MMANIME

Seinen

Ajin Season 2 8.2
Ajin Season 2 $#M712006ScriptRootC1135055 {min-height: 300px;}$ သေခြင်းတရားကနေလွတ်မြောက်လာပြီးတဲ့နောက် Kei Nagai ဟာ သူ့ရဲ့ရဲဘော် Kou Nakanoနဲ့အတူကမ္ဘာကြီးကိုအုပ်စိုးချင်နေတဲ့ Satou နဲ့ သူ့နောက်လိုက် Ajin တွေကိုလက်စားချေဖို့ကြံစည်ပါတော့တယ်။ Satouဟာလူသားမျိုးနွယ်တွေကိုသုတ်သင်ပစ်ဖို့စတင်လာတဲ့အခါ လူသားမျိုးနွယ်တွေကလည်း အဲ့ဒီမသေမျိုးမကောင်းဆိုးဝါးကြီးကိုရပ်တန့်ဖို့ အလျင်စလိုဖြစ်လာကြပါတော့တယ်။ ဒါတွေအပြင်Keiဟာယခင်ကပြိုင်ဘက်နှစ်ယောက်ရဲ့ပူးပေါင်းမှုကိုလည်းဘဝင်မကျဖြစ်ခဲ့ပါတယ်။ အဲ့နှစ်ယောက်ကတော့ Ajinတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအသေးစိတ်လေ့လာပြီး နည်းပညာဆိုင်ရာတွေနဲ့Keiကိုရန်မူခဲ့တဲ့အဆင့်မြင့်အုပ်ချုပ်သူ Yuu Tosaki နဲ့သူ့ရဲ့လက်ထောက် Izumi Shimomura တို့ပဲဖြစ်ပါတယ်။ အုပ်စုပြိုင်ဘက်တွေဆုံလာတဲ့အလျောက်လူသားမျိုးနွယ်တွေမျိုးသုဉ်းအောင်လုပ်မယ့် Satou ရဲ့လုပ်ငန်းစဉ်မှာပါတဲ့သူမှန်သမျှကိုရှင်းပစ်ဖို့ Kei မှာတာဝန်ရှိလာပါတော့တယ်။ Keiဟာ Satouကိုရပ်တန့်ရမယ့်အပြင် တစ်ချိန်တည်းမှာပဲ Tosaki တို့အဖွဲ့ကိုပါရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ ဒီလိုသုံးပွင့်ဆိုင်စစ်ပွဲကြားထဲကလူသားမျိုးနွယ်တွေကကော ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့...   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5]   $#M712006ScriptRootC1135054 {min-height: 300px;}$
8.2
TMDb: 8.2/10 174 votes
tv

