှုရမှာဖြစ်ပါတယ်   Translated by Duck & Bahamut Encoded by Kichiro   #KichiroANIME
8.2
IMDB: 8.2/10 9 votes
movie

Made in Abyss: Dawn of the Deep Soul

2020
Blu-Ray 1080p
Eden of the East Movie I: The King of Eden 7.1
Eden of the East Movie I: The King of Eden ဂျပန်တစ်နိုင်ငံလုံးကို ဒုံးကျည်ဒဏ်ကနေကာကွယ်ပေးပြီးနောက်မှာတော့ Takizawa ချက်ချင်းပြောက်သွားခဲ့တယ် ဒုံးကျည်ပေါက်ကွဲမှုတွေအပြီးပြန်မပေါ်လာတဲ့ Takizawa အကြောင်းကို Saki စဉ်းစားနေတုန်းမှာဘဲ Selecao ဖုန်းကနေ message တစ်ခုဝင်လာခဲ့တယ် "Saki ယုံကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ငါအမြတမ်းမင်းနဲ့အတူခရီးထွက်ခဲ့တယ့်နေရာမှာရှိနေတယ်" ဒီ message အရ Takizawa ဘယ်နေရာမှာရှိနိုင်လဲဆိုတာကိုတွေးမိတာ Saki တစ်ယောက်ဘဲရှိတယ် ဒုံးကျည်တိုက်ခိုက်မှုပြီးကတည်းကပြောက်ကွယ်သွားတဲ့ သူက Saki နဲ့ခရီးအတူထွက်ခဲ့တဲ့နေရာမှာ အမြဲတမ်းရှိနေမယ်ဆိုတဲ့ message တစ်စောင်သာချန်ထားခဲ့တယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ခရီးစတင်ခဲ့တဲ့ New York ကို Saki လာခဲ့ပြီ Saki တစ်ယောက် သူတို့နှစ်ယောက်ခရီးစထွက်ခဲ့တဲ့နေရာကိုရောက်တော့ Takizawa ကိုတွေ့ပြီ ဒါပေမဲ့ သူမ သိတဲ့ Takizawa အနေနဲ့မဟုတ်တော့ဘူး မှတ်ဉာဏ်အဖျက်ခံထားရတဲ့ linuma အနေနဲ့သူတို့ပြန်ဆုံခဲ့တယ် Selecao ကစားပွဲကြီးကလည်းမပြီးသေးဘူး Takizawa လည်းမှတ်ဉာဏ်အဖျက်ခံလိုက်ရပြီ ဘယ်သူက supporter မှန်းလဲမသိကျသေးတဲ့အချိန်မှာ သူတို့ဘယ်လိုရရှေ့ဆက်ကြမလဲ နောက်ထပ်ဒုံးကျဉ်ဖောက်ခွဲမှုတွေထပ်ပြီးကျရောက်လာအုန်းမှာလားဆိုတာကိုတော့
7.1
IMDB: 7.1/10 35 votes
movie

