MMANIME

Horror

Ajin Season 2 8.2
Ajin Season 2 $#M712006ScriptRootC1135055 {min-height: 300px;}$ သေခြင်းတရားကနေလွတ်မြောက်လာပြီးတဲ့နောက် Kei Nagai ဟာ သူ့ရဲ့ရဲဘော် Kou Nakanoနဲ့အတူကမ္ဘာကြီးကိုအုပ်စိုးချင်နေတဲ့ Satou နဲ့ သူ့နောက်လိုက် Ajin တွေကိုလက်စားချေဖို့ကြံစည်ပါတော့တယ်။ Satouဟာလူသားမျိုးနွယ်တွေကိုသုတ်သင်ပစ်ဖို့စတင်လာတဲ့အခါ လူသားမျိုးနွယ်တွေကလည်း အဲ့ဒီမသေမျိုးမကောင်းဆိုးဝါးကြီးကိုရပ်တန့်ဖို့ အလျင်စလိုဖြစ်လာကြပါတော့တယ်။ ဒါတွေအပြင်Keiဟာယခင်ကပြိုင်ဘက်နှစ်ယောက်ရဲ့ပူးပေါင်းမှုကိုလည်းဘဝင်မကျဖြစ်ခဲ့ပါတယ်။ အဲ့နှစ်ယောက်ကတော့ Ajinတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအသေးစိတ်လေ့လာပြီး နည်းပညာဆိုင်ရာတွေနဲ့Keiကိုရန်မူခဲ့တဲ့အဆင့်မြင့်အုပ်ချုပ်သူ Yuu Tosaki နဲ့သူ့ရဲ့လက်ထောက် Izumi Shimomura တို့ပဲဖြစ်ပါတယ်။ အုပ်စုပြိုင်ဘက်တွေဆုံလာတဲ့အလျောက်လူသားမျိုးနွယ်တွေမျိုးသုဉ်းအောင်လုပ်မယ့် Satou ရဲ့လုပ်ငန်းစဉ်မှာပါတဲ့သူမှန်သမျှကိုရှင်းပစ်ဖို့ Kei မှာတာဝန်ရှိလာပါတော့တယ်။ Keiဟာ Satouကိုရပ်တန့်ရမယ့်အပြင် တစ်ချိန်တည်းမှာပဲ Tosaki တို့အဖွဲ့ကိုပါရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ ဒီလိုသုံးပွင့်ဆိုင်စစ်ပွဲကြားထဲကလူသားမျိုးနွယ်တွေကကော ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့...   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5]   $#M712006ScriptRootC1135054 {min-height: 300px;}$
8.2
TMDb: 8.2/10 174 votes
tv

Ajin Season 2

2016
Psychic Detective Yakumo 6.5
Psychic Detective Yakumo $#M712006ScriptRootC1135055 {min-height: 300px;}$ ကောလိပ်ကျောင်းသားဖြစ်တဲ့ Saitou Yamako ကမတူညီတဲ့မျက်လုံးနဲ့မွေးဖွားလာပါတယ်။ သူ့ရဲ့ဘယ်ဘက်မျက်လုံးကလည်း ဝိဉာဉ်တွေကိုမြင်တွေ့နိုင်တဲ့ ထူးခြားတဲ့မွေးရာပါစွမ်းအားကိုပိုင်ဆိုင်ထားပါတယ်။ ဝိဉာဉ်တွေဆိုတာ သူတို့ရဲ့မပြီးမြောက်သေးတဲ့ ဆန္ဒတွေကြောင့်ငြိမ်းငြိမ်းချမ်းချမ်းအနားမယူနိုင်တာလို့ ယုံကြည်ထားတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Ozawa Haruka ဆိုတဲ့ကောင်မလေးရဲ့အကူအညီတောင်းမှူကြောင့်အတူစုံစမ်းရင်း ဘာတွေဘယ်လိုပြောင်းလဲသွားမလဲ ... သူစုံစမ်းရမဲ့အမှူတွေကလည်း Ozawa Haruka နဲ့ ဘယ်လိုပတ်သတ်နေမလည်းဆိုတာ စောင့်မျှော်ကြည့်ရှူရမှာပါ   [Episode 1] [Episode 2] [Episode 3]   $#M712006ScriptRootC1135054 {min-height: 300px;}$
6.5
TMDb: 6.5/10 2 votes
tv