Ajin Season 2

2016
Mononoke 8
Mononoke $#M712006ScriptRootC1135055 {min-height: 300px;}$ Toei Animation ကနေဖန်တီးထားတဲ့လက်ရာဖြစ်တာကြောင့် သေချာပေါက်ကောင်းတဲ့ Anime ဇာတ်လမ်းတွဲလေးတစ်ကားဖြစ်မှာသေချာပါတယ် Mononoke ဆိုတဲ့ကားလေးကိုတကယ့်နာမည်အတိုင်း Anime လောကထဲကငုပ်လျိုးနေတဲ့ အဖိုးတန်ကျောက်မျက်ရတနာအဖြစ်ကြည့်ပြီးပြီဆိုရင်တော့ယူဆမိလောက်ပါတယ် အသက်ရှူမှားလောက်တဲ့မြင်ကွင်းတွေ,ရှုပ်ထွေးတဲ့ဇာတ်အလှည့်အပြောင်းနဲ့ကာရိုက်တာတွေ, ဇာတ်လမ်းထဲကစိတ်ဝင်စားစရာကောင်းတဲ့နောက်ခံမြင်ကွင်း ချောက်ချားဖွယ်ဇာတ်လမ်းမျိုးကိုမှဆန်းသစ်ထားတာတွေ, အရောင်အသွေးစုံလင်တောက်ပစွာရောယှက်ဖန်တီးထားတဲ့လက်ရာတွေကို ဒီ Anime ဇာတ်လမ်းတွဲလေးမှာရှူစားရမှာဖြစ်ပါတယ် Mononoke ဆိုတဲ့ကားလေးဟာ Kusuriuri လို့အမည်ရပြီး ဂမ္ဘီရပညာမှာကျွမ်းကျင်တဲ့ထူးထူးဆန်းဆန်းလူတစ်ယောက်ရဲ့ အဆုံးမရှိမဲ့ခရီးအပေါ်မှာဇာတ်အိမ်တည်ထားတယ်လို့ပဲပြောရပါမယ် Kusuriuri ဟာမြေရှင်ပဒေသရာဇ်ခေတ်ဂျပန်နိုင်ငံအနှံ့ကိုလျှောက်သွားပြီး Mononoke လို့ခေါ်တဲ့ဆန်းကြယ်သတ္တဝါတွေကိုသူ့ရဲ့အစွဲချွတ်တဲ့ဓားနဲ့လိုက်ပြီးချေမှုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် Mononoke တွေဟာလူသားတွေရဲ့ပြင်းထန်တဲ့ခံစားချက်တွေ, မလွတ်မြောက်နိုင်တဲ့အတိတ်ကစိတ်ဒဏ်ရာတွေ,မပြေလည်တဲ့ကိစ္စတွေ, သဘာဝမဆန်တဲ့သေဆုံးမှုတွေကနေဖြစ်တည်လာကြတာပဲဖြစ်ပါတယ် Mononဝke တစ်ကောင်ချင်းစီမှာလက်စားချေလိုစိတ်,ဒေါသ,ဝမ်းနည်းမှုစတဲ့ မတူညီတဲ့ဆန္ဒတွေရှိပြီးအဲ့ဆန္ဒတွေကြောင့်ပဲသူတို့ဟာသူတို့လမ်းမှာရှိသမျှလူသားတွေများစွာကိုသတ်ဖြတ်လေ့ရှိကြပါတယ် Kusuriuri ဟာအဲ့လို Mononoke တွေကိုလိုက်လံသုတ်သင်နေပြီး ဘာကြောင့်ဒီလိုလိုက်သတ်နေရတာလဲ? Mononoke တွေကိုရောအပြီးသတ်သုတ်သင်နိုင်ပါ့မလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်   [Episode 1 - 6] [Episode 7 - 12]   $#M712006ScriptRootC1135054 {min-height: 300px;}$
8
TMDb: 8/10 17 votes
tv

Mononoke

2007
Golden Kamuy Season 1 7
Golden Kamuy Season 1 Saichi Sugimoto ၂၀၃ တောင်ကြား russo ဂျပန်စစ်ပွဲက စစ်မှုထမ်းဟောင်း အခုတော့ သူ့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိန်းမ (မုဆိုးမတွေ)အတွက် ကာကွယ်ဖို့မြောက်ဖျားပိုင်းက hokkaido မှာ မိုင်းလာတူးနေပါတယ် လာတူးတဲ့အကြောင်းပြချက်က ဒီနားတဝိုက်မှာ ainuရွှေတွေရှိတယ်ဆိုတာAbashiri အကျဉ်းထောင်က ဆေးမင်ကြောင်ထိုးတဲ့လူတွေပြောတာကို ကြားလို့ အဲ့နေရာကိုရောက်သွားတဲ့အခါ ကောလဟာလ ကအမှန်ဖြစ်ပြီး တခြားသူတွေလည်း သူ့လိုပဲလိုက်ရှာနေတာတွေ့တော့ သူက ရွှေနဲ့ ‌asirpအဖေ ပတ်သတ်မှု Ainu တွေလျှို့ဝှက်ထားတဲ့ပစ္စည်းကို Ainu လူမျိုး Aspira ဆိုတဲ့ ကောင်မလေး နဲ့အတူစပြီးလိုက်ရှာရင်း ဟာသ နဲ့ တိုက်ခိုက်တာကိုရောနှောထားတဲ့အတွက် အကြိုက်တွေ့မှာပါ Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode 12
7
TMDb: 7/10 20 votes
tv

