MMANIME

Hidenobu Kiuchi

Violet Evergarden: The Movie
Violet Evergarden: The Movie Violet Evergarden:The Movie (2020 mmsub) Genres-Romance,Drama,Fantasy Relesed Date- September,18 2020 Runtime-140 mins Kyoto Animation studioရဲ့ လက်ရာကောင်းတွေထဲကတစ်ခုဖြစ်တဲ့ Violet Evergarden:The movie ဟာ 2020တုန်းက covid-19 ကြောင့် Aprilမှာပြသမယ့်အစား September မှသာပြသခဲ့ပါတယ်။ ပြသပြီးချင်းချင်းပဲ Boxoffice မှာဝင်ငွေတွေ အမြောက်အများရရှိခဲ့သလို Raitingတွေဟာလည်း My anime list-8.7/10 Rotten Tomatoes - 99% imdb-8.4/10 တွေရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ Movie တစ်ခုဖြစ်လို့ ထွေထွေထူးထူးညွှန်းစရာမလိုလောက်ဘူးလို့ထင်ပါတယ်ဗျ။ ဒီ movieလေးကြည့်မယ်ဆိုရင်တော့ Seriesလေးကိုအရင်ကြည့်ထားမှအဆင်ပြေပါလိမ့်မယ်။ စစ်ပွဲကြီးပြီးဆုံးခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ Violet Evergarden တစ်ယောက်လဲ Auto Memory Dolls Service ဆိုတဲ့စာပို့လုပ်ငန်းမှာ လူတွေရဲ့ရင်ထဲကစကားတွေကို စာရေးပေးရင်း တဖြည်းဖြည်းနဲ့ ခံစားချက်တွေကို သိရှိနားလည်လာခဲ့ပါတယ်။ မသေခင်"ချစ်တယ်"ပြောခဲ့တဲ့ ဗိုလ်မှူး ကိုလဲတစ်နေ့မှမေ့မရပဲ အသက်ရှင်နေခဲ့မယ်လို့ ထင်နေခဲ့ပါတယ်။ တစ်ခါတစ်လေကျတော့လဲ သင်အချိန်အကြာကြီး မျှော်လင့်နေတဲ့အရာတစ်ခုက ဘယ်တော့မှပျောက်ကွယ်မသွားတက်ပါဘူး။ အချိန်ကြာရင်မေ့သွားပါမယ်ဆိုတဲ့စကားက တချို့လူတွေအတွက်တော့ ရီစရာတစ်ခုသာသာဖြစ်နေတတ်ပါတယ်။ Violet တစ်ယောက်ဟာ အချိန်အကြာကြီး နေလာရင်းတစ်နေ့မှာတော့ ဗိုလ်မှူး လက်ရေးနဲ့ရေးထားတဲ့ စာတစ်စောင်ဟာ စာတိုက်ကိုရောက်ရှိလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ချိန်လုံးမျိုသိပ်လာခဲ့ရတဲ့စကားတွေ ဗိုလ်မှူးကိုသူပြန်ပြောပြနိုင်မလား။ ဗိုလ်မှူးကကော တကယ်အသက်ရှင်နေခဲ့မှာလားဆိုတာကို ဒီmovieလေးမှာ ကြည့်ရှုခံစားကြပါခင်ဗျာ။ Runtime 140 mins ဖြစ်တဲ့အတွက်ကြည့်ရတာ တကယ်ကို အားရပြီးmovieလေးထဲမျောပါသွားပါလိမ့်မယ်။
IMDB: /10 votes
movie

Violet Evergarden: The Movie