Psychic Detective Yakumo

2010
Mononoke 8
Mononoke $#M712006ScriptRootC1135055 {min-height: 300px;}$ Toei Animation ကနေဖန်တီးထားတဲ့လက်ရာဖြစ်တာကြောင့် သေချာပေါက်ကောင်းတဲ့ Anime ဇာတ်လမ်းတွဲလေးတစ်ကားဖြစ်မှာသေချာပါတယ် Mononoke ဆိုတဲ့ကားလေးကိုတကယ့်နာမည်အတိုင်း Anime လောကထဲကငုပ်လျိုးနေတဲ့ အဖိုးတန်ကျောက်မျက်ရတနာအဖြစ်ကြည့်ပြီးပြီဆိုရင်တော့ယူဆမိလောက်ပါတယ် အသက်ရှူမှားလောက်တဲ့မြင်ကွင်းတွေ,ရှုပ်ထွေးတဲ့ဇာတ်အလှည့်အပြောင်းနဲ့ကာရိုက်တာတွေ, ဇာတ်လမ်းထဲကစိတ်ဝင်စားစရာကောင်းတဲ့နောက်ခံမြင်ကွင်း ချောက်ချားဖွယ်ဇာတ်လမ်းမျိုးကိုမှဆန်းသစ်ထားတာတွေ, အရောင်အသွေးစုံလင်တောက်ပစွာရောယှက်ဖန်တီးထားတဲ့လက်ရာတွေကို ဒီ Anime ဇာတ်လမ်းတွဲလေးမှာရှူစားရမှာဖြစ်ပါတယ် Mononoke ဆိုတဲ့ကားလေးဟာ Kusuriuri လို့အမည်ရပြီး ဂမ္ဘီရပညာမှာကျွမ်းကျင်တဲ့ထူးထူးဆန်းဆန်းလူတစ်ယောက်ရဲ့ အဆုံးမရှိမဲ့ခရီးအပေါ်မှာဇာတ်အိမ်တည်ထားတယ်လို့ပဲပြောရပါမယ် Kusuriuri ဟာမြေရှင်ပဒေသရာဇ်ခေတ်ဂျပန်နိုင်ငံအနှံ့ကိုလျှောက်သွားပြီး Mononoke လို့ခေါ်တဲ့ဆန်းကြယ်သတ္တဝါတွေကိုသူ့ရဲ့အစွဲချွတ်တဲ့ဓားနဲ့လိုက်ပြီးချေမှုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် Mononoke တွေဟာလူသားတွေရဲ့ပြင်းထန်တဲ့ခံစားချက်တွေ, မလွတ်မြောက်နိုင်တဲ့အတိတ်ကစိတ်ဒဏ်ရာတွေ,မပြေလည်တဲ့ကိစ္စတွေ, သဘာဝမဆန်တဲ့သေဆုံးမှုတွေကနေဖြစ်တည်လာကြတာပဲဖြစ်ပါတယ် Mononဝke တစ်ကောင်ချင်းစီမှာလက်စားချေလိုစိတ်,ဒေါသ,ဝမ်းနည်းမှုစတဲ့ မတူညီတဲ့ဆန္ဒတွေရှိပြီးအဲ့ဆန္ဒတွေကြောင့်ပဲသူတို့ဟာသူတို့လမ်းမှာရှိသမျှလူသားတွေများစွာကိုသတ်ဖြတ်လေ့ရှိကြပါတယ် Kusuriuri ဟာအဲ့လို Mononoke တွေကိုလိုက်လံသုတ်သင်နေပြီး ဘာကြောင့်ဒီလိုလိုက်သတ်နေရတာလဲ? Mononoke တွေကိုရောအပြီးသတ်သုတ်သင်နိုင်ပါ့မလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်   [Episode 1 - 6] [Episode 7 - 12]   $#M712006ScriptRootC1135054 {min-height: 300px;}$
8
TMDb: 8/10 17 votes
tv

