MMANIME

Aya Hisakawa

Love, Be Loved, Leave, Be Left
Love, Be Loved, Leave, Be Left ဒီဇာတ်လမ်းလေးကတော့ စော်ငြင်းကောင် ဘဲငြင်းမတွေရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Step family plot လည်း ပါဝင်ထားပြီး "Oh my god, step bro. I'm stuck. Can you help me?" ဆိုတာမျိုး မပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်လို့ရပါတယ် Reivew လေးဆီသွားလိုက်ရအောင်   Review - Ichihara Yuna နဲ့ Yamamoto Akari တို့ဟာ အထက်တန်းကျောင်းသူလေးတွေဖြစ်ကြပြီးတော့ နှစ်ယောက်လုံးဟာ အချစ်ဆိုတဲ့အရာပေါ်မှာ အမြင်ချင်းမတူညီကြပါဘူး။ ချစ်ခွင့်ပန်ထားသူနဲ့ ချိန်းဆိုထားတဲ့ Akari ဟာအခြေအနေအမျိုးမျိုးကြောင့် စည်းခြားခဲ့ရပြီး Yuna နဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့နှလုံးသားဟာ တဖန်နိုးကြားလာခဲ့ပါတယ်။ ချစ်ဖူးသူတိုင်းနာကျင်မှုဆိုတာကတော့ မလွဲမသွေပါပဲ။ Yuna က သူ့မစိတ်ကူးထဲကမင်းသားလေးအဖြစ် နေရာယူလိုက်တဲ့ ရွှေမင်းသားလေးနဲ့Akari တို့ဆက်နွယ်မှုကိုသိရှိလိုက်တဲ့အခါမှာတော့ ဘယ်လိုအချစ်ဇာတ်လမ်းမျိုးဖြစ်လာမယ် ၊ ဘယ်လိုလက်နှေးရင်ခွက်ဆေးရမယ် ခွက်မဆေးရအောင် ဘယ်လိုလက်သွက်ရမယ်ဆိုတာကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်
IMDB: /10 votes
movie

Love, Be Loved, Leave, Be Left

2020
1080p
Ocean Waves 6.7
Ocean Waves Ocean Waves (Myanmar Sub) ဂျပန် Animation လောကမှာ နာမည်ကြီးတဲ့ Studio Ghibli ရဲ့ 1993 နှစ်တုံးက ထွက်ရှိထားတဲ့ Ocean Waves ဆိုတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားဘဝရဲ့ အငွေ့အသက်လေးတွေနဲ့ ပြည်နှက်နေတဲ့ Drama ကားလေးတစ်ခုလဲဖြစ်ပါတယ်။ ခိုချီဆိုတဲ့ မြို့မှာနေရာယူပြီး ဇာတ်အိမ်ကို ဖန်တီထားပါတယ်။ တိုခီယို က ကောင်မလေးတစ်ယောက်ဟာ ခိုချီမြို့က ကျောင်း လေးတစ်ခုကို အလယ်တန်း နှစ်ဝက်မှာ ပြောင်းလာတာကနေစပါတော့တယ်။ ကောင်မလေးက ဂျစ်ကန်ကန် ဘုဆက်ဆက် နားလည်ရခက်တဲ့ သူမျိုး။ မြို့သူအလှ လေး ဆိုတော့ ခိုချီလို တောမြို့လေးက တောသားလေးတွေ ကြားမှာတော့ အရမ်း ပေါ်လွင်တဲ့ သူတစ်ယောက်ပေါ့။ စာကလဲ တော် အားကစားမှာလဲတော်တော့ စံပြကျောင်းသူလေးတစ်ယောက်လဲဖြစ်နေကောပေါ့။ ဒါပေမဲ့ တစ်ကျောင်းလုံးနဲ့မတည့်ပါဘူး။ မြို့သူဆိုတော့ အညာဒေသက လူတွေရဲ့ စကားပြောလေသံတွေကိုလဲနားမလည်ဘူး။ ...
6.7
IMDB: 6.7/10 10525 votes
movie

Ocean Waves

1993
720p