Eden of the East Movie I: The King of Eden

Blu-Ray 1080p
Made in Abyss: Wandering Twilight 8.9
Made in Abyss: Wandering Twilight Rikoနဲ့Regတို့နှစ်ယောက်''Great Fault''လို့ခေါ်တဲ့တတိယအလွှာ​ကအန္တရာယ်တွေကိုရင်ဆိုင်ကျော်ဖြတ်ပြီးချိန်မှာတော့ လေးခုမြောက်အလွှာကိုရောက်ရှိလို့လာပါတယ်။ ဒါပေမယ့်လည်းမမျှော်လင့်ထားတဲ့ဘေးအန္တရာယ်တခုကြောင့် Riko ဟာသေစေနိုင်တဲ့ဒဏ်ရာရရှိခဲ့တယ်။ Regလည်းဘာ မှလုပ်ပေးလို့မရတော့တဲ့အချိန်မှာတော့ Nanachi လို့ခေါ်တဲ့ယုန်နားရွက်နဲ့ Hollow မလေးတယောက်ဟာကူညီဖို့ရောက်ရှိလာခဲ့တယ်။ ဒါပေမယ့်လည်း Regဆီကနေ အပြန်အလှန်အနေနဲ့တခုပြန်တောင်းဆိုတယ်။ Riko ကိုကယ်တင်ဖို့နဲ့ သူပြန်တောင်းဆိုတဲ့အရာတို့ဟာ Rikoနဲ့Regတို့ဆက်သွားနိုင်ဖို့အတွက်အဓိကဖြစ်လာပါတော့တယ်။ ဒါ့အပြင်နောက်တထပ်မှာလည်းထူးခြားတဲ့ဝီစီဖြူတယောက်ကလည်းသူတို့ကိုစောင့်စားနေပြန်ပါတယ် ဒီ Movie ဟာ Made in Abyss Movie 1 ရဲ့အဆက်ဖြစ်တဲ့အတွက် Movie 1 ကြည့်ပြီးမှဆက်ကြည့်ကြဖို့ပြောပြချင်ပါတယ်
8.9
IMDB: 8.9/10 64 votes
movie

Made in Abyss: Wandering Twilight

2019
1080p
The Anthem of the Heart 7.6
The Anthem of the Heart ဇာတ်လမ်းကတော့ Naruse Jun ဆိုတဲ့ကောင်မလေးဟာ အလွန်စကားကြွယ်ပြီး စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးပါ အဲ့ကောင်မလေးက တောင်ပေါ်က ရဲတိုက်ပုံ ‌hotel ကို အရမ်းစွဲလမ်းနေပြီး တစ်နေ့မူလတန်းကျောင်းကပြန်အလာမှာ အိမ်တန်းမပြန်ဘဲ အဲ့ကိုသွားကြည့်နေပါတယ် အဲ့အချိန် သူ့အဖေနဲ့ အခြားကောင်မလေးတစ်‌ယောက်အတူ ကနဲ့ထွက်လာတာကို တွေ့သွားတဲ့ကောင်မလေးဟာ စိတ်ကူးတွေယဉ်ပြီး သူ့အမေကို အဖေက မင်းသားလေးဖြစ်ပြီး ရဲတိုက်ထဲကထွက်လာတယ်လို့ပြောလိုက်တယ် ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အမေကွဲသွားပါတယ် သူ့အဖေဟာ အိမ်ကထွက်သွားခါနီး Jun ကို မင်းအတော်စကားများတာပဲ ဒါတွေအားလုံးမင်းကြောင့်ပဲလို့ပြောသွားတာပါတယ် Naruse Jun ဟာ ငိုနေတုန်း ကြက်ဥတစ်လုံးနဲ့တွေ့ပြီး စကားပြောတိုင်းဗိုက်နာလာပါတော့တယ် သူ အလယ်တန်း ‌ရောက်လာကတည်းက စကားမပြောတော့ သူ့ကို အနေတယ်လို့ပဲအကုန်ထင်ကြပါတယ် အလယ်တန်း ဒုတိယနှစ်ကျတော့ ဆရာက ကျောင်းသားကောင်စီထဲကို Naruse Jun အား Sakagami Takumi အပါအဝင် Nitou Natsuki, Tazaki Daiku တို့နဲ့အတူ ကျောင်းသားကောင်စီထဲ အတင်းထည့်လိုက်ပါတယ် ဒီလိုနဲ့ Naruse Jun ...
7.6
IMDB: 7.6/10 56 votes
movie

