MMANIME

Yū Aoi

Space Pirate Captain Harlock (2013) 6.4
Space Pirate Captain Harlock (2013) IMDb - 6.4/10 Rotten Tomatoes - 54% MyAnimeList - 7.4/10 ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့ လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကိုကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဟိုရှေးရှေးတုန်းကလို့ပြောရမလား လာမယ့်အနာဂတ်မှာလို့ပြောရမလား အဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမယ့်‌နယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပ‌ဲ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။ - အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ - ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ - ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ...
6.4
IMDB: 6.4/10 11,568 votes
movie

Space Pirate Captain Harlock (2013)

2013
HEVC 1080p 5.1
Children of the Sea
Children of the Sea ပင်လယ့်ရင်သွေး .......................... အားလုံးပဲ စိတ်ဝင်စားလောက္မယ့်ကားလေးနဲ့တင်ဆက်ပေးပါရစေ ဒီကားမှာထူးခြားတာက မြန်မာပြည်ဖွား ဂျပန်မှာကြီးပြင်းတဲ့ အဆိုတော်သရုပ်ဆောင်ဖြစ်တဲ့ မိုရီဆာကီဝင်း ခေါ် အဝင်းဟာ ဒီကားမှာအသံသရုပ်ဆောင်ထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ တခါက ပင်လယ်ပြင်ကနေကောင်လေးနှစ်ယောက်ထွက်ပေါ်လာခဲ့ပါတယ် သူတို့ဘယ်ကလာပြီးဘယ်ကိုသွားမလဲဆိုတာကိုလည်းမမှတ်မိကြသလို သူတို့ပုံစံဟာလူသားပုံဖြစ်ပေမယ့် လူသားနဲ့မတူတဲ့အချက်တွေလည်းရှိနေပြန်ပါတယ် တနေ့မှာဥက္ကာပျံကြီးကမ္ဘာမှာဖြတ်သန်းသွားပြီး ငါးတွေသောင်လာတင်တဲ့ဖြစ်စဉ်တွေဖြစ်လာပြီးတဲ့နောက္မှာတော့ ထူးခြားတဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်လာပါတော့တယ် Translated by DrNyan IMDb 6.5/10 Rotten Tomatoes 61% Metacritic 71%
IMDB: /10 votes
movie

Children of the Sea