Mononoke

2007
Berserk 8.3
Berserk $#M712006ScriptRootC1135055 {min-height: 300px;}$ ကြည့်ဖူးသမျှ anime တွေထဲမှာ ဒီကားကတော်တော်ကိုတမျိုးကြီးဖြစ်စေတဲ့ကားပါ လူဆိုးနဲ့လူကောင်းမှာ လူကောင်းတွေဟာအမြဲနိုင်တယ်ဆိုတဲ့ ပုံသေနည်းကြီးကနေလည်းသွေဖီနေတဲ့ကားဖြစ်သလို Animeတွေထဲမှာပါတဲ့လူဆိုးတွေထဲမှာ အဆိုးဆုံး၊အယုတ်ဆုံး၊ ကောက်ကျစ်ဆုံးလူဆိုးပါနေတဲ့ကားလည်းဖြစ်တယ်လို့ကိုပြောလို့ရပါတယ် အသက်ကန့်သတ်ချက်ကလည်း နိုင်ငံတော်တော်များများမှာ 16နှစ်အထက်သတ်မှတ်ထားပါတယ် စကားလုံးကြမ်းတာတွေ၊သတ်တာဖြတ်တာကြမ်းတွေ၊မုဒိန်းကျင့်တာတွေပါနေတဲ့အတွက် 16 နှစ်အထက်သတ်မှတ်ထားတာလွန်တယ်လို့ကိုမထင်ပါဘူး ဇာတ်လမ်းကိုတော့မပြော‌တော့ဘူးဗျ 1997 ထွက်ဆိုပေမယ့် တကယ့်ကို old but gold ကားစစ်စစ်ပါ စုစုပေါင်း 25 ပိုင်းပါပါတယ်   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5] [Episode 6] [Episode 7] [Episode 8]   $#M712006ScriptRootC1135054 {min-height: 300px;}$
8.3
TMDb: 8.3/10 147 votes
tv