The Anthem of the Heart

Weathering with You (2019) 7.8
Weathering with You (2019) "တောက်ပတဲ့နေမင်းကြီးကိုမတွေ့ရတော့ရောဘာဖြစ်လဲ? ပြာလဲ့လဲ့မိုးကောင်ကင်ထက် နင့်ကိုပဲငါလိုချင်တယ် ရာသီဥတုကြမ်းချင်ကြမ်းပါစေအရေးမကြီးဘူး" လှပတဲ့စကားလုံးတွေနဲ့တင်ဆက်ထားတဲ့ ဒီanimeဟာ Your Nameကိုထုတ်လုပ်ပေးခဲ့တဲ့ CoMix Wave Filmsရဲ့လက်ရာတစ်ပုဒ်ပါ ဂျပန်မှာ ယန်း၁၄.၀၆သန်းအထိဝင်ငွေရခဲ့ပြီး တစ်ကမ္ဘာလုံးမှာပြသခဲ့တာကနေ ၁၉၂.၇သန်းဒေါ်လာရခဲ့တဲ့အထိလူကြိုက်များထားတဲ့animeရုပ်ရှင်လေးပါ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသားလေးHodaka Morishimaဟာ သူ့ရဲ့ကျွန်းကနေထွက်လာပြီးတိုကျိုမြို့ပေါ်ကိုတက်လာခဲ့ပါတယ် အကြောင်းအရင်းကတော့ဝင်ငွေရှာဖို့နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ပါ သူ့ရဲ့အနာဂတ်တွေကိုပုံဖော်ဖို့သွားတဲ့အဲ့ဒီမြို့ကြီးက ပုံမှန်မဟုတ်ပဲ နေ့တိုင်းလိုလို မိုးအုံ့ မိုးရွာနေတတ်ပါတယ် သူဟာအဲ့မှာနေရင်းနဲ့ဘယ်ကမှလည်းအဆက်အသွယ်မရပဲ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်ခဲ့ပြီးတော့နောက်ဆုံးမှာ ထူးဆန်းထွေလာမဂ္ဂဇင်းရေးတဲ့အလုပ်ကိုသူရသွားခဲ့တယ် တစ်နေ့မှာ Hoda ကရှုပ်ယှက်ခပ်နေတဲ့လမ်းထောင့်တစ်နေရာက လူတွေကြားထဲကမှ Hina ဆိုတဲ့မိန်းကလေးကိုသူသတိပြုမိသွားပါတယ် ဒီမိန်းကလေးက တောက်ပပြီး စိတ်ဓာတ်ပြင်းပြတဲ့သူဖြစ်သည့်အလျောက် သူ့မှာထူးခြားစွမ်းအင်လည်းရှိနေပါသေးတယ် သူ့ရဲ့အစွမ်းကတော့ ဒီလိုမိုးသည်းပြီးအုံ့မှိုင်းမှိုင်းဖြစ်နေတဲ့တိုကျိုမြို့ကြီးကို မိုးတွေကိုတိတ် တိမ်စင်တွေကိုဖယ်ရှားပြီး အလင်းဓာတ်ကိုဆောင်ပေးနိုင်သူပေါ့........ ဆက်လက်ကြည့်ရှုလိုက်ပါဦး IMDb 7.6/10 Rotten tomatoes 91%
7.8
IMDB: 7.8/10 45 votes
movie


