MMANIME

Slice of life

The Way of the Househusband
The Way of the Househusband $#M712006ScriptRootC1135055 {min-height: 300px;}$ သူဟာ မြေအောက်လောကမှာ မရေမတွက်နိုင်လောက်အောင် နာမည်ကြီး ကျော်ကြားနေတဲ့ ခေါင်းဆောင်များတွေကိုတောင် ငြိမ်ဝပ်နေအောင်လုပ်နိုင်ခဲ့တဲ့အထိ ရက်စက်ကြမ်းကြုတ်တဲ့ Yakuza အဖွဲ့ဝင်ဟောင်းတစ်ယောက်... သူ့ကို"Immortal Dragon"ဆိုပြီးလူအများကသိထားကြတယ် ဒါပေမယ့်တစ်နေ့မှာတော့ သူဟာဒီဘဝကြီးကိုအတိတ်မှာစွန့်လွှတ်ခဲ့ပြီး ဘဝသစ်တစ်ခုကိုခြေလှမ်းစဖို့ပြင်ပါတော့တယ် အဲ့တာကတော့... အိမ်ထောင်ရှင်ဘဝပါ ဒီဇာတ်လမ်းလေးကတော့ တစ်ချိန်က yakuza လောကမှာ ရက်စက်ကြမ်းကြုတ်တဲ့ Tatsu တစ်ယောက်ဟာ အိမ်ထောင်ရှင်ဘဝကိုရောက်လာတဲ့အခါမှာတော့ ဘယ်လိုတွေရုန်းကန်ရလဲ.... ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်ဘယ်လိုတွေနေရလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5]   $#M712006ScriptRootC1135054 {min-height: 300px;}$

The Way of the Househusband

2021
MEGALOBOX 8
MEGALOBOX $#M712006ScriptRootC1135055 {min-height: 300px;}$ Megloniaမြို့ဟာလူချမ်းသာတွေနေထိုင်တဲ့ကြွယ်ဝတဲ့မြို့တစ်မြို့ဖြစ်ပြီး အဲ့မြို့ကMegalo Boxingလို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ metal frame တွေတပ်ဆင်ပြီးထိုးသတ်ရတဲ့အားကစားတစ်မျိုးကို လူအများကနှစ်ခြိုက်သဘောကျကြပါတယ်။ မြို့ရဲ့အစွန်အဖျားကဆင်းရဲသားရပ်ကွက်တစ်ခုမှာလိုင်စင်မဲ့နေထိုင်တဲ့ လူငယ်လေး``Junk Dog´´။ Junk Dog ကနည်းပြ``Gansaku Nanbu´´ရဲ့သင်ကြားမှုနဲ့ underground levelပြိုင်ပွဲတွေကိုထိုးသတ်ကစားလေ့ရှိပါတယ်။ Meglonia ပြိုင်ပွဲရဲ့ကြီးကြပ်သူShiratoအုပ်စုရဲ့အကြီးအကဲ``Yukiko´´နဲ့ တွေ့ဆုံပြီးနောက် Junk Dogဟာ "Joe"ဟုအမည်ပြောင်းကာ Meglonia ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။ Joe က Meglonia ပြိုင်ပွဲကိုဘာအကြောင်းကြောင့်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သလဲ??? Joeအဖြစ်နဲ့Junk DogဟာMeglonia မှာယှဉ်ပြိုင်သူတွေကိုဘယ်လိုကြိုးစားအနိုင်ယူပြီး ထိပ်တန်းကစားသမားဖြစ်လာမလဲဆိုတာကို``Megalo Box´´မှာကြည့်ရှုအားပေးကြပါဦး   [All Episodes]   $#M712006ScriptRootC1135054 {min-height: 300px;}$
8
TMDb: 8/10 111 votes
tv

