MMANIME

Blu-Ray 1080p

Made in Abyss: Dawn of the Deep Soul 8.2
Made in Abyss: Dawn of the Deep Soul ဒီ Moive 3 ကတော့ ရှေ့ထွက်ပြီးတဲ့ Movie 1,2 ရဲ့အဆက်အနေနဲ့ထွက်လာတာပါ Riko နဲ့ Reg တို့နှစ်ယောက်ထဲ Abyss ထဲကိုစွန့်စားခန်းထွက်လာရင်း Nanachi ဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ပြီးပါပြီ သူတို့သုံးယောက်အတူတူ Abyss ရဲ့အောင်ခြေကိုမရရအောင်ခရီးထွက်လာရင်းနဲ့ တွင်းနက်ကြီးရဲ့ ငါးလွှာမြောက်မှာ "အရုဏ်ဉီးတို့ရဲ့ အရှင်" လို့တင်စားရသူ Bondrewd နဲ့တွေ့ပါပြီ Bondrewd မှာ မွေးစားသမီးဖြစ်သူ Prushka ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါသေးတယ် Riko တို့သူငယ်ချင်းသုံးယောက် Bondrewd ကြီးအုပ်စိုးတဲ့ ငါးလွှာမြောက်ကို အခက်အခဲတွေကျော်လွှားပြီး သူတို့သွားမဲ့ခရီးကိုဆက်သွားနိုင်ပါ့မလား Bondrewd ကြီးကိုဘယ်လိုရင်ဆိုင်ကြမလဲ Nanachi ကလည်း သူ့ကိုစမ်းသပ်ခဲ့ဖူးတဲ့ ဒီလူကြီးအကြောင်းကိုသိနေပြီ အဲ့တာတွေအပြင် Reg နဲ့ Bondrewd တို့ရဲ့ Epic ဆန်တဲ့ တိုက်ပွဲကိုလည်းကြည့်ရှုရမှာဖြစ်ပါတယ်   Translated by Duck & Bahamut Encoded by Kichiro   #KichiroANIME
8.2
IMDB: 8.2/10 9 votes
movie

Made in Abyss: Dawn of the Deep Soul

2020
Blu-Ray 1080p
Eden of the East Movie I: The King of Eden 7.1
Eden of the East Movie I: The King of Eden ဂျပန်တစ်နိုင်ငံလုံးကို ဒုံးကျည်ဒဏ်ကနေကာကွယ်ပေးပြီးနောက်မှာတော့ Takizawa ချက်ချင်းပြောက်သွားခဲ့တယ် ဒုံးကျည်ပေါက်ကွဲမှုတွေအပြီးပြန်မပေါ်လာတဲ့ Takizawa အကြောင်းကို Saki စဉ်းစားနေတုန်းမှာဘဲ Selecao ဖုန်းကနေ message တစ်ခုဝင်လာခဲ့တယ် "Saki ယုံကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ငါအမြတမ်းမင်းနဲ့အတူခရီးထွက်ခဲ့တယ့်နေရာမှာရှိနေတယ်" ဒီ message အရ Takizawa ဘယ်နေရာမှာရှိနိုင်လဲဆိုတာကိုတွေးမိတာ Saki တစ်ယောက်ဘဲရှိတယ် ဒုံးကျည်တိုက်ခိုက်မှုပြီးကတည်းကပြောက်ကွယ်သွားတဲ့ သူက Saki နဲ့ခရီးအတူထွက်ခဲ့တဲ့နေရာမှာ အမြဲတမ်းရှိနေမယ်ဆိုတဲ့ message တစ်စောင်သာချန်ထားခဲ့တယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ခရီးစတင်ခဲ့တဲ့ New York ကို Saki လာခဲ့ပြီ Saki တစ်ယောက် သူတို့နှစ်ယောက်ခရီးစထွက်ခဲ့တဲ့နေရာကိုရောက်တော့ Takizawa ကိုတွေ့ပြီ ဒါပေမဲ့ သူမ သိတဲ့ Takizawa အနေနဲ့မဟုတ်တော့ဘူး မှတ်ဉာဏ်အဖျက်ခံထားရတဲ့ linuma အနေနဲ့သူတို့ပြန်ဆုံခဲ့တယ် Selecao ကစားပွဲကြီးကလည်းမပြီးသေးဘူး Takizawa လည်းမှတ်ဉာဏ်အဖျက်ခံလိုက်ရပြီ ဘယ်သူက supporter မှန်းလဲမသိကျသေးတဲ့အချိန်မှာ သူတို့ဘယ်လိုရရှေ့ဆက်ကြမလဲ နောက်ထပ်ဒုံးကျဉ်ဖောက်ခွဲမှုတွေထပ်ပြီးကျရောက်လာအုန်းမှာလားဆိုတာကိုတော့
7.1
IMDB: 7.1/10 35 votes
movie