Bungo Stray Dogs: Dead Apple 7.9
Bungo Stray Dogs: Dead Apple Review: : Bungo Stary Dogsဆိုကတည်းက အထူးတလည် သိပ်ရှင်းပြနေစရာမလိုတော့ဘူးလို့ ထင်တယ်ဗျ,ဒီ Movieက Season 2နဲ့ Season 3ကြားကArcသဘောမျိုးပါ, 2018မှာ ထွက်ခဲ့တာဖြစ်ပြီးSeason 3 မှာ Main Villain အဖြစ်ပါခဲ့တဲ့ Fyodorစပါတဲ့ Movieပါ, -Plotကတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ စွမ်းအင်အသုံးပြုသူတွေ ကိုယ့်အစွမ်းနဲ့ကိုယ် ပြန်အသတ်ခံရမှုတွေပေါ်ပေါက်လာခဲ့အခါ Dazaiတို့ရဲ့ လက်နက်ကိုင်စုံထောက်အေဂျင်စီအတွက် စုံစမ်းစရာကိစ္စတစ်ရပ်ဖြစ်လာတယ်,ဒါပေမဲ့ သိပ်မကြာခင်မှာပဲ လက်နက်ကိုင်စုံထောက်အေဂျင်စီရောPort Mafiaခေါ် ဆိပ်ကမ်းမာဖီးယားက စွမ်းအင်အသုံးပြူသူတွေပါ ကိူယ့်အစွမ်းနဲ့ကိုယ် ပြန်အသတ်ခံရမလို ဖြစ်လာတယ်,ဘာကြောင့် ဒီလိုတွေဖြစ်လာတာလဲနောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်နေတာလဲဆိုတာMovieမှာကြည့်ရှုပေးပါ ဒီMovieမှာ အားရဖို့အကောင်းဆူံးကတော့ Fight Sceneတွေ တော်တော်မိုက်ပါတယ် ပြောရရင် Season 2ထက် ပိုပြီး အားရမိတယ်ဗျ,Chuuyaရဲ့ Ability အသုံးပြုပုံတွေAkutagawa နဲ့ Atsushiတိူ့ရဲ့ Combatတွေကလည်း တော်တော်မိုက်ပါတယ်,နောက်ထပ်ပြောချင်တာကတော့ကျွန်တော်တို့ရဲ့ Suicide ဘုရင်ကြီး Dazaiကို အသွင်သစ်နဲ့တွေ့ရပါလိမ့်မယ်#Review_by_Okino
7.9
IMDB: 7.9/10 22 votes
movie

Bungo Stray Dogs: Dead Apple

Fate/Stay Night: Heaven’s Feel I. Presage Flower 7.4
Fate/Stay Night: Heaven’s Feel I. Presage Flower Fate animeဟာ Master ခုနစ်ပါးဟာ Servant Class ခုနစ်မျိုးထဲက တစ်ပါးစီကိုဆင့်ခေါ်ပြီး သူတို့ရဲ့ရည်မှန်းချက်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် သွေးခံခွက်တော်(Holy Grail)ကိုရရှိရေးအတွက် ယှဉ်ပြိုင်သတ်ဖြတ်နေရတဲ့ သွေးခံခွက်တော်စစ်ပွဲတွေထဲအကြောင်းပါ။Staynightကတော့ ငါးကြိမ်မြောက် သွေးခံခွက်တော်စစ်ပွဲအကြောင်းဖြစ်ပါတယ်။ ဒီanimeဟာ visual novel originဖြစ်တဲ့အတွက် Endingနဲ့Routeတွေများစွာရှိပြီး True Routeကြီး သုံးခုရှိပါတယ်။ Route တစ်ခုစီက story တစ်ခုစီအဖြစ် ထွက်ပေါ်လာတာပါ။Shirouရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီးFemale Protagonist သုံးယောက်ဖြစ်တဲ့ Saber, Tohsaka Rin,Matou Sakuraတို့ထဲက တစ်ယောက်ယောက်ကို focusလုပ်မယ့် storyလိုင်းဖြစ်သွားမှာပါ။အခု Movieကတော့ တတိယမြောက် Heaven's Feel Routeပါ။ Natsuverseကို အခုမှခြေစုံပစ်ဝင်ချင်တဲ့ Fan တွေအတွက်ကတော့နည်းနည်းလေးရှင်းပြပါမယ်။Servantတွေကတော့ အတိတ်ကာလ ဒါမှမဟုတ် ဒဏ္ဍာရီလာ သူရဲကောင်းတွေကို ဓာတ်တော်သုံးပြီး ဆင့်ခေါ်ထားတဲ့ သူရဲကောင်းဝိညာဉ်တွေဖြစ်ပါတယ်။ Class တွေကတော့ -Saber (ဓားကိုင်သူရဲကောင်း)Archer (လေးသည်တော်)Lancer (လှံကိုင်သူရဲကောင်း)Rider ...
7.4
IMDB: 7.4/10 45451 votes
movie