Berserk

1997
Jujutsu Kaisen 7
Jujutsu Kaisen SeeJujutsu Kaisen Review ငါတို့ကောင်တွေတိုက်ခိုက်နေတာက...မရဏလမ်းမှာမှန်ကန်အောင်လျှောက်လှမ်းနိုင်ဖို့ပဲ သောကတွေ နောင်တတွေ အရှက်တရားတွေ အစရှိတဲ့ငါတို့လူသားတွေရဲ့အဆိုးမြင်ခြင်းခံစားချက်တွေဟာ တစ်နေ့ပြီးတစ်နေ့ကြီးထွားလာလိုက်တာ ကျိန်စာတစ်ခုလိုမျိုး သတ္တဝါနတ်ဆိုးတစ်ကောင်လိုမျိုး အတွင်းထဲမှာကိန်းအောင်းမွေးဖွားလာခဲ့ကြတယ် အဲ့ဒီကျိန်စာကြီးကထိန်းချုပ်မရအောင် ဒီတစ်ကမ္ဘာလုံးကိုနေ့စဉ်ပျံ့နှံ့နေတယ် ဒီကျိန်စာကောင်ကြီးကမထင်မှတ်ထားလောက်အောင်ကြောက်ဖို့ကောင်းလွန်းတယ် ဒီကျိန်စာကြီးကပဲလူတွေကိုအမှားတွေ ကံဆိုးမှုတွေယူဆောင်လာတယ် အဆုံးစွန်ဆုံးပြောရရင် သေခြင်းတရားကိုတောင်တစ်ပါတည်းခေါ်လာလေ့ရှိတယ် မီးကိုမီးနဲ့ငြိမ်းရတယ်ဆိုတာတချို့ကိစ္စတွေအတွက်အဓိပ္ပါယ်မရှိပေမယ့် ဒီကျိန်စာကိုတော့နောက်ထပ်ကျိန်စာတစ်ခုနဲ့ပဲဖျက်ဆီးပစ်လို့ရတယ် သာမန်အထက်တန်းကျောင်းသားဘဝကိုဖြတ်သန်းနေရတဲ့ Itadori Yujiဆိုတဲ့လူငယ်လေးဟာ အရွယ်နဲ့မလိုက်အောင် ခွန်အားတွေရှိနေတယ် တစ်နေ့မှာသူ့သူငယ်ချင်းကိုအဲ့ဒီကျိန်စာဆိုးကောင်ကြီးကတိုက်ခိုက်ဖို့လုပ်တယ် အဲ့တာကိုသူကယ်ဖို့အတွက်သူဟာအဲ့ဒီမျက်နှာနှစ်ဖက်နဲ့ကျိန်စာဆိုးကောင်ကြီးရဲ့လက်ကိုကိုက်စားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲကိုအဲ့ဒီကျိန်စာတွေထည့်သွင်းလိုက်တယ် အဲ့ဒီအချိန်ကစပြီးသူဟာနှစ်စိတ်တစ်ကိုယ်ဆိုတဲ့အတိုင်း သူဟာအဲ့အကောင်ကြီးနဲ့ခန္ဓာကိုယ်တစ်ခုထဲမှာမျှပြီးနေလိုက်ရတယ် အဲ့အခါItadoriကမြို့ပြတိုကျိုရဲ့အောက်လမ်းမှော်ပညာတွေစုနေတဲ့အထက်တန်းကျောင်းကိုရွှေ့ပြောင်းလိုက်ပါတယ် ရည်ရွယ်ချက်ကတော့အဲ့ဒီကအောက်လမ်းဆရာတွေမှော်ဆရာတွေရဲ့အစွမ်းထက်ဆုံးသူတစ်ဦးဖြစ်တဲ့Gojo Satoruဆိုတဲ့လူကိုယ်တိုင်ညွှန်ကြားထားတဲ့အဖွဲ့အစည်းထဲကိုဝင်ဖို့ပါ အဲ့အဖွဲ့အစည်းကတော့အဲ့ဒီလိုကျိန်စာဆိုးကောင်ကြီးတွေကိုတိုက်ဖျက်တဲ့အဖွဲ့အစည်းကြီးတစ်ခုပေါ့...ဒီဇာတ်လမ်းကတော့ပြန်လမ်းမရှိတဲ့ကောင်လေးတစ်ယောက် ကျိန်စာဆိုးတွေကိုတိုက်ဖျက်ဖို့ကိုယ်တိုင်ကကျိန်စာဖြစ်သွားတဲ့သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းပေါ့...ကျိန်စာနတ်ဆိုးကြီးတွေကိုဘယ်လိုတိုက်ခိုက်မလဲ ဘယ်လိုတိုက်ပွဲတွေမြင်ရမလဲဆိုတာကတော့...Mmanime(dot)org websiteမှာဆက်လက်ကြည့်ရှုပေးပါခင်ဗျာ Episode 1 Mega Episode 2 (720p) / (1080p) Episode 3 Mega/ Mediafire Episode 4 Mega / Mediafire Episode 5 Mega / Mediafire Episode 6 Mega / Mediafire  Episode 7 Mediafire /  Mediafire  Episode 8 Mediafire /  ...
7
TMDb: 7/10 2 votes
tv

Jujutsu Kaisen

2020
Psychic Detective Yakumo 8
Psychic Detective Yakumo japanese name လေးကတော့ Shinrei Tantei Yakumo ပါ Horror ကားကြိုက်တဲ့သူတွေကြည့်သင့်တဲ့ကားကောင်းလေးပါ Bee train studio ကနေထုတ်ထားတော့ကောင်းမှာတောာ့အသေအချာပါပဲ IMDb rating 10 မှာ 6.7 ထိရရှိထားပြီး MAL rating မှာတော့ 7.4 ထိရရှိထားသောကားလေးဖြစ်ပါတယ်ဗျ သေခြင်းတရားဆိုတာ လူတိုင်းကြုံတွေ့ရမယ့်အရာတခုပါ ထိုအရာကို ကြိုတင်သိမြင်နိုင်မယ်ဆိုရင်...... ငယ်စဉ်တည်းက ထူးဆန်းစွာ မျက်လုံးအနီရောင်နဲ့ မွေးဖွားလာသောသူ သေခြင်းတရားတွေကို ဆက်စပ်မြင်နိုင်စွမ်းရှိသော Yakumo Saito လက်ဆောင်လား ကျ်ိန်စာလားလို့တောင်ပြောလို့ရတဲ့အစွမ်းက လူတိုင်းကြောက်ရွံ့စေနိုင်ပေမဲ့ သူ့အတွက်တော့ မကြောက်ခဲ့ပါဘူး တစ်နေ့မှာ Haruka Ozawa ဆိုတဲ့ကောင်မလေးတယောက် သူ့ရဲ့အိမ်တံခါးဝဆီကိုလာရောက်ကာ သူမရဲ့သူငယ်ချင်းတွေကို ကယ်တင်ပေးဖို့ ပြောတဲ့အခါမှ သူလက်ခံပြီး ဘယ်လိုဖြေရှင်းသွားမယ် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကတော့....... #LCAM   Episode 1   Episode 2   Episode 3   Episode 4
8
TMDb: 8/10 1 votes
tv