MEGALOBOX

2018
Hi Score Girl 8.1
Hi Score Girl "ရဂုချီ ဟာရူအို"ဆိုတဲ့ ၆တန်းနှစ်ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာပညာရပ်ပိုင်းမှာ အရမ်းကို ညံ့တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး သာမန်ကျောင်းသားတွေထဲက မထင်မရှားတစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဆီမှာ ထူးချွန်တဲ့အပိုင်းလေးတော့ ရှိတယ်။ အဲ့ဒါကတော့ သူ့ရဲ့ဂိမ်းကစားတဲ့ စွမ်းရည်ပါပဲ။ တစ်နေ့ သူဂိမ်းကစားရင်း ပွဲဆက်တိုက်နိုင်နေတဲ့အချိန်မှာ မိန်းကလေးကစားသမားတစ်ယောက်ရဲ့ အနိုင်ပိုင်းခြင်းကို ခံလိုက်ရပါတယ်။ အဲ့ဒီမိန်းကလေးဟာ တခြားတော့ မဟုတ်ပါဘူး။ သူနဲ့တစ်ကျောင်းတည်း တစ်တန်းတည်းအတူတူတက်နေတဲ့ နန်းထိုက်တော်ဝင်ပန်းလို့ ညွှန်းဆိုခံရတဲ့သူ၊ မိသားစုက ငွေကြေးချမ်းသာတဲ့အပြင် စာပေ၊ အနုပညာ၊ ရုပ်ရည်ရူပကာ ဘာဆိုဘာမှ အပြစ်ပြောစရာ ရှာမတွေ့နိုင်လောက်တဲ့  "အိုနို အာကီရ"ဆိုတဲ့ မိန်းကလေးပါပဲ။ သူ့ရဲ့တစ်ခုတည်းသော ကျွမ်းကျင်ရာ ဂိမ်းနယ်ပယ်မှာ သက်တူရွယ်သူတစ်ယောက်ရဲ့ အနိုင်ကစားတာကို ခံလိုက်ရတဲ့နောက် "ရဂုချီ ဟာရူအို"တစ်ယောက် မခံချင်စိတ်တွေဖြစ်လာပြီး "အိုနို အာကီရ"ကို အနိုင်ကစားနိုင်အောင် ကြိုးစားပါတော့တယ်။  ဒီလိုနဲ့ "ရဂုချီ ဟာရူအို"တစ်ယောက် ဘက်စုံထူးချွန်တဲ့ "အိုနို အာကီရ"ကို အနိုင်ပြန်ယူနိုင်ပါ့မလား။  ...
8.1
TMDb: 8.1/10 69 votes
tv

Hi Score Girl

2018
Sleepy Princess in the Demon Castle
Sleepy Princess in the Demon Castle ဒီ anime လေးကတော့ 2020 ကိုကိုယ်စားပြုတဲ့ကားလေးပါ ဘာလို့လဲဆိုတော့အိပ်ပဲအိပ်နေတာလေ အားလုံး comedy, slice of life ကားကောင်းဖြစ်တဲ့ Umaru chan ကိုသိကြမှာပါ ဒီ anime က umaru chan ကိုဖန်တီးထားတဲ့ studio Doga Koto ရဲ့လက်ရာတစ်ခုပါပဲ episode အနေနဲ့ 12 ပိုင်းထွက်မယ်လို့သိရပါတယ်   နတ်ဆိုးဘုရင်ကလူသားမင်းသမီးတစ်ပါး Syalis ကိုဖမ်းပြီး သူ့ရဲ့ရဲတိုက်ထဲမှာဖမ်းချုပ်ထားခဲ့တယ် အဲ့ကိစ္စကိုတစ်တိုင်းပြည်လုံးသိပြီး သူရဲကောင်းကဦးဆောင်ပြီးမင်းသမီးကိုကယ်မယ့်အစီအစဥ်ကိုမကြေညာခင်အထိ ပြည်သူတွေစိတ်ထဲမှာခံစားနေရတယ် ပျင်းစရာကောင်းတဲ့ရဲတိုက်ထဲမှာ တောက်ပတဲ့ချပ်ဝတ်ဝတ်ထားတဲ့သူရဲကောင်းစောင့်နေစဥ်အချိန်အတွင်းမှာအဖမ်းခံရတဲ့မင်းသမီးလေးကဘာလုပ်မလဲ လင်းနို့တောင်ပံပါတဲ့ Teddy ဝက်ဝံလေးတွေကကောင်းပေမယ့် အဖမ်းခံထားရတဲ့ရဲတိုက်ကအရမ်းပျင်းစရာကောင်းလွန်းတယ် ဒါကြောင့်မင်းသမီးလေးကအကြာကြီးအိပ်နေဖို့ပဲဆုံးဖြတ်လိုက်တယ် သူသက်တောင့်သက်တာအိပ်ရဖို့လိုတဲ့ပစ္စည်းတွေ နေရာတွေရှာဖွေပုံတွေကိုကြည့်ရှုရမှာပါ တော်တော်လေးလဲချစ်စရာကောင်းတဲ့မင်းသမီးလေးမို့လို့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်   #No one beat me #LCAM   Episode 1   Episode 2   Episode 3   Episode 4:  Mega  |  Mediafire   Episode 5:  Mega  |  Mediafire  |  Racaty