Golden Kamuy Season 1

2018
Berserk 8.3
Berserk $#M712006ScriptRootC1135055 {min-height: 300px;}$ ကြည့်ဖူးသမျှ anime တွေထဲမှာ ဒီကားကတော်တော်ကိုတမျိုးကြီးဖြစ်စေတဲ့ကားပါ လူဆိုးနဲ့လူကောင်းမှာ လူကောင်းတွေဟာအမြဲနိုင်တယ်ဆိုတဲ့ ပုံသေနည်းကြီးကနေလည်းသွေဖီနေတဲ့ကားဖြစ်သလို Animeတွေထဲမှာပါတဲ့လူဆိုးတွေထဲမှာ အဆိုးဆုံး၊အယုတ်ဆုံး၊ ကောက်ကျစ်ဆုံးလူဆိုးပါနေတဲ့ကားလည်းဖြစ်တယ်လို့ကိုပြောလို့ရပါတယ် အသက်ကန့်သတ်ချက်ကလည်း နိုင်ငံတော်တော်များများမှာ 16နှစ်အထက်သတ်မှတ်ထားပါတယ် စကားလုံးကြမ်းတာတွေ၊သတ်တာဖြတ်တာကြမ်းတွေ၊မုဒိန်းကျင့်တာတွေပါနေတဲ့အတွက် 16 နှစ်အထက်သတ်မှတ်ထားတာလွန်တယ်လို့ကိုမထင်ပါဘူး ဇာတ်လမ်းကိုတော့မပြော‌တော့ဘူးဗျ 1997 ထွက်ဆိုပေမယ့် တကယ့်ကို old but gold ကားစစ်စစ်ပါ စုစုပေါင်း 25 ပိုင်းပါပါတယ်   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5] [Episode 6] [Episode 7] [Episode 8]   $#M712006ScriptRootC1135054 {min-height: 300px;}$
8.3
TMDb: 8.3/10 147 votes
tv

Berserk

1997
Back Street Girls
Back Street Girls Backstreet Girls: Gokudolls Genres-Comedy, Ecchi, Seinen နောက်ထပ်အူတက်အောင်ရီရမယ့်Seriesလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဗျ။Netflixကထုတ်ထားတဲ့အတွက်Crတော့ကြမ်းပါတယ်။ Review Yakuzaသုံးယောက်ဟာသူတို့bossပေးတဲ့တာဝန်ကို ကျရှုံးခဲ့တဲ့အတွက်သူတို့bossကသူတို့ကိုဂုဏ်သိက္ခာရှိရှိကိုယ့်ကိုကိုယ်သတ်သေမလား။ ထိုင်းသွားပြီးတော့မိန်းကလေးအဖြစ်ဖြတ်ဖောက်ချူပ်လုပ်ပြီးidolဖြစ်လာအောင် ကြိုးစားမလားဆိုပြီးနှစ်ခုထဲကတစ်ခုရွေးခိုင်းပါတယ်။သေရမှာကြောက်တဲ့ yakuzaသုံးယောက်ကဖြတ်ဖောက်ချူပ်အလုပ်ခံပြီးidolဖြစ်လာဖို့ဘဲရွေးချယ်လိုက်တဲ့အခါ yakuzaလူကြမ်းကြီးတွေကအမျိူးသမီးidolဘယ်လိုဖြစ်အောင်ကြိုးစားတယ်ဆိုတာ အ​သေခွီနေအောင်ကြည့်ရမှာဖြစ်ပါတယ် Comedyတွေးချည်းကိုင်နေတာကြည့်ပြီးထိုင်ခွီချင်လို့ပါ။တင်တဲ့အခါကျရင်တူတူရီလိုက်ကြရအောင် .button { display: inline-block; border-radius: 4px; background-color: #f4511e; border: none; color: #FFFFFF; text-align: center; font-size: 15px; padding: 15px; width: 200px; transition: all 0.5s; cursor: pointer; margin: 5px; } .button span { cursor: pointer; display: inline-block; position: relative; transition: 0.5s; } .button span:after { ...

