MMANIME

Supernatural

Joran: The Princess of Snow and Blood 4
Joran: The Princess of Snow and Blood $#M712006ScriptRootC1135055 {min-height: 300px;}$ ၁၉၃၁ခုနှစ်တုန်းကပေါ့....အသက်၉၄နှစ်ရှိပြီဖြစ်တဲ့မင်းသား Tokugawa Yoshinobu ဟာ ဂျပန်နိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်သတဲ့။ Meijiခေတ်ကာလရဲ့ရိုးရာအငွေ့အသက်လေးတွေတော့ရှိနေတယ်ဆိုပေမယ့် ပိုပြီးအဆင့်မြင့်တဲ့သိပ္ပံနည်းပညာတွေအနေနဲ့ပေါ့။ ဂျပန်နိုင်ငံရဲ့စကြာဝဠာဗေဒဆိုင်ရာနည်းပညာဖြစ်တဲ့ Onmyod oဆိုတာတွေကလည်းတိုးတက်လာတာကြောင့်ခေတ်မီလာခဲ့တယ်။ သို့သော်အဲ့ဒီဟာတွေကြားထဲမှာမှအမှောင်ဖောင်လွှမ်းပြီးမှေးမှိန်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ Kuchinawa ဆိုတဲ့ဆန့်ကျင်သူပုန်အဖွဲ့ပေါ့။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ မင်းသားကိုလုပ်ကြံဖို့နဲ့တိုင်းပြည်အုပ်ချုပ်မှုစနစ်ပျက်ပြားဖို့ပါပဲ။ ဒီဆန့်ကျင်သူပုန်အဖွဲ့ကိုရှင်းပစ်ဖို့တာဝန်ပေးခံရတာကတော့ အစိုးရရဲ့လက်မရွံ့သူလျှိုအဖွဲ့ဖြစ်တဲ့Nueပါပဲ။ အဲ့သူလျှိုအဖွဲ့ထဲမှာပါရှိတဲ့ Sawa Yukimura ဆိုတဲ့မိန်းကလေးမှာ Kuchinawa ခေါင်းဆောင်နဲ့ပတ်သက်ပြီးဒဏ်ရာတွေရှိခဲ့ဖူးပါတယ်။ အကြောင်းအရင်းကတော့သူ့မိသားစုတစ်စုလုံးအသတ်ခံရခြင်းပါပဲ။ အဲ့တာနဲ့ပတ်သက်ပြီးလက်စားချေဖို့အတွက်သူ့အသက်ရင်းထားတဲ့သူတစ်ယောက်ပါ။ ကဲ ဇာတ်လမ်းကတော့စိတ်ဝင်စားဖို့ကောင်းလာပါပြီ။Nueအဖွဲ့ကတာဝန်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား Kuchinawa ကပဲလုပ်ကြံမှုကိုအကောင်အထည်ဖော်နိုင်မလား Sawa Yukimuraကကောလက်စားချေတာအောင်မြင်နိုင်ပါ့မလား ဒါမှမဟုတ်သူ့မိသားစုလိုပဲ သူလည်းထပ်ပြီးအသက်ရင်းရဦးမှာလားဆိုတာကတော့... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ...   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5]   $#M712006ScriptRootC1135054 {min-height: 300px;}$
4
TMDb: 4/10 1 votes
tv