Psychic Detective Yakumo

2010
When They Cry 7.5
When They Cry Higurashi No Naku Koro Ni (When they cry) Total episode: 26 Genre: Horror, Mystery, Psychological, Thriller, Supernatural, Dementia ဇာတ်လမ်းအကျဥ်း ၁၉၈၃ ခုနှစ် နွေရာသီလောက်မှာ Hinamizawa ဆိုတဲ့ရွာသေးသေးလေးကို Keiichi Maebara ဆိုတဲ့ကောင်လေးတယောက်ပြောင်းလာခဲ့တယ် ရောက်ပြီးသိပ်မကြာခင်မှာဘဲ  Rena Ryuuguu ရယ်  Mion Sonozakiရယ်  Satoko Houjou နဲ့  Rika Furude လို့ခေါ်တဲ့ကောင်မလေး ၄ ယောက်နဲ့ သူငယ်ချင်းတွေဖြစ်လာကြတယ် အတူတူသွားအတူတူလာ အတူတူဆော့ကြနဲ့အရမ်းကိုခင်ကြမင်ကြပျော်ရွှင်ခဲ့ကြတယ်.... သို့သော် ဒီပျော်စရာနေ့လေးတွေဟာရည်ရှည်မခံခဲ့ပါဘူး တနေ့မှာတော့ Keiichi တယောက်လူတယောက်နဲ့တွေ့ဆုံပြီးစကားပြောရင်း ဒီရွာဟာသူထင်သလိုအေးချမ်းတဲ့ရွာမဟုတ်ဘဲ နတ်ဆိုး ဝိညာဉ်တွေနဲ့ဆက်စပ်နေတယ်ဆိုတာကိုသိလာရတယ် အထူးသဖြင့် cotton drifting festival လို့ခေါ်တဲ့ဝါဂွမ်းမျှော်ပွဲတော်ညမှာ လူတယောက်သေဆုံးလေ့ရှိတယ်ဆိုအဖြစ်ပျက်ဆိုးကြီးပေါ့....မင်းသားကသူ့သူငယ်ချင်းတွေကိုမေးတော့လဲမသိသလို မဖြစ်သလိုခါးခါးသီးသီးငြင်းကြတယ်....သူတို့ဘာလို့လျှိုဝှက်ထားတာလဲ မင်းသားကရောသူတို့ကိုအရင်လိုဆက်ခင်နေအုံးမှာလား ဒီသေဆုံးမှုကြီးကရော ဘာတွေနဲ့ဆက်စပ်လို့လဲဆိုတာကို ဇာတ်ကားလေးမှာအဖြေရှာကြည့်ပါ...... With the ...
7.5
TMDb: 7.5/10 31 votes
tv

