MMANIME

Takako Honda

Deadman Wonderland 7
Deadman Wonderland Deadman Wonderland (デッドマンワンダーランド)ကိုmangaအဖြစ်Jinsei Kataokaကရေးသားခဲ့ပြီးKazuma Kondōကanimationအဖြစ်ဖန်တီးပုံဖော်ခဲ့ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ တစ်ချိန်ကဂျပန်မှာငလျင်ကြီးတစ်ခုအကြီးအကျယ်လှုပ်လိုက်တဲ့အခါဂျပန်ရဲ့မြို့တော်တိုကျိုဟာအပျက်အစီးတွေများခဲ့ပြီးမြို့ရဲ့၄ပုံ၃ပုံဟာပယ်လယ်အောက်ကိုနစ်မြုပ်ခဲ့ပါတယ်။နောက်ဆယ်နှစ်ကြာတဲ့အခါမှာတော့ နာဂါနိုအလယ်တန်းကျောင်းမှပညာသင်ကြားနေတဲ့သာမန်ကျောင်းသားလေး ဂန်တာ အီဂါရာရှိဆီမှာထူးဆန်းတာတွေစဖြစ်လာတော့တယ်။ဂန်တာဟာအဲ့သဘာဝကပ်ဆိုးကြီးဖြစ်ခဲ့တဲ့မကောင်းတဲ့မှတ်ဥာဏ်တွေမရှိဘဲသာမာန်ဘဝလေးနဲ့ဘဲနေထိုင်ခဲ့တယ်။တစ်ရက်မှာတော့သွေးတွေပတ်လည်ဝိုင်းထားပြီးအနီရောင်ဝတ်စုံကိုဝတ်ထားတဲ့အနီရောင်လူကြီးဟာ ဂန်တာကလွဲပြီးကျန်တဲ့လူတွေအားလုံးကိုသတ်ပစ်ခဲ့တယ်။ပြီးတော့ဂန်တာရင်ဘက်ထဲကိုလည်းအနီရောင်ကျောက်တစ်ခုကိုထည့်ခဲ့တယ်။ဒီလိုအစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ဂန်တာဟာသူ့သူငယ်ချင်းတွေကိုပြန်သတ်ပါတယ်ဆိုပြီး သက်သေအတုတွေနဲ့စွပ်စွဲခဲ့တယ်။Deadman Wonderlandလို့ခေါ်တဲ့မရဏစံအိမ်အကျဥ်းထောင်ကြီးကိုပို့ခဲ့ကြတယ်။အဲ့မရဏစံအိမ်ကြီးဟာဘယ်လောက်ကြောက်စရာကောင်းပြီးအချင်းချင်းပြန်လည်သတ်ရတဲ့ပြိုင်ပွဲတွေ သာမာန်ကျောင်းသားလေးဂန်တာဟာဘယ်လိုအသက်ရှင်ဖို့ရုန်းကန်ရလဲဆိုတာ အခုဘဲကြည့်လိုက်ကြပါဦးဗျ ကြည့်ပြီးသားလူတွေလည်း ဒီကားလေးကိုပြန်လည်အမှတ်ရလာအောင်ပြန်ကြည့်သင့်ပါတယ်လို့ characterတွေကrealityဆန်တာကြောင့် ဒီanimeဟာကျွန်တော်အကြိုက်ဆုံးanimeတစ်ခုဖြစ်တဲ့အထိကြိုက်ပါတယ် Episode1 Episode2 Episode3 Episode4 Episode5 Episode6 Episode7 Episode8 Episode9 Episode10 Episode11 Episode12 ­
7
TMDb: 7/10 63 votes
tv

Deadman Wonderland

2011