Joran: The Princess of Snow and Blood

2021
Ajin Season 2 8.2
Ajin Season 2 $#M712006ScriptRootC1135055 {min-height: 300px;}$ သေခြင်းတရားကနေလွတ်မြောက်လာပြီးတဲ့နောက် Kei Nagai ဟာ သူ့ရဲ့ရဲဘော် Kou Nakanoနဲ့အတူကမ္ဘာကြီးကိုအုပ်စိုးချင်နေတဲ့ Satou နဲ့ သူ့နောက်လိုက် Ajin တွေကိုလက်စားချေဖို့ကြံစည်ပါတော့တယ်။ Satouဟာလူသားမျိုးနွယ်တွေကိုသုတ်သင်ပစ်ဖို့စတင်လာတဲ့အခါ လူသားမျိုးနွယ်တွေကလည်း အဲ့ဒီမသေမျိုးမကောင်းဆိုးဝါးကြီးကိုရပ်တန့်ဖို့ အလျင်စလိုဖြစ်လာကြပါတော့တယ်။ ဒါတွေအပြင်Keiဟာယခင်ကပြိုင်ဘက်နှစ်ယောက်ရဲ့ပူးပေါင်းမှုကိုလည်းဘဝင်မကျဖြစ်ခဲ့ပါတယ်။ အဲ့နှစ်ယောက်ကတော့ Ajinတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအသေးစိတ်လေ့လာပြီး နည်းပညာဆိုင်ရာတွေနဲ့Keiကိုရန်မူခဲ့တဲ့အဆင့်မြင့်အုပ်ချုပ်သူ Yuu Tosaki နဲ့သူ့ရဲ့လက်ထောက် Izumi Shimomura တို့ပဲဖြစ်ပါတယ်။ အုပ်စုပြိုင်ဘက်တွေဆုံလာတဲ့အလျောက်လူသားမျိုးနွယ်တွေမျိုးသုဉ်းအောင်လုပ်မယ့် Satou ရဲ့လုပ်ငန်းစဉ်မှာပါတဲ့သူမှန်သမျှကိုရှင်းပစ်ဖို့ Kei မှာတာဝန်ရှိလာပါတော့တယ်။ Keiဟာ Satouကိုရပ်တန့်ရမယ့်အပြင် တစ်ချိန်တည်းမှာပဲ Tosaki တို့အဖွဲ့ကိုပါရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ ဒီလိုသုံးပွင့်ဆိုင်စစ်ပွဲကြားထဲကလူသားမျိုးနွယ်တွေကကော ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့...   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5]   $#M712006ScriptRootC1135054 {min-height: 300px;}$
8.2
TMDb: 8.2/10 174 votes
tv

Ajin Season 2

2016
Psychic Detective Yakumo 6.5
Psychic Detective Yakumo $#M712006ScriptRootC1135055 {min-height: 300px;}$ ကောလိပ်ကျောင်းသားဖြစ်တဲ့ Saitou Yamako ကမတူညီတဲ့မျက်လုံးနဲ့မွေးဖွားလာပါတယ်။ သူ့ရဲ့ဘယ်ဘက်မျက်လုံးကလည်း ဝိဉာဉ်တွေကိုမြင်တွေ့နိုင်တဲ့ ထူးခြားတဲ့မွေးရာပါစွမ်းအားကိုပိုင်ဆိုင်ထားပါတယ်။ ဝိဉာဉ်တွေဆိုတာ သူတို့ရဲ့မပြီးမြောက်သေးတဲ့ ဆန္ဒတွေကြောင့်ငြိမ်းငြိမ်းချမ်းချမ်းအနားမယူနိုင်တာလို့ ယုံကြည်ထားတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Ozawa Haruka ဆိုတဲ့ကောင်မလေးရဲ့အကူအညီတောင်းမှူကြောင့်အတူစုံစမ်းရင်း ဘာတွေဘယ်လိုပြောင်းလဲသွားမလဲ ... သူစုံစမ်းရမဲ့အမှူတွေကလည်း Ozawa Haruka နဲ့ ဘယ်လိုပတ်သတ်နေမလည်းဆိုတာ စောင့်မျှော်ကြည့်ရှူရမှာပါ   [Episode 1] [Episode 2] [Episode 3]   $#M712006ScriptRootC1135054 {min-height: 300px;}$
6.5
TMDb: 6.5/10 2 votes
tv

