ငြင်သာတဲ့မိုးခြိမ်းသံနဲ့
ညို့မှိုင်းမှိုင်းကောင်းကင်ကြီးဆီက
မိုးတွေများရွာချလာခဲ့ရင်
မင်းငါ့ဘေးမှာ ရှိနေဦးမှာလား
ဒီတခါမှာတော့ မိုးရွာရင်ဘသူ့ကိုလွမ်းမှန်းမသိဖြစ်တတ်တဲ့လူတွေအတွက်ရော အfeel တလိုင်းလေးကိုကြည့်ချင်တဲ့လူတွေအတွက်ပါ အဆင်ပြေစေမယ့် တော်တော်များများလည်း ကြည့်ဖူးပြီးဖြစ်မယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ
ဇာတ်လမ်းအကျဉ်းလေးကိုတော့ မကြည့်ရသေးတဲ့လူတွေအတွက် ရည်ရွယ်ပီးရေးပေးလိုက်ပါတယ်ဗျ
-မိုးရွာတဲ့မနက်ခင်းတွေမှာ
Shoes makerဖြစ်ချင်တဲ့ Takao Akizuki ဆိုတဲ့အထက်တန်းကျောင်းသားတယောက်က မိုးရွာတဲ့ရက်တွေမှာပန်းခြံထဲကိုသွားတတ်ပီး ဘီယာနဲ့ချောကလက်ကိုဘဲသောက်တတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လျှို့ဝှက်တတ်တဲ့သူမနဲ့ စကားတွေပြောရင်း အချိန်တွေကြာတဲ့အခါမှာ သံယောဇဉ်တွယ်မိသွားတယ် ။ နောက်ပိုင်းမှာ သူမရဲ့ ဘဝမှန်ကို သိသွားတဲ့အခါမှာတော့ ခံစားချက်ကိုဘဲရှေ့တန်းတင်ပီးဇွတ်တိုးမလား သူချစ်တဲ့သူမအတွက်ဘဲနောက်ဆုတ်ပေးမလားဆိုတာကို ကြည့်ရှု ရမာဖြစ်ပါတယ် ။ like and shareလေးနဲ့အားပေးကြပါဦး
Translated by Thatoe
Encoded by Swam Yi
Translated by Thatoe
Encoded by Swam Yi
Leave a Reply
You must be logged in to post a comment.