When They Cry

2006
Tokyo Ghoul S1 7.6
Tokyo Ghoul S1 Review - (black bull ) ကြိုပီးတော့ပြောထားတာပါ review ရှည်သွားရင် sorry ပါဗျ -ဇာတ်လမ်းကိုတော့ Tokyo မြို့မှာ ကြောက်မက်ဖွယ်ရာ စိတ်ကူးရင်ဆန်ဆန် ဇာတ်အိမ်တည်ထားပါတယ်။ “Ghouls” တွေလို့ အမည်ရတဲ့ ထူးဆန်းသက်ရှိတွေက လူသားတွေကို အမဲလိုက်စားသောက်ခံနေရသလို (လူသားစားတာပေါ့) သူတို့တွေက မျက်နှာဖုံးတွေ ဝတ်ဆင်ထားလေ့ရှိကြသဖြင့် ဘယ်သူကဖြင့် ghoul ဆိုတာမပြောနိုင်တဲ့အတွက် လူသားတွေအနေနဲ့ ကြောက်ရွံ့မှုတွေကြားမှာ လှုပ်ရှားသွားလာနေကြရပါတယ်။ Kaneki Ken ဆိုတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ Kamishiro Rize ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ ဆုံတွေမိခဲ့ကြတယ်။ ဆိုင်လေးနာမည်က Anteiku။ စာပေဗဟုသုတ ဝါသနာပါတဲ့သူတို့နှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက် ဖလှယ်ကြရင်းနဲ့ date ဖြစ်သွားကြတယ်။ အဲ့ဒီည Kaneki တစ်ယောက် Rize ကို အိမ်ပြန်လိုက်ပို့ရင်းနဲ့ လူပြတ်တဲ့နေရာ ရောက်တဲ့အချိန်မှာတော့ Rize ရဲ့ တိုက်ခိုက်တာကို ...
7.6
TMDb: 7.6/10 283 votes
tv

Tokyo Ghoul S1

2014
Kabaneri of the Iron Fortress 6.4
Kabaneri of the Iron Fortress Genre - Action, Drama, Fantasy, Horror ဇာတ်လမ်းအကျဉ်း   စက်မှုတော်လှန်ရေးကာလအတွင်းမှာတော့ မကောင်းဆိုးဝါးတစ်ကောင်ပေါ်လာခဲ့ပါတယ်....အဲ့မကောင်းဆိုးဝါးကို တော်ရုံနဲ့ သတ်လို့မရပဲ သူ့နှလုံးသားကို ထိုးနိုင်မှသာ သတ်နိုင်မှာဖြစ်ပါတယ်....အဲ့ မကောင်းဆိုးဝါးရဲ့ နှလုံးကိုလည်း သံနဲ့ ကာထားတယ်ဆိုသတဲ့။ အဲ့မကောင်းဆိုးဝါးက လူတွေကိုကိုက်လိုက်ရင် လူတွေမှာ ရောဂါတစ်ခုဖြစ်သွားပြီး Kabane လို့ ခေါ်တဲ့အကောင်အဖြစ်ပြောင်းသွားပါတယ်။ အဲ့ kabane တွေနဲ့ ဝေးကွာတဲ့ နေရာ အေ့ရှဘက်မှာရှိတဲ့ Hinomoto ဆိုတဲ့ ကျွန်းမှာ လူသားတွေ နေကြပါတယ်။ နောက်ပြီး လူတွေဟာ ဘူတာတွေကနေတစ်ဆင့် တစ်နေရာကတစ်နေရာ ပစ္စည်းတွေ သယ်ယူပို့ဆောင်ကြပါတယ်။ Hayajiro ဘူတာမှာနေတဲ့ Ikoma ဆိုတဲ့ကောင်လေးဟာ အဲ့သတ္တဝါတွေကို နှိမ်နှင်းနိုင်တဲ့ လက်နက်ထွင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ အဲ့ဘူတာမှာရှိတဲ့ ဝန်ထမ်းတွေဟာ kabane အဖြစ်ပြောင်းသွားပြီး Ikoma ဟာ သူ့လက်နက်ကို အမှန်တကယ်စမ်းသပ်နိုင်မယ့်အချိန် ရောက်လာပါတယ်။   Ep1 (150 MB) Ep2 (167 MB) Ep3 ...
6.4
TMDb: 6.4/10 39 votes
tv

