MMANIME

Game

Hi Score Girl 8.1
Hi Score Girl "ရဂုချီ ဟာရူအို"ဆိုတဲ့ ၆တန်းနှစ်ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာပညာရပ်ပိုင်းမှာ အရမ်းကို ညံ့တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး သာမန်ကျောင်းသားတွေထဲက မထင်မရှားတစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဆီမှာ ထူးချွန်တဲ့အပိုင်းလေးတော့ ရှိတယ်။ အဲ့ဒါကတော့ သူ့ရဲ့ဂိမ်းကစားတဲ့ စွမ်းရည်ပါပဲ။ တစ်နေ့ သူဂိမ်းကစားရင်း ပွဲဆက်တိုက်နိုင်နေတဲ့အချိန်မှာ မိန်းကလေးကစားသမားတစ်ယောက်ရဲ့ အနိုင်ပိုင်းခြင်းကို ခံလိုက်ရပါတယ်။ အဲ့ဒီမိန်းကလေးဟာ တခြားတော့ မဟုတ်ပါဘူး။ သူနဲ့တစ်ကျောင်းတည်း တစ်တန်းတည်းအတူတူတက်နေတဲ့ နန်းထိုက်တော်ဝင်ပန်းလို့ ညွှန်းဆိုခံရတဲ့သူ၊ မိသားစုက ငွေကြေးချမ်းသာတဲ့အပြင် စာပေ၊ အနုပညာ၊ ရုပ်ရည်ရူပကာ ဘာဆိုဘာမှ အပြစ်ပြောစရာ ရှာမတွေ့နိုင်လောက်တဲ့  "အိုနို အာကီရ"ဆိုတဲ့ မိန်းကလေးပါပဲ။ သူ့ရဲ့တစ်ခုတည်းသော ကျွမ်းကျင်ရာ ဂိမ်းနယ်ပယ်မှာ သက်တူရွယ်သူတစ်ယောက်ရဲ့ အနိုင်ကစားတာကို ခံလိုက်ရတဲ့နောက် "ရဂုချီ ဟာရူအို"တစ်ယောက် မခံချင်စိတ်တွေဖြစ်လာပြီး "အိုနို အာကီရ"ကို အနိုင်ကစားနိုင်အောင် ကြိုးစားပါတော့တယ်။  ဒီလိုနဲ့ "ရဂုချီ ဟာရူအို"တစ်ယောက် ဘက်စုံထူးချွန်တဲ့ "အိုနို အာကီရ"ကို အနိုင်ပြန်ယူနိုင်ပါ့မလား။  ...
8.1
TMDb: 8.1/10 69 votes
tv

