IMDb – 6.4/10
Rotten Tomatoes – 54%
MyAnimeList – 7.4/10
ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့ လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကိုကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့
ဟိုရှေးရှေးတုန်းကလို့ပြောရမလား
လာမယ့်အနာဂတ်မှာလို့ပြောရမလား
အဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမယ့်နယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပဲ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။
– အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ
– ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ
– ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ
* HEVC 1080p 5.1 CH ကို PC/Phone များတွင် VLC player ဖြင့်သော်လည်းကောင်း ၊ TV များတွင် Smart TV ( HEVC Supported )ဖြင့် ကြည့်ပါ *
File size…(1.8 GB) , (1.5 GB) and (800 MB)
Quality…Blu-Ray 1080p 5.1 (HEVC Encode), 1080p & 720p
Format…mkv / mp4
Duration….01:55:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Friday
Translated & Reviewed by Dr.Nyan