Kabaneri of the Iron Fortress

2016
SCHOOL-LIVE! 8.3
SCHOOL-LIVE! Takeya Yuki ဟာ ကျောင်းပျော်တစ်ဦးဖြစ်ပြီး ကျောင်းကနေဘယ်တော့မှ မထွက်ချင်တဲ့မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ သူတက်တဲ့အထက်တန်းကျောင်းက Megurigaoka အထက်တန်းကျောင်းလို့ခေါ်ပြီး ပျော်စရာကောင်းတဲ့ ကျောင်းတော်ကြီးပါ။ နောက်ပြီး သူဟာ ကျောင်းမှာ နေထိုင်ခြင်းကလပ်(School Living Club) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Miki ရယ်၊ Kurumi ရယ်၊ Yuuki ရယ်၊ ဆရာမ Megumi ရယ် နဲ့ Taroumaru ဆိုတဲ့ခွေးလေးရယ် ရှိပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့ကလပ်ဟာ ဆိုးရွားတဲ့အမှန်တရားကို ခဏတာလေးပဲဖြစ်ဖြစ် မေ့နိုင်အောင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့တစ်ကျောင်းလုံးဟာ zombie တွေဖြစ်နေခဲ့ပြီး အသက်ရှင်သန်နေတဲ့လူသားတွေဆိုလို့ သူတို့သာ ကျန်ရစ်ပါတယ်။ နောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့...... အပိုင်း စုစုပေါင်း ၁၂ ပိုင်း ရှိပါတယ် Genres: Horror, Mystery, Psychological, School, Slice of Life Ep1 (91 MB) Ep2 ...
8.3
TMDb: 8.3/10 26 votes
tv

SCHOOL-LIVE!

2015
Tokyo Ghoul :Re “S2” 7.6
Tokyo Ghoul :Re “S2” Tokyo ghoul:re 2nd season (720P) Review Tokyo ghoul:re 1st season မှာတော့ Kanekiဟာအတိတ်ကအကြောင်းအရာတွေကိုမေ့ပျောက်နေခဲ့ပါတယ်။အဲ့ဒီမှာတော့သူဟာ Kaneki ဆိုတဲ့လူရဲ့ဘဝအနေနဲ့မဟုတ်ဘဲ Sasaki Haise ဆိုတဲ့ဘဝအနေနဲ့ပေါ့။သူအဲ့ဒီဘဝမှာပျော်ခဲ့တယ်။Quinxဆိုတဲ့အဖွဲ့လေးလည်းတည်ထောင်ခဲ့တယ်။မိသားစုလိုခင်ရတဲ့သူတွေလည်းရခဲ့တယ်။အထူးသဖြင့်Arima Kishou ပေါ့။ဒါပေမယ့်နောက်ပိုင်းမှာHaiseရဲ့ခေါင်းထဲမှာတစ်ယောက်ယောက်ကအမြဲနှောင့်ယှက်နေခဲ့တယ်။တဖြည်းဖြည်းနဲ့အဲ့ဒီလူဟာဘယ်သူလဲဆိုတာသူသိချင်လာတယ်။နောက်တော့သူသိလိုက်ရတာကသူ့ခေါင်းထဲမှာနှောင့်ယှက်နေတာကသူ့ရဲ့အရင်ဘဝဖြစ်တဲ့Kaneki Kenပါပဲ။ဒါကိုသူလက်မခံနိုင်သေးပါဘူး အများကြီးစုံစမ်းပါတယ်။နောက်ဆုံးမှာတော့သူဟာHaiseဆိုတဲ့ခဏတာအိပ်မက်ကလေးကနိုးထလာပြီးKaneki Kenဆိုတဲ့ဘဝကိုပြန်ရောက်လာခဲ့ပါတယ်။အတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးမှတ်မိလာပါတယ်။အခုTokyo ghoul:re 2nd season မှာတော့သူ့ကိုKaneki Kenအဖြစ်နဲ့ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့အခါကျသူဘယ်လိုရှေ့ဆက်သွားမလဲ။Arimaနဲ့သူ့ရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်သွားမလဲဆိုတာကတော့...ဆက်လက်ကြည့်ရှုလိုက်ပါနော်။ 720p Ep-1  Ep-2  Ep-3  Ep-4  Ep-5  Ep-6  Ep-7  Ep-8  Ep-9  Ep-10  Ep-11  Ep-12  480p Ep-1    Ep-2  Ep-3  Ep-4  Ep-5  Ep-6  Ep-7  Ep-8  Ep-9  Ep-10  Ep-11  Ep-12 Translator:Kan San Encoder:Izu,Peter
7.6
TMDb: 7.6/10 262 votes
tv

Tokyo Ghoul :Re “S2”

2014