Back Street Girls

Interviews with Monster Girls 7.1
Interviews with Monster Girls Review ဒီဇာတ်လမ်းကတော့ "လူတစ်ပိုင်းမကောင်းဆိုးဝါးတစ်ပိုင်း" ဆိုတဲ့နာမည်နဲ့ လူသားတွေကြားထဲမှာ သွားလာလှုပ်ရှားနေကြတဲ့ ရာဇဝင်ထဲကမကောင်းဆိုးဝါးတွေရဲ့အကြောင်းလို့ပဲဆိုပါတော့။ အဲ့ဒီ ကပြားစပ် မကောင်းဆိုးဝါးတစ်ပိုင်း လူတစ်ပိုင်းတွေကို စိတ်ဝင်စားလွန်းတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အဲ့လိုမကောင်းဆိုးဝါးကောင်မလေးတွေကို စာသင်ပေးရမယ့် အထက်တန်းကျောင်းတစ်ကျောင်းမှာ သူအလုပ်ရသွားတော့ သူ့အိပ်မက်တွေအကောင်အထည်ပေါ်လာတာပေါ့။ ဒါပေမယ့် ဒီမကောင်းဆိုးဝါးတွေကလည်း မိန်းကလေးတွေဆိုပေမယ့် နယ်နယ်ရရတော့မဟုတ်ဘူး။ သွေးစုပ်ဖုတ်ကောင်တို့,အရှက်အကြောက်ကြီးသလောက် ခေါင်းမပါတဲ့ဟာတို့,နတ်ဆိုးမတို့တွေပါ။ အဲ့တာတွေကိုလူသားဆရာတစ်ယောက်အနေနဲ့ ဘယ်လိုထိန်းကွပ်ကြည့်ရှုမလဲ ဘယ်လိုသင်ပြမလဲဆိုတာကတော့... စောင့်မျှော်အားပေးလိုက်ကြပါခင်ဗျာ။   Episode 1    Episode 2    Episode 3    Episode 4    Episode 5  Episode 6   Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode 12   Episode 13  
7.1
TMDb: 7.1/10 12 votes
tv

Interviews with Monster Girls

2017
Oda Cinnamon Nobunaga 6.7
Oda Cinnamon Nobunaga Oda Cinnamon Nobunaga Episodes: 12 Status: Finished Airing Aired: Jan 11, 2020 to Mar 28, 2020 Duration: 23 min. per ep. Rating: PG-13 - Teens 13 or older Genre Comedy , Historical, Seinen ,Slice of life Review oda nobunaga လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက် သူသေဆုံးခဲ့တဲ့နေရာ Honnoji ဘုရားကျောင်းမှာပေါ့ သူမသေခင် ဆုတောင်းခဲ့တာက ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဝင်စားရပါလို၏အဲ့လိုနဲ့နောက်ဘဝမှာ ခေတ်မှီတဲ့ ဂျပန်နိုင်ငံမှာCinnamon ဆိုတဲ့နာမည်နဲ့ ချစ်စရာကောင်းတဲ့ ခွေးဘဝ ရခဲ့တယ် (Hum?) သူပဲခွေးဖြစ်တာလားဆိုတော့ မဟုပ်ဘူး သူ့အပေါင်းအဖော်တွေလည်း ခွေးဖြစ်ကြတာ သူနဲ့ သူ့အပေါင်းအဖော်တို့က ခွေးဘဝမှာ ပြန်ဆုံကြပြီး ဘာတွေဆက်လုပ်မှာ လဲ ဪ..သူတို့ဆုံတဲ့နေရာက ခွေးပန်းခြံမှာတဲ့ Episode 1 Episode 2 Episode 3 Episode 4 Episode 5  Episode ...
6.7
TMDb: 6.7/10 3 votes
tv