Psychic Detective Yakumo

2010
To Your Eternity
To Your Eternity $#M712006ScriptRootC1135055 {min-height: 300px;} $ မသေမျိုးသူရဲကောင်းတစ်ယောက်ကရှင်သန်ရခြင်းရဲ့အဓိပ္ပါယ်ကိုရှာဖွေနေတဲ့ဇာတ်လမ်းလေးပေါ့..... တစ်ချိန်ကorbဆိုတဲ့အရာတစ်ခုကမ္ဘာပေါ်ကိုကျရောက်လာခဲ့တယ် "It"ဆိုတဲ့ဘာမှန်းမသိတဲ့အရာတစ်ခုထွက်ပေါ်လာတယ် သူ့မှာအစွမ်းနှစ်မျိုးရှိပါတယ် ဘယ်ဟာမဆိုရဲ့ပုံစံအတိုင်းအဲ့အရာဟာပြောင်းလဲနိုင်သလို သေခြင်းတရားဆိုတာလည်းအဲ့အရာမှာမရှိပါဘူး အဲ့အရာဝတ္ထုကလုံးဝန်းတဲ့ပုံစံကနေကျောက်ခဲသဏ္ဍာန်ပြောင်းသွားတယ် နောက်တော့ဝံပုလွေအသွင်ပြောင်းသွားတယ် နောက်ဆုံးကောင်လေးတစ်ယောက်အသွင်ပြောင်းသွားတယ် မွေးကင်းစကလေးတစ်ယောက်လိုပဲခြေဦးတည့်ရာလျှောက်သွားနေခဲ့တယ် သူဟာလူဖြစ်လာတဲ့အလျောက်သူ့အနေနဲ့နာမည်တစ်ခုပေးလိုက်တယ် သူ့နာမည်က Fushi တဲ့ သူဟာလူတွေနဲ့အနေကြာလာတာနဲ့အမျှ အသက်ရှင်ရပ်တည်နိုင်အောင်ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာသာမက သူဟာလူသားတစ်ယောက်အဖြစ်နဲ့ပါနေထိုင်တတ်လာတယ် ဒါပေမယ့်သူ့ရဲ့ဘဝခရီးဟာ အဖျက်သမား Nokker ကြောင့်အမှောင်ဖုံးသွားခဲ့ရပြီးသူချစ်ရတဲ့လူတွေနဲ့လည်းခွဲခွာခဲ့ရတယ် ဒါပေမယ့်လည်းသူ့ရဲ့အဆုံးမရှိတဲ့ပဟေဠိတွေအတွက် သူဟာဇွဲရှိရှိနဲ့ပဲနာကျင်မှုတွေကိုကြံ့ကြံ့ခံပြီးလျှောက်လှမ်းတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကိုတော့.... စောင့်မျှော်ကြည့်ရှုကြပါခင်ဗျာ   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5] [Episode 6] [Episode 7] $#M712006ScriptRootC1135054 {min-height: 300px;} $

To Your Eternity

2021
Ajin 8.2
Ajin $#M712006ScriptRootC1135055 {min-height: 300px;}$ အထက်တန်းကျောင်းသားလေး "Kei Nagai" ဟာ တစ်နေ့မှာသေနိုင်လောက်တဲ့ accident တစ်ခုကနေ သူက Ajin ဖြစ်ကြောင်းမမျှော်လင့်ပဲသိလိုက်ရပါတယ်။ "Ajin"ဆိုတာကတော့ သေစေနိုင်တဲ့ထိခိုက်အနာတရဒဏ်ရာတွေကိုတောင် လျင်မြန်စွာအကောင်းပတိအတိုင်းပြန်လည်ကောင်းမွန်နိုင်စွမ်းကိုပိုင်ဆိုင်သောလူနည်းစုမျိုးဖြစ်ပါတယ်။ Ajin တွေကိုလူသားမဟုတ်တဲ့အန္တရာယ်ရှိတဲ့အရာတွေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အစိုးရဟာလည်း Ajin တွေကိုစာရွက်စာတမ်းအရသာ ကာကွယ်ပေးခဲ့ပြီး လက်တွေ့မှာတော့ ရက်စက်ပြီးလူသားမဆန်တဲ့စမ်းသပ်မှုတွေရဲ့ စမ်းသပ်ခံအဖြစ်သာအသုံးချခဲ့ပါတော့တယ်။ ဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့စမ်းသပ်မှုတွေကနေKeiတစ်ယောက်ဘယ်လိုလွတ်မြောက်နိုင်မလဲ?? Kei ကရောကိုယ့်ကိုကိုယ် Ajin-human တစ်ယောက်အဖြစ်လက်ခံနိုင်ပါ့မလား? တခြား Ajin တွေနဲ့ရောအဆင်ပြေနိုင်ပါ့မလား? Thriller,Action ဆန်ဆန် serie လေးဖြစ်လို့ thriller fan တို့အတွက်လဲကွက်တိ   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5] [Episode 6] [Episode 7] [Episode 8] [Episode 9] [Episode 10] [Episode 11] [Episode 12] [Episode 13]   $#M712006ScriptRootC1135054 {min-height: 300px;}$
8.2
TMDb: 8.2/10 174 votes
tv

