ဒီကားလေးကဆိုရင်တော့ ပြင်သစ် နဲ့ ဂျပန် ပူးပေါင်းထုတ်လုပ်ရိုက်ကူးထားတဲ့ Anime လေးဘဲဖြစ်ပါတယ်
Dub အနေနဲ့ ကတော့ France နဲ့ Eng ပဲထွက်ပါတယ်
ဒီကားလေးကဘာနဲ့တူလည်းဆိုရင် GTA game ကို Anime ပြန်ရိုက်ထားသလိုမျိုးလို့ပြောလို့ရပါတယ်
သေနတ်တွေနဲ့ အပြီဆော်မယ့်လူမိုက်တွေရှိတဲ့ ရပ်ကွက်တွေ နဲ့ လူမိုက်တွေပြည့်နေတဲ့ Dark Meat မြို့ကြီးမှာ Angelino ဆိုတဲ့ကောင်လေးတစ်ယောက်က ပီဇာရောင်းရင်းနေ့စဉ်ဘဝကိုဖြတ်သန်းနေရတယ်
Vinz ဆိုတဲ့ သူ့သူငယ်ချင်းနဲ့ တိုက်ခန်းစုတ်စုတ်ပြတ်ပြတ်တစ်ခုမှာနေရတယ်
သူတို့နှစ်ယောက်လိုအပ်တဲ့အကူအညီကိုတော့ Willy ဆိုတဲ့ကောင်လေးကကူညီပေးရှာတယ်(အကြွေးတွေလည်းမနည်းဘူး)
တစ်နေ့ Angelion တို့တိုက်ခန်းကို ရဲတွေတစ်အုပ်တမကြီးရောက်လာပြီး
သူတို့သူငယ်ချင်းနှစ်ယောက်ကို လာဖမ်းကြတယ်
ရဲတွေခမျာကံခေရှာတော့ Angelion ကိုပြန်မတိုက်နိုင်ခဲ့ဘူး
ဘာကြောင့်လဲဆိုတော့Angelion ကသာမန်လူသားမဟုတ်နေခဲ့လို့ဘဲ
ဂြိုလ်သားနဲ့ လူသား မျိုးစိတ်နှစ်ခုရဲ့ ချစ်ခြင်းမေတ္တာကနေ ပေါက်ဖွားလာခဲ့တာမို့
သာမန်လူသားတွေ နဲ့ သူ့နဂို ဂြိုလ်သားမျိုးစိတ်တွေထက်ကို အစွမ်းထွက်နေခဲ့တယ်
အဲ့အချက်ကြောင့်လည်းရဲတွေကလာဖမ်းကြတာပါ
စောစောကပြောပြခဲ့သလိုမျိုး ဇာတ်အိမ်တည်ထားတဲ့မြို့က GTA; San Andreas game ထဲကလိုမျိုး လူဆိုးတွေကိုဟိုတစ်စုဒီတစ်စုနဲ့တွေ့ရမှာပြီး တစ်ချက်မှားကြည့်မိတာနဲ့ သေနတ်မီးခိုးထွက်အောင်ဆော်မယ့်ကောင်တွေပါတွေ့ရမှာပါ
ဒီတော့ Angelion တစ်ယောက် လိုက်ဖမ်းတဲ့သူတွေလက်ကနေ ထွက်ပြေးနိုင်သွားမလား
လိုက်ဖမ်းတဲ့သူတွေကိုဘဲ ပြန်ဆော်မလားဆိုတာကိုတော့……..
Translated by Duck
Enoced by Kichiro