Sleepy Princess in the Demon Castle

2020
Ani ni Tsukeru Kusuri wa Nai S2 7.7
Ani ni Tsukeru Kusuri wa Nai S2 Ani ni Tsukeru Kusuri wa Nai Season 02 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~~~~~ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ငပျင်းကောင် ဘာမှအသုံးမကျ ရည်းစားသနားမရှိတဲ့ အစ်ကိုဖြစ်သူ "ရှီဖန်" ပန်းချီအသင်းဝင်လျှောက်ရာကနေ သတ်ပုံမှားပြီး ကာရာတေးအသင်းဝင်မိသွားရာက ထစ်ကနဲ့ရှိ လက်ပါတတ်လာတဲ့ ဒေါသအိုးလေး ညီမဖြစ်သူ "ရှီမျို" တစ်ကျောင်းလုံးက ကောင်မလေးတွေ သဲသဲလှုပ်ဝိုင်းကြွေကြပေမဲ့ ပေါကြောင်ကြောင် "ရှီဖန်"နဲ့သာ အတွဲတည့်နေတဲ့ အချစ်ဆုံးဘော်ဒါကြီး "ကိုင်ရှီ" ကိုယ်တိုင်က ဒိတ်ဒိတ်ကြဲသူဋ္ဌေးသားဖြစ်ပေမဲ့ ငွေကြေးဓာနမပါဘဲ သူငယ်ချင်းကောင်းနဲ့ အချစ်စစ်ကို ရှာဖွေဖို့ လူလတ်တန်းစားကျောင်းကို ရောက်ချလာတဲ့ မအူမလည် "ဝမ်ဇိုင်း" ဒါဟာ သူတို့ရဲ့နေ့စဉ်ဘဝအဖြစ်အပျက်နဲ့ အလွဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ တင်ဆက်ထားတဲ့ ဟာသအသားပေး မိနစ်တို စီးရီးလေးတစ်ခုပါပဲ။   အတွဲ ၁အား ကြည့်ရှုရန် ဒီကိုနှိပ်ပါ   Download Link (720p) ~~~~~~~~~~~~~~~~~~~~~ အပိုင်း (၀၁) Mediafire Link အပိုင်း (၀၂) Mediafire Link အပိုင်း (၀၃) Mediafire Link အပိုင်း (၀၄) Mediafire ...
7.7
TMDb: 7.7/10 Above 10,000 votes
tv

Ani ni Tsukeru Kusuri wa Nai S2

Ani ni Tsukeru Kusuri wa Nai 7.45
Ani ni Tsukeru Kusuri wa Nai ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~~ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ငပျင်းကောင် ဘာမှအသုံးမကျ ရည်းစားသနားမရှိတဲ့ အစ်ကိုဖြစ်သူ "ရှီဖန်" ပန်းချီအသင်းဝင်လျှောက်ရာကနေ သတ်ပုံမှားပြီး ကာရာတေးအသင်းဝင်မိသွားရာက ထစ်ကနဲ့ရှိ လက်ပါတတ်လာတဲ့ ဒေါသအိုးလေး ညီမဖြစ်သူ "ရှီမျို" တစ်ကျောင်းလုံးက ကောင်မလေးတွေ သဲသဲလှုပ်ဝိုင်းကြွေကြပေမဲ့ ပေါကြောင်ကြောင် "ရှီဖန်"နဲ့သာ အတွဲတည့်နေတဲ့ အချစ်ဆုံးဘော်ဒါကြီး "ကိုင်ရှီ" ကိုယ်တိုင်က ဒိတ်ဒိတ်ကြဲသူဋ္ဌေးသားဖြစ်ပေမဲ့ ငွေကြေးဓာနမပါဘဲ သူငယ်ချင်းကောင်းနဲ့ အချစ်စစ်ကို ရှာဖွေဖို့ လူလတ်တန်းစားကျောင်းကို ရောက်ချလာတဲ့ မအူမလည် "ဝမ်ဇိုင်း" ဒါဟာ သူတို့ရဲ့နေ့စဉ်ဘဝအဖြစ်အပျက်နဲ့ အလွဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ တင်ဆက်ထားတဲ့ ဟာသအသားပေး မိနစ်တို စီးရီးလေးတစ်ခုပါပဲ။ ​ အပိုင်းလင့်များ (720p) ~~~~~~~~~~~~~~~~~~ အပိုင်း (၀၁) Mediafire Link အပိုင်း (၀၂) Mediafire Link အပိုင်း (၀၃) Mediafire Link အပိုင်း (၀၄) Mediafire Link အပိုင်း (၀၅) Mediafire Link အပိုင်း (၀၆) Mediafire Link အပိုင်း (၀၇) Mediafire Link အပိုင်း (၀၈) ...
7.45
TMDb: 7.45/10 Above 20000 votes
tv