Ajin

2016
Mononoke 8
Mononoke $#M712006ScriptRootC1135055 {min-height: 300px;}$ Toei Animation ကနေဖန်တီးထားတဲ့လက်ရာဖြစ်တာကြောင့် သေချာပေါက်ကောင်းတဲ့ Anime ဇာတ်လမ်းတွဲလေးတစ်ကားဖြစ်မှာသေချာပါတယ် Mononoke ဆိုတဲ့ကားလေးကိုတကယ့်နာမည်အတိုင်း Anime လောကထဲကငုပ်လျိုးနေတဲ့ အဖိုးတန်ကျောက်မျက်ရတနာအဖြစ်ကြည့်ပြီးပြီဆိုရင်တော့ယူဆမိလောက်ပါတယ် အသက်ရှူမှားလောက်တဲ့မြင်ကွင်းတွေ,ရှုပ်ထွေးတဲ့ဇာတ်အလှည့်အပြောင်းနဲ့ကာရိုက်တာတွေ, ဇာတ်လမ်းထဲကစိတ်ဝင်စားစရာကောင်းတဲ့နောက်ခံမြင်ကွင်း ချောက်ချားဖွယ်ဇာတ်လမ်းမျိုးကိုမှဆန်းသစ်ထားတာတွေ, အရောင်အသွေးစုံလင်တောက်ပစွာရောယှက်ဖန်တီးထားတဲ့လက်ရာတွေကို ဒီ Anime ဇာတ်လမ်းတွဲလေးမှာရှူစားရမှာဖြစ်ပါတယ် Mononoke ဆိုတဲ့ကားလေးဟာ Kusuriuri လို့အမည်ရပြီး ဂမ္ဘီရပညာမှာကျွမ်းကျင်တဲ့ထူးထူးဆန်းဆန်းလူတစ်ယောက်ရဲ့ အဆုံးမရှိမဲ့ခရီးအပေါ်မှာဇာတ်အိမ်တည်ထားတယ်လို့ပဲပြောရပါမယ် Kusuriuri ဟာမြေရှင်ပဒေသရာဇ်ခေတ်ဂျပန်နိုင်ငံအနှံ့ကိုလျှောက်သွားပြီး Mononoke လို့ခေါ်တဲ့ဆန်းကြယ်သတ္တဝါတွေကိုသူ့ရဲ့အစွဲချွတ်တဲ့ဓားနဲ့လိုက်ပြီးချေမှုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် Mononoke တွေဟာလူသားတွေရဲ့ပြင်းထန်တဲ့ခံစားချက်တွေ, မလွတ်မြောက်နိုင်တဲ့အတိတ်ကစိတ်ဒဏ်ရာတွေ,မပြေလည်တဲ့ကိစ္စတွေ, သဘာဝမဆန်တဲ့သေဆုံးမှုတွေကနေဖြစ်တည်လာကြတာပဲဖြစ်ပါတယ် Mononဝke တစ်ကောင်ချင်းစီမှာလက်စားချေလိုစိတ်,ဒေါသ,ဝမ်းနည်းမှုစတဲ့ မတူညီတဲ့ဆန္ဒတွေရှိပြီးအဲ့ဆန္ဒတွေကြောင့်ပဲသူတို့ဟာသူတို့လမ်းမှာရှိသမျှလူသားတွေများစွာကိုသတ်ဖြတ်လေ့ရှိကြပါတယ် Kusuriuri ဟာအဲ့လို Mononoke တွေကိုလိုက်လံသုတ်သင်နေပြီး ဘာကြောင့်ဒီလိုလိုက်သတ်နေရတာလဲ? Mononoke တွေကိုရောအပြီးသတ်သုတ်သင်နိုင်ပါ့မလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်   [Episode 1 - 6] [Episode 7 - 12]   $#M712006ScriptRootC1135054 {min-height: 300px;}$
8
TMDb: 8/10 17 votes
tv

