ဒီကားလေးကတော့ Made in Abyss Series ကို Movie အနေနဲ့ပြန်ရိုက်ထားတာပါSeries ကြည့်ပြီးတဲ့သူတွေအနေနဲ့ မထူးစမ်းလောက်ပေမဲ့ မကြည့်ရသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်
Abyss ဆိုတာက ကမ္ဘာ့အတွင်းဆုံးအနက်ဆုံးအထိကို ပေါက်နေတဲ့တွင်းနက်ကြီးလို့ဆိုရပါမယ်အဲ့တွင်းကြီးရဲ့အောက်ဆုံးမှာဘာတွေရှိနေလဲဆိုတာ ဘယ်သူမှမသိကြပါဘူး ဒါပေမဲ့တွင်းနားတစ်ဝိုက်မှာတော့ သတ္တဝါမျိုးစုံကိုတွေ့ရပြီး ထူးစမ်းတဲ့ရှေးဟောင်းပစ္စည်းတွေကိုလည်းတွေ့ရှိရပါတယ်
ဒါတွေကဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာရှာဖွေကြဖို့ တူးဖော်သူတွေဟာ အကြောက်အလန့်မရှိ အမှောင်ဖုံးနေတဲ့တွင်းနက်ကြီးထဲကိုဝင်သွားခဲ့ပါတယ်
အဲ့လိုတူးဖော်သူတွေထဲမှာတွင်းနက်ကြီးထဲကနေပြန်တက်လာနိုင်ခဲ့တဲ့သူတွေရှိသလို သတင်းအစအနတောင်မရနိုင်တော့တဲ့သူတွေလည်းရှိခဲ့ပါတယ်
အဲ့လိုလူတွေထဲကမှ ပျောက်ဆုံးသွားပြီလို့ယူဆရတဲ့ အဖြူရောင်ဝီစီပိုင်ရှင် Annihilator ရဲ့ သမီး Riko ဆိုတဲ့ကောင်မလေးက သူ့အမေမသေသေးဘူးဆိုတဲ့ခံယူချက်နဲ့ သူ့အမေကိုပြန်ရှာဖို့ Abyss ဆိုတဲ့တွင်းနက်ကြီး ခရီးကိုစတင်ခဲ့ပါတယ်သူနဲ့အတူ Reg ဆိုပြီး သူနာမည်ပေးထားတဲ့စက်ရုပ်ကောင်လေးလည်းပါလာခဲ့ပါတယ်
Riko တစ်ယောက်သူ့အမေကိုရှာတွေ့နိုင်ဖို့ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်