Death note, one punch man, no game no life, HxH, overload အစရှိတဲ့ကားကောင်းတွေကိုဖန်တီးထားတဲ့ studio Madhouse ရဲ့အကောင်းမွန်ဆုံးလက်ရာတစ်ခုပါ IMdb မှာ rating 8/10 နဲ့ MAL မှာ 8.4/10 အထိတောင်ရရှိထားတဲ့ raiting ကောင်းတွေပိုင်ဆိုင်ထားတဲ့ကားလေးပါ 1998 က anime ဆိုပေမယ့် old but gold ပါ
Review
ပစ္စုပ္ပန်နဲ့အတိတ် လက်ရှိနဲ့အိပ်မက် အစစ်အမှန်နဲ့ပုံရိပ်ယောင်ဆိုတာတွေက တကယ်တမ်းရောထွေးသွားရင် ပြန်ခွဲခြားသိနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး….
ဇာတ်လမ်းကတော့ နာမည်ကြီးပေါ့ပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Kirigoe Mima ဆိုတဲ့မိန်းကလေးဟာသူ့ရဲ့အဆိုတော်အဖွဲ့ဖြစ်တဲ့ Cham ကနေထွက်ပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ်နဲ့ဘဝကိုရှေ့ဆက်လှမ်းခဲ့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ သူမဟာ လူတစ်ယောက်ရဲ့အစွဲအလမ်းကြီးမှုကြောင့် ကံတရားအလှည့်အပြောင်းတစ်ခုဖြစ်သွားတယ်။ သာမန်လူတစ်ယောက်ရဲ့အစွဲအလမ်းကြီးမှုက သူ့ဘဝကြီးကိုအမှောင်ထုတွေ ပုံရိပ်ယောင်တွေ ခြောက်ခြားစရာတွေဖုံးလွှမ်းသွားအောင် လုပ်နိုင်မယ်လို့ဘယ်တုန်းကမှမထင်ထားခဲ့ပါဘူး။ ဒီလူကသူမကို ခြိမ်းခြောက်မှုတွေ အကြမ်းဖက်စာတွေအပြင် website တစ်ခုကနေလဲသူမရဲ့လှုပ်ရှားမှုတိုင်းကိုအရိပ်တစ်ကြည့်ကြည့်နဲ့ စောင့်ကြည့်ထားသလိုကိုမှတ်တမ်းတင်ထားတာတွေတွေ့လာရတယ်။ တဖြည်းဖြည်းနဲ့သူမဟာထွက်ပေါက်မရှိတဲ့ အိပ်မက်ဆိုးတို့ရဲ့အထဲမှာပိတ်မိလို့လာပါတော့တယ်။ လူသတ်မှုတွေ တခြားသူမနဲ့သက်ဆိုင်တဲ့ဖြစ်ရပ်ဆိုးတွေကြောင့် သူမရဲ့စိတ်အခြေအနေကလည်းကယောက်ကယက်တွေဖြစ်ပြီး အဖက်ဆယ်မရအောင်စိတ်ဓာတ်ကကျသထက်ကျလာတယ်။ အဆုံးမှာသူ့ကိုဒီပြဿနာတွေကြားမှာနစ်မွန်းစေတဲ့ အဓိကတရားခံကိုပဲသူရှာတွေ့နိုင်မလား။ သူမကိုယ်တိုင်ကပဲဒီပြဿနာတွေ အမိုက်မှောင်တွေရဲ့ သားကောင်တစ်ကောင်အဖြစ်ပြောင်းသွားမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါ။
Leave a Reply
You must be logged in to post a comment.