MMANIME

Charlie Parsons

High Score Girl II 8.2
High Score Girl II "High Score Girl"စီးရီးဟာ "Oshikiri Rensuke"ရေးသားတဲ့ မန်ဂကနေ အာနီမဲအဖြစ် ဖန်တီးထားတာဖြစ်ပြီး မန်ဂဇာတ်သိမ်း အတွဲ ၁၀အထိဟာ အာနီမဲအပိုင်း ၂၄ပိုင်းထဲ အပြည့်အစုံပါဝင်ပါတယ်။ Netflix Original Serieအဖြစ်နဲ့ ထုတ်လွှင့်ခဲ့ပြီး အထိုက်အလျောက် အောင်မြင်မှုရခဲ့တဲ့ စီးရီးဖြစ်ပါတယ်။ "ရဂုချီ ဟာရူအို"ဆိုတဲ့ ၆တန်းနှစ်ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာပညာရပ်ပိုင်းမှာ အရမ်းကို ညံ့တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး သာမန်ကျောင်းသားတွေထဲက မထင်မရှားတစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဆီမှာ ထူးချွန်တဲ့အပိုင်းလေးတော့ ရှိတယ်။ အဲ့ဒါကတော့ သူ့ရဲ့ဂိမ်းကစားတဲ့ စွမ်းရည်ပါပဲ။ တစ်နေ့ သူဂိမ်းကစားရင်း ပွဲဆက်တိုက်နိုင်နေတဲ့အချိန်မှာ မိန်းကလေးကစားသမားတစ်ယောက်ရဲ့ အနိုင်ပိုင်းခြင်းကို ခံလိုက်ရပါတယ်။ အဲ့ဒီမိန်းကလေးဟာ တခြားတော့ မဟုတ်ပါဘူး။ သူနဲ့တစ်ကျောင်းတည်း တစ်တန်းတည်းအတူတူတက်နေတဲ့ နန်းထိုက်တော်ဝင်ပန်းလို့ ညွှန်းဆိုခံရတဲ့သူ၊ မိသားစုက ငွေကြေးချမ်းသာတဲ့အပြင် စာပေ၊ အနုပညာ၊ ရုပ်ရည်ရူပကာ ဘာဆိုဘာမှ အပြစ်ပြောစရာ ရှာမတွေ့နိုင်လောက်တဲ့ "အိုနို အာကီရ"ဆိုတဲ့ မိန်းကလေးပါပဲ။ ...
8.2
TMDb: 8.2/10 76 votes
tv

High Score Girl II

2018