Fate/Stay Night: Heaven’s Feel I. Presage Flower

Spirited Away
Spirited Away အင်္ဂလိပ်လိုSpirited away၊ ဂျပန်လို千と千尋の神隠し(Sen and Chihiro's Spiriting Away)ဆိုတဲ့ ဒီဇာတ်ကားဟာ ၂၀၀၁ခုနှစ်ထုတ် ဂျပန်ကားတွန်းရုပ်ရှင်ဖြစ်ပြီး ကမ္ဘာကျော် Studio Ghibliရဲ့နာမည်အကြီးဆုံးကားတွန်းရုပ်ရှင်တွေထဲကတခုဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းဒီကားဟာ Walt Disneyကနေပြန်ထုတ်တာတို့၊ ‌Oscarရတဲ့Japan Animationကားတို့တော့သိပ်အကျယ်ချဲ့ပြောမနေတော့ဘူးဗျ ဇာတ်လမ်းလေးပဲဆွေးနွေးကြည့်ရအောင် ဇာတ်ကားနာမည်ဖြစ်တဲ့ spirited awayခေါ်နတ်ဖွက်ခြင်းဆိုတဲ့အတိုင်း ချိဟီရိုဆိုတဲ့ကလေးမလေးပရလောကမှာပိတ်မိနေပုံကိုပြသွားတာဗျ။ ဒီနေရာမှာပြောစရာရှိတာက မြန်မာတွေရဲ့နတ်ဖွက်တဲ့အယူအဆနဲ့လည်းနည်းနည်းကိုက်ညီမှုရှိနေတာကိုတွေ့ရတာပါ။ မြန်မာအယူဆိုရင် ညအမှောင်ပျိုးတဲ့အချိန်ကစားမက်ပြီးတူတူပုန်းတမ်းဆော့တဲ့ကလေးတွေကိုနတ်စိမ်းတွေဟာပရလောကမှာဝှက်ထားတဲ့အတွက်မိဘဆွေမျိုးတွေဆီပြန်လာလို့မရနိုင်တော့ဘူးဆိုတဲ့အယူမျိုးပါ။ ဒီကားမှာလည်း မင်းသမီးတို့တွေပရလောကထဲကိုမထင်မှတ်ပဲရောက်သွားတယ်။ ညလည်းမှောင်ရော ပရလောကသာသတွေရောက်လာတဲ့အပြင် ထွက်ပေါက်ရှိတဲ့နေရာကိုရေပြင်ကြီးကတားဆီးထားလို့လူ့ပြည်ပြန်လာလို့မရတော့ဘူးဆိုပြီးပြသွားတယ်။ မြန်မာအယူမှာလည်း နတ်ဖွက်ခံရတဲ့ကလေးတွေကိုပရလောကသားတွေဟာနှိပ်စက်ညှင်းပန်းခိုင်းစေတာမျိုးရှိသလိုပဲ ဒီကားမှာလည်း အလုပ်မလုပ်ရင်တခုခုဖြစ်မယ်ဆိုပြီးဇာတ်လမ်းလေးဆင်ထားတာကိုလည်းတွေ့မိပြန်ပါတယ်။ တခုဆန်းတာကတော့ မြန်မာအယူမှာနတ်ဖွက်ခံရတဲ့ကလေးဟာ ပြန်ရောက်လာရင်ပရလောကမှာနေခဲ့တဲ့အကြောင်းကိုတစိုးတစိမှာမမှတ်မိဘူးဆိုပေမယ့် ဒီကားမှာတော့ မင်းသမီးအဖေနဲ့အမေပဲ မမှတ်မိတာ မင်းသမိးကတော့အကုန်မှတ်မိနေခဲ့ပါတယ်။အဲ့လိုကြားဖူးနားဝယုံတမ်းစကားတွေပါနေတဲ့ဒီကားကိုငယ်ငယ်ကကြည့်တုန်းကဆိုရင်အသေကြောက်တာဗျ။ နောက်ပြီးတော့ဒီကားကိုကြည့်ပြီး နတ်ဖွက်ခံရတာကိုဘာလို့ရေချိုးအိမ်မှာအလုပ်လုပ်ရလဲဆိုပြီးတွေးမိကြမယ်ထင်ပါတယ်။ အဲ့ဒါက ဂျပန်ရိုးရာကိုထည့်ပြထားတာဗျ။ မြန်မာမှာဆိုရင်နတ်တွေကိုပင့်ဖိတ်ပြီးအစားအသောက်ပူဇော်သလို ဂျပန်ရဲ့တချို့နေရာတွေမှာလည်း နတ်တွေကိုရေမိုးချိုးတာလုပ်ဖို့ပင့်ဖိတ်တာမျိုးရှိတယ်‌ဗျ။အဲ့ဒါကြောင့်ရေချိုးအိမ်ကိုအသားပေးထည့်ရိုက်ထားတာပါတဲ့။ ပြီးတော့ မြစ်စောင့်နတ်ညစ်ပတ်နေတဲ့အခန်းတို့၊ ဟခုဆိုတဲ့မြစ်ဟာ အဆောက်အဦးတွေဆောက်လို့ပျောက်ပျယ်သွားတာတွေကိုထည့်သွင်းထားတာက တွေပျက်ဆီးကုန်တာကိုပြချင်လို့ဆိုပြီးတော့လည်း ပရိသတ်တချို့သုံးသပ်‌တာတွေရှိပါတယ်။ ဒီကားအကြောင်းလည်းပြောချင်တာတွေလျှောက်ပြောပြီးပြီဆိုတော့ratingလေးတွေတချက်ကြည့်လိုက်ရအောင် IMDb 8.6/10 Rotten Tomatoes 97% Metacritic 96/100ရထားပါတယ်
IMDB: /10 votes
movie