Mononoke

2007
Berserk 8.3
Berserk $#M712006ScriptRootC1135055 {min-height: 300px;}$ ကြည့်ဖူးသမျှ anime တွေထဲမှာ ဒီကားကတော်တော်ကိုတမျိုးကြီးဖြစ်စေတဲ့ကားပါ လူဆိုးနဲ့လူကောင်းမှာ လူကောင်းတွေဟာအမြဲနိုင်တယ်ဆိုတဲ့ ပုံသေနည်းကြီးကနေလည်းသွေဖီနေတဲ့ကားဖြစ်သလို Animeတွေထဲမှာပါတဲ့လူဆိုးတွေထဲမှာ အဆိုးဆုံး၊အယုတ်ဆုံး၊ ကောက်ကျစ်ဆုံးလူဆိုးပါနေတဲ့ကားလည်းဖြစ်တယ်လို့ကိုပြောလို့ရပါတယ် အသက်ကန့်သတ်ချက်ကလည်း နိုင်ငံတော်တော်များများမှာ 16နှစ်အထက်သတ်မှတ်ထားပါတယ် စကားလုံးကြမ်းတာတွေ၊သတ်တာဖြတ်တာကြမ်းတွေ၊မုဒိန်းကျင့်တာတွေပါနေတဲ့အတွက် 16 နှစ်အထက်သတ်မှတ်ထားတာလွန်တယ်လို့ကိုမထင်ပါဘူး ဇာတ်လမ်းကိုတော့မပြော‌တော့ဘူးဗျ 1997 ထွက်ဆိုပေမယ့် တကယ့်ကို old but gold ကားစစ်စစ်ပါ စုစုပေါင်း 25 ပိုင်းပါပါတယ်   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5] [Episode 6] [Episode 7] [Episode 8]   $#M712006ScriptRootC1135054 {min-height: 300px;}$
8.3
TMDb: 8.3/10 147 votes
tv

Berserk

1997
Problem Children Are Coming from Another World, Aren’t They? 8
Problem Children Are Coming from Another World, Aren’t They? $#M712006ScriptRootC1135055 {min-height: 300px;}$ ဒီဇာတ်လမ်းလေးက No game no life fan တွေအကြိုက်တွေ့စေမဲ့ကားတစ်ခုပါ။ No game no life နဲ့တူတဲ့အချက်တွေက ကစားပွဲမှာအနိုင်ယူပြီး လိုချင်တာတွေအရယူတာနဲ့ နောက်တစ်ချက်က season-2 ဘယ်တော့မှန်းမသိတာပါ ဒီဇာတ်လမ်းမှာဆိုရင် Sakamaki Izayoi လို့အမည်ရှိတဲ့ကောင်လေးတစ်ယောက်ကို ထူးဆန်းတဲ့စာတစ်စောင်ရောက်လာတာကနေ အစပြုထားပါတယ်။ အဲ့ဒီစာအိတ်ကထူးဆန်းတဲ့အစွမ်းရှိသူတွေ၊ ဒီကမ္ဘာကြီးထဲမှာနေထိုင်ရတာကိုပျင်းနေတဲ့သူတွေအတွက်ကိုယ်ရည်သွေးလို့ရမယ့် နေရာတစ်ခုကိုခေါ်သွားပေးမယ့်စာအိတ်ဖြစ်ပါတယ်။ အဲ့ဒီစာအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စာအိတ်ဖွင့်လိုက်သူက Little Garden ဆိုတဲ့ကမ္ဘာထဲကိုအလိုအလျောက်ရောက်သွားမှာဖြစ်ပါတယ်။ အဲ့ကမ္ဘာမှာက စွမ်းအားရှိတဲ့သူက လိုချင်တာကို Gift game တွေမှာ အလောင်းကစားလုပ်ပြီးအရယူတတ်ကြပါတယ် Izayoi လိုမျိုး Kudou Asuka နဲ့ Kasukabe You တဲ့ကောင်မလေးနှစ်ယောက်နဲ့ဆုံမိကြပါတယ်။ သူတို့သုံးယောက်က Little Garden ရဲ့အရှေ့ဘက်က အင်အားချိနဲ့နေတဲ့ Black Rabit (Kurouzaki) ရဲ့ No-name ဖြစ်နေတဲ့ အဖွဲ့အစည်းထဲကိုဝင်လိုက်ကြပြီး lzayoi နဲ့ ကောင်မလေး‌သုံးယောက်တို့အတူတူ Little Garden ...
8
TMDb: 8/10 12 votes
tv

