MMANIME

Kasumi Arimura

When Marnie Was There (2014)
When Marnie Was There (2014) ဒီတစ်ခါလည်းတစ်ချိန်ကအောင်မြင်ခဲ့တဲ့ Ghibli movieလေးတစ်ခုကိုတင်ပေးပါမယ်ခင်ဗျ။ ဒီဇာတ်လမ်းလေးကလည်းကြည့်မိတဲ့သူတိုင်းနီးပါးရဲ့ရင်ထဲအထိ နက်နက်ရှိင်းရှိင်းကိုရိုက်ခတ်တဲ့အထိကောင်းခဲ့ပါတယ်။ Review Annaကအပေါင်းအသင်းမရှိရှာတဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမယ့်တစ်နေ့တော့သဲသောင်မှာMarnieဆိုတဲ့မိန်းကလေးနဲ့ဆုံခဲ့ရာကနေသူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ဒါပေမယ့်Marnieကသူသိထားသလိုသာမန်မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး....... အခုပြောပြမယ့်ပုံပြင်ဇာတ်လမ်းလေးကတော့သူငယ်ချင်းရင်းနှီးမှု၊မိသားစုနဲ့အထီးကျန်ဆန်ခြင်းတိုကိုနက်နက်ရှိင်းရှိင်းပြသသွားမယ့်တစ္ဆေပုံပြင်လေးတစ်ခုပါပဲ။Annieဆိုတဲ့မိန်းကလေးဟာမွေးစားမိဘတွေနဲ့ကြီးပြင်လာရတဲ့အပြင်သူငယ်ချင်းအပေါင်းအသင်းမရှိတာကြောင့်အထီးကျန်ပြီးမေတ္တာငတ်နေရှာတဲ့ကလေးမလေးတစ်ယောက်ပေါ့။နောက်တော့သူဟာမစ္စတာနဲ့မစ္စPreggတိုရှိတဲ့Norfolkကိုရောက်ရှိသွားပါတယ်။အဲ့ကသဲသောင်လေးမှာသူပြေးလွှားလေ့ရှိတယ်။အဲ့ဒီအချိန်မှာမထင်မှတ်ပဲချုံနွယ်တွေထူထပ်နေတဲ့ရေပေါ်အိမ်တစ်ခုကိုတွေ့လိုက်ပါတော့တယ်။အဲ့ဒီအိမ်နဲ့ပတ်သက်ပြီးသူ့မှာအမှတ်တရတစ်ခုခုရှိနေတယ်လိုခံစားနေခဲ့ရတယ်။မကြာမီမှာပဲအဲ့အိမ်ထဲကနေမိန်းကလေးသူစိမ်းတစ်ယောက်ထွက်လာခဲ့တယ်။သူ့နာမည်ကMarnieတဲ့။သူတိုနှစ်ယောက်ကသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်....Marnieပျောက်သွားတဲ့ရက်မတိုင်ခင်အထိပေါ့.....။Marnieဟာရုတ်တရက်ဆိုသလိုပျောက်သွားခဲ့တယ်။ အဲ့ဒီအိမ်ကြီးထဲကိုမိသားစုအသစ်ဖြစ်တဲ့Lindsayတိုပြောင်းလာခဲ့တယ်။Annieဟာ Marnieဆီကနေသူငယ်ချင်းတွေရဲ့ပေါင်းသင်းဆက်ဆံရေးကိုသိကျွမ်းနိုင်ခဲ့တာကြောင့် Lindsayနဲ့လည်းအင်မတန်ခင်တဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ကြာလာတာနဲ့အမျှAnnieဟာMarnieနဲ့ပတ်သက်ပြီးထူးဆန်းတာတွေသိလာရတယ်။အဲ့ဒီထူးဆန်းတဲ့အကြောင်းအရာတွေကဘာလဲ။Marnieကကော ဘာလိုရုတ်တရက်ပျောက်သွားရတာလဲ။သူတိုနှစ်ယောက်ပြန်ကောဆုံနိုင်ပါတော့မလားဆိုတာကတော့.... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ...
IMDB: /10 votes
movie

When Marnie Was There (2014)

2014
1080p