Spirited Away

The Empire of Corpses
The Empire of Corpses The empire of corpses ........................................... IMDb 6/10 My anime list 7/10 ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ အနောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုပါ သုံးထားတာဗျ တခုတော့ရှိတယ် သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး တခြားuniverseမှာတည်တာဗျ ဇာတ်လမ်းအကျဉ်းမပြောခင် ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ် ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ် (ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့ နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ် မြန်မာကလူတော်တော်များလည်း BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်) ဒီကားရဲ့ဇာတ်လမ်းကို ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့ ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ ဆိုတော့ကာ ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ် ၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ် သူဟာ အလောင်းတွေဆီကနေ ‌အကောင်းဆုံးအလှဆုံး ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ် နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ် ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့် တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ် ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ် အဲ့ဒီမကောင်းဆိုးဝါးဟာ ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး လိုက်သတ်တယ် နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ တချို့ရုပ်ရှင်ကားတွေမှာတော့ သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင် လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့ ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့ ၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ ကမ္ဘာမှာထွန်းကားလာနေပါတယ် အဲ့ဒီနည်းပညာဟာ ၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့ နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ ဒါပေမယ့် ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့ The Oneလို့ခေါ်တဲ့ အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့ အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့ ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ် Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သုသေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ် ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ် အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့ ခရီးစဉ်ကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ် ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ ဒီဇာတ်လမ်းက စစ်ပြန်ကြီးဒေါက်တာဝပ်ဆန်ရဲ့ ရှားလော့ဒ်ဟုမ်းနဲ့မတွေ့ခင်ကဇာတ်လမ်းဗျ ပြီးတော့တခုရှိတာက ဒီဇာတ်လမ်းကိုကြိုက်တဲ့လူရော မကြိုက်တဲ့လူရောရှိပါတယ် အဓိကက ဇာတ်သိမ်းကိုနားမလည်ကြတာဗျ ကျနော်တောင်အစကနားမလည်ဘူး စာဖိုင်အမှန်မထွက်တော့ E dubကိုတခေါက်နားထောင်ပြီးပြန်ရတာအပြင် ဒီဇာတ်ကားနဲ့ပတ်သတ်တဲ့discussion groupတွေမှာပါဝင်ဖတ်ရတယ်ဗျ ဒါကြောင့်တနင်္ဂနွေနေ့လည်အမီမတင်ပေးနိုင်ပဲ တနင်္လာနေ့ရောက်သွားတာပါ Bluray ကနေပြန်တာဖြစ်လို့ Hardsubလုပ်တာတညလုံးမအိပ်ပဲလုပ်တာလည်းမပြီးဘူးဗျ ဒါကြောင့်softsubအရင်တင်ပေးလိုက်ပါတယ် Hardsubနဲ့video linkကိုတော့ညမှတင်ပေးပါတော့မယ် အတတ်နိုင်ဆုံးတော့ ၉၀ရာခိုင်နှုန်းဇာတ်ရည်လည်အောင်ဘာသာပြန်ပေးထားပါတယ် နောက်တခုရှိတာက ဒီကားရဲ့animationကို wit studioက ကိုင်ပေးထားတာဗျ Wit studioဆိုတာက Attack on Titan season 3အထိဆွဲပေးခဲ့တဲ့studio ဒါကြောင့် ဒီကားကြည့်တဲ့လူတိုင်း Animataionပုံစံတွေအရမ်းလှတယ်လို့ကိုပြောကြတယ်   THE EMPIRE OF CORPSES BLURAY 1080p 
IMDB: /10 votes
movie