Ani ni Tsukeru Kusuri wa Nai

Clannad After Story 8.97
Clannad After Story Clannad After Storyဟာ Clannadစီးရီးရဲ့အဆုံး "အိုကဇာခီ တိုမိုယ"နဲ့ "ဖူယုကဝ နာဂီဆ"တို့ အထက်​တန်းကျောင်းဆင်းချိန်​မှာ ပြန်​ဆက်​ထားပါတယ်​။ "အိုကဇာခီ တိုမိုယ"က "ဖူယုကဝ နာဂီဆ"ကို ဖွင့်ပြောခဲ့ပြီး "နာဂီဆ"ကလည်း​ ဝမ်းသာမျက်​ရည်​ကျခဲ့ပြီး လက်​ခံခဲ့ပါတယ်​။ ဒီလိုနဲ့ "တိုမိုယ"နဲ့ "နာဂီဆ"တို့ချစ်​သူ​တွေဖြစ်​လာကြပြီး ​လောကကြီးကို ရင်​ဆိုင်​ကြဖို့ ဆုံးဖြတ်​ခဲ့ပါ​တော့တယ်​။ - ဒါ​ပေမဲ့ ဘယ်​အရာမှ မခိုင်​မြဲတဲ့​လောကကြီးမှာ ဒီအချစ်​ဆိုတာက​ရော ​ရေရှည်​ခိုင်​မြဲပါ့မလား။ - ​လောကဓံရဲ့ ရိုက်​ပုတ်​ကျီစားချက်​​တွေကို​ရော ချစ်​သူနှစ်​ဦးက ကြံ့ကြံ့ခံနိုင်​ပါ့မလား - Clannad After Storyကို The Best Drama Anime Of All The Time စာရင်းထဲမှာ အမြဲလိုလို​တွေ့​နေရတာက ဘာ​ကြောင့်ဖြစ်​မလဲ။ အဖြေတွေကိုတော့ ကျွန်တော်နဲ့အတူတူ ရှာဖွေကြည့်ရှုရင်း ခံစားကြရအောင်လားဗျာ။   Download Link (720p) အပိုင်း ၀၁ အပိုင်း ၀၂ အပိုင်း ၀၃ အပိုင်း ၀၄ အပိုင်း ၀၅ အပိုင်း ၀၆ အပိုင်း ၀၇ အပိုင်း ၀၈ အပိုင်း ...
8.97
TMDb: 8.97/10 Above 450000 votes
tv

Clannad After Story

2008
Clannad 8.12
Clannad အဓိကဇာတ်ဆောင် "အိုကဇာခီ တိုမိုယ"ဟာ ဖခင်ဖြစ်သူနဲ့ အဆင်မ​ပြေဖြစ်နေပြီး ​လောကကြီးကို အဆိုးမြင်နေတဲ့ ဘာရည်ရွယ်ချက်မှ မရှိတဲ့ လူလေလူလွင့်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူကျောင်းလာရာလမ်းမှာ "ဖူယုကဝ နာဂီဆ"လို့ ခေါ်တဲ့ ပြဇာတ်အသင်းကို ပြန်ဖွင့်နိုင်အောင်ကြိုးစားနေတဲ့ နှစ်ကျကောင်မလေးတစ်ယောက်နဲ့ ပြဇာတ်ဆန်ဆန် တွေ့ဆုံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး "တိုမိုယ"က "နာဂီဆ"ရဲ့ ပြဇာတ်ပြန်ဖွင့်ဖို့ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လိုက်လံကူညီပေးရင်းနဲ့ လူတွေနဲ့ ပိုမိုဆက်ဆံလာမိပြီး လူ့ဘဝဟာ သူထင်သလို အဆိုးတွေချည်းသက်သက် ရှိနေတာမဟုတ်မှန်း သိလာရတဲ့အချိန်မှာတော့...   - "အိုကဇာခီ"တစ်ယောက် ဘာအတွက်ကြောင့် လောကကြီးကို အဆိုးမြင်နေတာလဲ - "နာဂီဆ"ကရော ဘာလို့ နှစ်ကျကျောင်းသူ ဖြစ်နေရတာလဲ - "နာဂီဆ"တစ်ယောက် သူဖြစ်စေချင်တဲ့ ရည်ရွယ်ချက် ဖြစ်လာနိုင်မှာလား အဖြေတွေကိုတော့ သင်ကိုယ်တိုင် ကြည့်ရှုပြီး ရှာဖွေကြည့်လိုက်ပါ   Download Link (720p) အပိုင်း ၁ အပိုင်း ၂ အပိုင်း ၃ အပိုင်း ၄ အပိုင်း ၅ အပိုင်း ၆ အပိုင်း ၇ အပိုင်း ၈ အပိုင်း ၉ အပိုင်း ၁၀ အပိုင်း ...
8.12
TMDb: 8.12/10 Above 500000 votes
tv