Eden of the East Movie I: The King of Eden

Blu-Ray 1080p
Detective Conan: The Fist of Blue Sapphire 6.2
Detective Conan: The Fist of Blue Sapphire စုံထောက်မောင်နန်နှင့်ငတက်ပြားသောက်ကလေးအမှု .................................................................................. တစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော တီထွင်ဖန်တီးကလိသောအလုပ်ကိုလုပ်နေခိုက် မောင်နန်နှင့်မိယွန်းတို့ရောက်လာကြလေသည်။ မောင်နန်၏အမူအရာသည်တစ်စုံတစ်ခုကိုအလိုရှိနေသောအမူအရာဖြစ်နေ၍ ကျွန်ုပ်လည်းအဘယ်သို့သောအကြောင်းကြောင့်စိတ်နှလူံးအိမ်၌လိုချင်တပ်မက်မှုအာရုံထင်နေပေသနည်းဟုမေးမိလေရာ မောင်နန်လေးက သူ၏ချစ်သူ မိလွမ်းသည်စင်္ကာပူသို့အလည်ခရီးသွားသဖြင့် နောက်ကလိုက်ချင်နေကြောင်း၊ စင်္ကာပူသိူ့ဝင်ရန်လိုအပ်‌သောစာရွက်စာတမ်းအင်ထုရန်အလို့ငှာ ကျွန်ုပ်၏အကူအညီကိုလိုအပ်နေကြောင်းပြောပြအကူအညီတောင်းခံလေ၏။ ကျွန်ုပ်လည်း တတ်သည့်ပညာအလကားမရဆိုသည့်နှလုံးကိုမူလျက် မောင်နန်‌ဆီက ဖွတ်ကလိဒင်္ဂါးပြားတောင်မရနိုင်သည်ကိုသိ၍မကူညီနိုင်ကြောင်း ယဉ်ယဉ်ကျေးကျေးအော်ငေါက်ဆဲဆို၍ပြောလိုက်ရာ မောင်နန်လေးသည် အင်မတန်အိန္ဒြေကြီးသောအမူအရာဖြင့် နှုတ်ခမ်းစူခြေဆောင့်ကာထွက်သွားလေသည်။ ဤသို့ဖြင့်မောင်နန်လေးသည် ကျွန်ုပ်အပေါ်သဘောထားကြီးစွာဖြင့်စိတ်ကောက်နေပြီးအိမ်သို့ပေါ်မလာပဲနေရာ သီတင်းအပတ်နှစ်ပတ်ခန့်ကြာမှဘလက်ဘိုင်လိုက်ပြီးပြန်ပေါ်လာ၏။ အဘယ်ကြောင့်ဤသိူ့ဘလက်ဘိုင်လိုက်နေရသနည်းမေးကြည့်ရာ မောင်နန်လေးသည်စင်္ကာပူသို့တကယ်ရောက်သွားကြောင်း၊ အဖြစ်အပျက်များစွာလည်းဖြစ်ပျက်ခဲ့ကြောင်းကျွန်ုပ်အားကျကျနနရှင်းပြရှာလေသည်။ မောင်နန်လေး၏ရှင်းပြချက်များသည် စိတ်ကူးဖြင့်ပင်မကူးနိုင်လောက်သည့်ထူးဆန်းသောအဖြစ်အပျက်များပါနေလေရာ မောင်နန်လေးဖြီးဖြန်းနေခြင်းမဟုတ်၊ အမှန်အတိုင်းပြောနေပေသည်ဟုကျွန်ုပ်က ယုံကြည်မိသည့်အလျောက် ဤလျှို့ဝှက်အပ်သောကိစ္စကိုအများသူငှာလူစုံတုန်းသိစေရန်အလို့ငှာ ရုပ်ရှင်အဖြစ် နာကျင်နေသောချိဖအဖွဲ့နှင့်လက်တွဲကာ တင်ဆက်ပေးလိုက်ပါသည်။ မောင်နန်လေး၏ ပြောပြချက်များအတိုင်းတင်ပြပါမူ ရှုတ်ထွေးနေမည်စိုး၍အများသူငှာနားလည်စိမ့်ငှာစကားလုံးအသုံး အနှုန်းများကိုရိုးရိုးရှင်းရှင်းပေါက်ကရတွေ‌ဘာသာပြန်ထားပါသည်။ Commentတွင်ဖော်ပြထားသော linkမှာဒေါင်းယူပြီးကြည့်တော်မူကြပါကုန် ဤreviewတော်ကြီးအား မြန်မာစံတော်ချိန် နံနက်၁၂နာရီ ၂၆မိနစ် ၁၃၊ ၁၊ ၂၀၂၀တွင်ရေးသားလို့ပြီးစီး၏။ ပုထုဇနော ဥမ္မာ့တကော ဆြာဉာဏ်တိမ်ဟ
6.2
IMDB: 6.2/10 844 votes
movie

Detective Conan: The Fist of Blue Sapphire

2019
Blu-Ray 1080p