The Empire of Corpses

Akira 8.1
Akira Old but goldဆိုတဲ့စကားဆိုတာကြားဖူးကြမှာပါ Movieတွေထဲမှာဆိုရင် Godfather, shawshank redemption,forest gumpစတာတွေက တကယ်ကိုold but goldပါ အဲ့ဒီလိုပဲ animeထဲမှာကောမရှိဘူးလားမေးရင် သိပ်ရှိတာပေါ့လို့ဖြေရပါမယ် တကယ်ကိုoldပြီးgoldဖြစ်လွန်းလို့ Hollywood ကတောင် အဲ့animeတွေရဲအငွေ့အသက်ကိုယူပြီးရိုက်ခဲ့တာတွေရှိပါတယ် ဥပမာပေးရရင်တော့ Ghost in the shellရဲ့ဇာတ်လမ်းကျောရိုးလောက်ယူပြီးmatrixဆိုတဲ့ကားထွက်ခဲ့သလို Vampire hunter Dရဲ့အငွေ့အသက်ပါတဲ့Van Helsing Paprikaဆိူတဲ့animeရဲ့အငွေ့အသက်တွေပါတဲ့ Inception Perfect blue animeရဲ့လွှမ်းမိုးမှူတွေပါတဲ့ Black swanတို့လိုနာမည်ကျော်ဟောလီးဝုဒ်ကားအကျော်အမော်တွေအများအပြားပေါ်ထွက်ခဲ့ပါတယ် အဲ့လိုပေါ်ထွက်ခဲ့ရာမှ Sci fi,supernaturalဇာတ်ညွှန်းတည်ဆောက်ပုံကိုတစ်ဆစ်ချိုးရုံမက New eraတစ်ခုပါထွက်ပေါ်လာသည်အထိစွမ်းဆောင်နိုင်ခဲ့တဲ့animeကတော့ Akiraပါပဲ Akiraရဲ့ဇာတ်လမ်းတည်ဆောက်ပုံကိုနမူနာယူပြီး Looper,midnight special,chronicleတို့လိုကားမျိုးတွေအများအပြားထွက်ခဲ့ပါတယ် ဒါတင်မကဘူး မိုက်ကယ်ဂျက်ဆင်ရဲ့ screamသီချငိးအဆုံးမှာပါခဲ့သလို Kayne Westကလည်း သူ့အကြိုက်ဆုံးanimeတွေထဲမှာထိပ်ဆုံးမှာပါတယ်ပြောခဲ့ဖူးပါတယ် Ratingအနေနဲ့ပြောရရင်လည်း Animeတွေကိုတော်ရုံတန်ရုံ8ကျော်တဲ့အထိရတယ်ဆိုတာရှားတဲ့ IMDb မှာ 8.1/10 Rotten Tomatoesမှာ 87% My anime listမှာ 8.2/10ထိရထားပါတယ် ဒီကားကို admin Ken Kenကပြန်ပေးထားပြီး အညွှန်းကို Dr.Nyan ကရေးပေးထားပါတယ်
8.1
IMDB: 8.1/10 57154 votes
movie

Akira