Hi Score Girl

2018
Chihayafuru Season 1
Chihayafuru Season 1 Genres-Drama,Game,Josei,School Slice of Life,Sports 25ပိုင်းရှိပြီးတော့Ratingဟာဆိုရင်လည်း8.3တောင်ရထားပါတယ်။ထွက်ထားတဲ့Live Action Movieဟာဆိုရင်လည်းလုံးဝကျော်ကြားတာမို့ဒီAnime seriesလေးကိုကြည့်ဖို့တိုက်တွန်းပါတယ်ဗျ။ Review By Kouhei စိတ်အားထက်သန်ပြီး ယောကျာ်းလေးဆန်တဲ့ Chihaya Ayase သည်သူမရဲ့အစ်မအရိပ်အောက်မှာကြီးပြင်းလာခဲ့တယ်။သူမမှာကိုယ်ပိုင်အိပ်မက်ဆိုတာမရှိဘဲ ဘဝကြီးကိုနေရတာရောင့်ရဲတင်းတိမ်နေခဲ့တယ်၊Arata Watayaဆိုတဲ့ကောင်လေးနဲ့မတွေ့ခင်အထိပေါ့။Chihayaရဲ့မူလတန်းအတန်းကိုပြောင်းလာတဲ့Arataဆိုတဲ့ကောင်လေးဟာသူမကိုKarutaဆိုတဲ့ဂိမ်းကိုမိတ်ဆက်ပေးလိုက်တယ်။Arata ရဲ့စိတ်အားထက်သန်မှုနဲ့ဂျပန်မှာအကောင်းဆုံးဖြစ်လာနိုင်တယ်ဆိုတဲ့လှုံ့ဆော်ပေးမှုကြောင့် Chihaya ဟာ Karuta လောကကိုလျင်မြန်စွာချစ်မြတ်နိုးခဲ့တယ်။ ChihayaဟာArata နဲ့အတူမာနထောင်လွှား​ပေမယ့်ကြိုးစားလုပ်ကိုင်တဲ့သူငယ်ချင်း Taichi Mashimaတိုနဲ့ဒေသခံ Shiranami Society နဲ့ပူးပေါင်းခဲ့တယ်။သူတို့သုံးယောက်ဟာသူတို့ရဲ့ကလေးဘဝနေ့ရက်တွေကို အတူကစားခဲ့ကြတာပေါ့။ဒါပေမဲ့အခြေအနေပြသနာတွေကြောင့်သူတို့သုံးယောက် ကွဲသွားခဲ့တယ်။ အထက်တန်းရောက်တော့ChihayaဟာလုံးဝKarutaဂိမ်းကိုရူးသွပ်တဲ့ကောင်မလေးဖြစ်လာခဲ့တယ်။သူမဟာနိုင်ငံအဆင့်ထိဝင်ပြိုင်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့Municipal Mizusawaအထက်တန်းကျောင်းမှာ Karutaအသင်းကိုတည်ထောင်ဖို့ဆုံးဖြတ်ခဲ့တာပေါ့။Chihayaဟာအရင်ကပုံစံနဲ့မတူတော့တဲ့Taichiနဲ့ပြန်လည်ဆုံစည်းခဲ့တဲ့အခါမှာChihayaရဲ့Karutaအသင်းကိုတည်ထောင်မယ်ဆိုတဲ့အိပ်မက်ဟာခြေတစ်လှန်းနီးလာတာပေါ့။ဒါပေမဲ့သူမလိုမျိုးစိတ်ဓာတ်ရှိတဲ့အဖွဲ့ဝင်တွေကိုChihayaတစ်ယောက်ခေါ်နိုင်ပါ့မလား။ခေါ်နိုင်ခဲ့ရင်လည်းသူတို့နဲ့အတူနိုင်ငံအဆင့်ထိရောက်အောင်ဘယ်လိုကြိုးစားမလဲဆိုတာကတော့.... Note (Karutaဆိုတာကတော့ နှစ်ဘက် တဦးချင်းစီ ပြိုင်ရတာဖြစ်ပါတယ် ပြိုပွဲဝင်တွေရဲ့ ရှေ့မှာ ကဗျာကတ်တွေကို စီတန်းထားရပါတယ် ပြိုင်ပွဲစရင် ကဗျာဖတ်တဲ့သူက ဖတ်လိုက်တဲ့ကတ်ကို ပြိုင်ပွဲဝင်က တူတဲ့ကတ်ကို ရွေးထုတ်ပြီး ကိုယ့်ဆီမှာ ကတ်မကျန်တဲ့သူက အနိုင်ရရှိတာဖြစ်ပါတယ် မိန်းကလေးချင်းပြိုင်ပွဲဆိုရင် နိုင်တဲ့သူကို Queenလို့ခေါ်ပြီး ယောင်္ကျားလေးချင်းဆိုရင် Meijinလို့ ခေါ်ပါတယ် မူလတန်းကစလို့ သက်ကြီးရွယ်အိုမရွေး လူကြိုက်များတဲ့ ကစားနည်းတခုပါ) ___________ Episode 1 Watch online                     Download ///   Episode 2 Watch online                     Download ///   Episode 3 Watch online                     Download ///   Episode 4 Watch online ...

Chihayafuru Season 1