MMANIME

Ryosuke Kiyokawa

Howl’s Moving Castle
Howl’s Moving Castle Howl's Moving Castle ဒီကားရဲ့ဇာတ်လမ်းကတော့ အရမ်းလည်းပြောပြစရာမလိုဘူးထင်ပါတယ်ဗျ အဲ့တာကြောင့်အကျဉ်းချုပ်လောက်ပဲပြောလိုက်ပါ့မယ်ခင်ဗျ Review ဇာတ်လမ်းလေးကတော့ အရှက်အကြောက် အရမ်းကြီးတဲ့ Sophieဆိုတဲ့မိန်းကလေးကနေစတင်လိုက်ပါတယ်။ သူတိုခေတ်ကာလဟာမှော်ပညာတွေ စုန်းအတတ်တွေပြည့်နှက်နေတဲ့ အချိန်ကာလတစ်ခုပေါ့။ Sophieဟာဦးထုပ်ဆိုင်လေးဖွင့်ထားတဲ့မိန်းကလေးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့ဆိုင်လေးထဲကို ဆိုင်ပိတ်ချိန်ရောက်မှအမျိုးသမီးတစ်ဦးဟာအတင်းဝင်လာခဲ့ပါတယ်။အဲ့အမျိုးသမီးကိုသွားခိုင်းပေမယ့်လည်းမသွားခဲ့တဲ့အပြင် Sophieကိုလည်းကျိန်စာတိုက်ခဲ့ပါတယ်။ကျိန်စာတိုက်ပြီးနောက်မှာတော့ အဲ့အမျိုးသမီးကအဲ့ဆိုင်ကထွက်သွားပါတော့တယ်။Sophieကိုတိုက်ခဲ့တဲ့ကျိန်စာကတော့ လက်ရှိအသက်အရွယ်ကနေအသက်ရှစ်ဆယ်ကျော်အဘွားကြီးအရွယ်အဖြစ်ရောက်အောင်လုပ်လိုက်တာပါ။အဘွားကြီးပီပီ ဒူးတွေခါးတွေကလည်းထင်သလောက်မကောင်းတော့တာကြောင့် သူဒီကျိန်စာကိုပျောက်အောင်လုပ်ဖိုနည်းလမ်းရှာရပါတော့တယ်။Sophieဟာအဲ့နယ်မှာနာမည်အရမ်းကြီးတဲ့မှော်ဆရာဖြစ်တဲ့Howlဆိုတဲ့လူရှိတဲ့နေရာကိုသွားဖိုကြိုးစားပါတော့တယ်။Sophieဟာ Howlကိုရှာတွေ့ပါ့မလား..... Howlကကောဘယ်လောက်အထိအစွမ်းထက်တာလဲ.... ဟိုအမျိုးသမီးကကော ဘာကြောင့်Sophieကိုကျိန်စာတိုက်ခဲ့လဲဆိုတာတွေကတော့..... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ....
IMDB: /10 votes
movie

Howl’s Moving Castle