Clannad

2007
Oda Cinnamon Nobunaga 6.7
Oda Cinnamon Nobunaga Oda Cinnamon Nobunaga Episodes: 12 Status: Finished Airing Aired: Jan 11, 2020 to Mar 28, 2020 Duration: 23 min. per ep. Rating: PG-13 - Teens 13 or older Genre Comedy , Historical, Seinen ,Slice of life Review oda nobunaga လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက် သူသေဆုံးခဲ့တဲ့နေရာ Honnoji ဘုရားကျောင်းမှာပေါ့ သူမသေခင် ဆုတောင်းခဲ့တာက ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဝင်စားရပါလို၏အဲ့လိုနဲ့နောက်ဘဝမှာ ခေတ်မှီတဲ့ ဂျပန်နိုင်ငံမှာCinnamon ဆိုတဲ့နာမည်နဲ့ ချစ်စရာကောင်းတဲ့ ခွေးဘဝ ရခဲ့တယ် (Hum?) သူပဲခွေးဖြစ်တာလားဆိုတော့ မဟုပ်ဘူး သူ့အပေါင်းအဖော်တွေလည်း ခွေးဖြစ်ကြတာ သူနဲ့ သူ့အပေါင်းအဖော်တို့က ခွေးဘဝမှာ ပြန်ဆုံကြပြီး ဘာတွေဆက်လုပ်မှာ လဲ ဪ..သူတို့ဆုံတဲ့နေရာက ခွေးပန်းခြံမှာတဲ့ Episode 1 Episode 2 Episode 3 Episode 4 Episode 5  Episode ...
6.7
TMDb: 6.7/10 3 votes
tv

Oda Cinnamon Nobunaga

2020
Barakamon 7.7
Barakamon Review crd စာလုံးတွေကိုစုတ်တံနဲ့ ရေးဆွဲတဲ့အနုပညာရှင် Handa ဟာ ငယ်ရွယ်ပြီး စိတ်ဆတ်တဲ့သူတစ်ယောက်ပါ ဒီဇာတ်လမ်းကို အစချီလာတာကတော့ သူ့အနုပညာကို ဘာမှထူးခြားမှုမရှိဘူး မကောင်းဘူးလို့ ဝေဖန်ခံရတာကနေ သူ့ကိုယ်သူ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ငါလုပ်နိုင်တယ်ဆိုတာ ပြသမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ယောက်ထဲအေးအေးဆေးဆေးနေထိုင်ပြီး သူ့အလုပ်ကိုအာရုံစိုက်နိုင်အောင် ကျွန်းလေးတစ်ကျွန်းကို ထွက်ခွာလာခဲ့တယ်။ အဲ့ဒီကျွန်းမှာဆိုရင် သူအေးအေးဆေးဆေး တက်လမ်းကိုရှာဖွေနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ရည်ရွယ်ချက်ကတော့ အဲ့လိုဆိုပေမယ့် ဟိုရောက်တော့ ကလေးမလေး Naru နဲ့တွေ့ဆုံပြီး ဗရုတ်သုတ်ခတွေဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဒီကလေးလေးကြောင့် Handa တစ်ယောက် ဘာတွေကို နားလည်လာမလဲ? ဒီ ပတ်ဝန်းကျင်အသစ်မှာရော Handa တစ်ယောက် အမြင်တွေ ဘယ်လိုပြောင်းလဲလာမလဲ? သူ့ရဲ့ စိတ်ထဲက အရှုပ်အထွေးတွေကရော အမြင်သစ်တစ်ခုအဖြစ် ပြောင်းလဲသွားမှာလား? သူ့အနုပညာတက်လမ်းကရော ဘယ်လိုရှိမလဲဆိုတာကတော့ ဇာတ်လမ်းလေးကိုပဲ အားပေးလိုက်ပါတော့ဗျာ Main character နှစ်ယောက်ဖြစ်တဲ့ Naru နဲ့ Handa တို့ကြားက ဇာတ်လမ်းနဲ့ ရယ်စရာလေးတွေကို ကြည်ကြည်နူးနူးကြည့်ရမယ့် comedy & slice of ...
7.7
TMDb: 7.7/10 48 votes
tv

Barakamon

2014