Oda Cinnamon Nobunaga

2020
Aoi Bungaku Series 7.1
Aoi Bungaku Series No Longer Human (Ningen Shikkaku)- အထက်တန်းကျောင်းသားတစ်ယောက်​ဖြစ်တဲ့ Oba Yozo ဟာ အထီးကျန်မှုကိုခံစားနေရပြီးရည်ရွယ်ချက်ပျောက်ဆုံးလို့နေခဲ့ပါတယ် ဒီလိုနဲ့မျှော်လင့်ချက်ကုန်ဆုံးပြီး ရည်ရွယ်ချက်မဲ့နေတဲ့Oba Yozo ဟာ နှစ်အတော်ကြာအောင်ကိုယ့်ကိုကိုယ်ညှင်းပန်းနှိပ်စက်တာ,စိတ်ဓာတ်ကျတာ,မူးယစ်ဆေးသုံးတာ စတဲ့မကောင်းမှုသံသရာဝဲထဲမှာနစ်မွန်းနေခဲ့ပါတယ် Chapter (4) ခုရှိပြီး တစ်ခုစီတိုင်းမှာ သူ့ဘဝရဲ့မတူညီတဲ့အခိုက်အတန့်လေးတွေကိုဖော်ပြထားပြီး နောက်ဆုံး Chapter မှာတော့အရင်ကအတိုင်း အနှစ်သာရမရှိဗလာနတ္ထိဖြစ်နေတဲ့လူပျက်ဘဝပြန်ရောက်သွားပုံကိုရိုက်ကူးတင်ဆက်ထားပါတယ် _______________________________________________ In the Forest,Under Cheeries in Full Bloom- 12 ရာစုကအမျိုးသမီးတစ်ယောက်နဲ့သူ့ကိုပြန်ပေးဆွဲသွားတဲ့ တောပုန်းဓားပြတို့ကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် _______________________________________________ Run,Melos! ဒီဇာတ်ကားလေးဟာ နတ်ဆိုးနဲ့ပန်းပုစရာ Phidias တို့ရဲ့ဂရိဂန္တဝင်ဇာတ်လမ်းကိုမှပြန်ပြီးပြုပြင်ဖန်တီးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ခေါင်းစဉ်ဖြစ်တဲ့ "Run, Melos!" ရဲ့အဓိကဖော်ကျူးပြထားတာက ခိုင်မြဲတဲ့ Friendship ပဲတစ်ခုဖြစ်ပါတယ် အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ရပေမယ့်လည်း Malos ဟာသူ့သူငယ်ချင်းရဲ့အသက်ကိုကယ်တင်ဖို့အကောင်းဆုံးကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့ သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့်ချီးကျူးဂုဏ်ပြုခံခဲ့ရပုံကိုရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် _______________________________________________ The Spider's Thread- ဗုဒ္ဓ Shakyamuni ဟာ အကြင်နာမရှိတဲ့ရာဇဝတ်သားတစ်ယောက်ငရဲကျနေတာကို အမှတ်မထင်သတိထားမိသွားခဲ့ပါတယ် ဒါကြောင့်ဗုဒ္ဓဟါ နောက်ကြောင်းပြန်ကြည့်လိုက်တဲ့အခါမှာ ရာဇဝတ်သားဟာ သူ့သက်တမ်းတစ်လျှောက်လုံးအကြင်နာရှိတဲ့လုပ်ရပ်ဆိုလို့ တောထဲကပင့်ကူလေးတစ်ကောင်ကိုတက်မနင်းဘဲရှောင်သွားဖူးတဲ့ လုပ်ရပ်တစ်ခုပဲရှိခဲ့ပါတယ် အဲ့ဒိလိုကိုယ်ကျိုးမငဲ့ဘဲလုပ်ခဲ့တဲ့လုပ်ရပ်လေးကိုထောက်ထားပြီး ဗုဒ္ဓဟါ ပင့်ကူလေးရဲ့ငွေရောင်ပိုးမျင်တစ်ခုကိုနိဗ္ဗာန်ဘုံကနေ ငရဲဆီချပေးခဲ့ပါတယ် ဒါပေမယ့်လည်းအဲ့ဒိအခွင့်အရေးကိုအမိအရဆုပ်ကိုင်ပြီးငရဲကနေထွက်လာနိုင်/မထွက်လာနိုင်ဆိုတာကတော့ ရာဇဝတ်သားအပေါ်မှာပဲမူတည်နေပါတယ် _______________________________________________ Hell Screen- နာမည်ကြီးပန်းချီဆရာတစ်ယောက်ဖြစ်တဲ့Yoshihide ဟာဘုရင်​Horikawa ဆီကနေ ...
7.1
TMDb: 7.1/10 9 votes
tv

Aoi Bungaku Series

2009