Problem Children Are Coming from Another World, Aren’t They?

2013
Actually, I Am… 9.3
Actually, I Am… ကျောင်းပိတ်ရက်တစ်ရက်မှာ Asahi kuromine ကသူတစ်ဖက်သတ်ကြိုက်ရတဲ့ကောင်မလေး Youko shiragami ရဲ့လျှိူ့ဝှက်ချက်ကိုရှာတွေ့သွားခဲ့တယ်။ အဲ့ဒါကတော့ သူမက vampire ဖြစ်နေတယ်ဆိုတာပါပဲ။ သူမအဖေရဲ့စည်းကမ်းအရ မိသားစုကိုကာကွယ်ဖို့အတွက် သူမကျောင်းထွက်ရတော့မယ်။ ဒါပေမယ့် Asahi ကလည်းသူမကိုမသွားစေချင်တော့ youkoရဲ့လျှိူ့ဝှက်ချက်ကိုထိန်းသိမ်းထားပါမယ်လို့ကတိပေးခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ Asahiကဘာလျှိူ့ဝှက်ချက်ကိုမှ ထိန်းသိမ်းလို့မရနိုင်တဲ့ စိတ်ဖတ်ရလွယ်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ...... Asahi ရဲ့ဘ၀ထဲကိုသဘာ၀လွန်သတ္တဝါတွေများစွာ၀င်လာပြီးပြသာနာတွေစတင်လာခဲ့ပါတော့တယ်။ Asahiတစ်ယောက် သူ့သူငယ်ချင်းအသစ်တွေနဲ့ ဘယ်လိုဆက်ဖြစ်မယ် သူတို့ရဲ့ပုံစံအစစ်တွေကို ဘယ်လိုကာကွယ်မယ် youkoရဲ့နှလုံးသားကို‌ေရာရနိုင်မလား ဆိုတာကိုတော့ စီးရီးထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်ရှင့် Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode 12 Episode 13
9.3
TMDb: 9.3/10 3 votes
tv

Actually, I Am…

2015
Sleepy Princess in the Demon Castle
Sleepy Princess in the Demon Castle ဒီ anime လေးကတော့ 2020 ကိုကိုယ်စားပြုတဲ့ကားလေးပါ ဘာလို့လဲဆိုတော့အိပ်ပဲအိပ်နေတာလေ အားလုံး comedy, slice of life ကားကောင်းဖြစ်တဲ့ Umaru chan ကိုသိကြမှာပါ ဒီ anime က umaru chan ကိုဖန်တီးထားတဲ့ studio Doga Koto ရဲ့လက်ရာတစ်ခုပါပဲ episode အနေနဲ့ 12 ပိုင်းထွက်မယ်လို့သိရပါတယ်   နတ်ဆိုးဘုရင်ကလူသားမင်းသမီးတစ်ပါး Syalis ကိုဖမ်းပြီး သူ့ရဲ့ရဲတိုက်ထဲမှာဖမ်းချုပ်ထားခဲ့တယ် အဲ့ကိစ္စကိုတစ်တိုင်းပြည်လုံးသိပြီး သူရဲကောင်းကဦးဆောင်ပြီးမင်းသမီးကိုကယ်မယ့်အစီအစဥ်ကိုမကြေညာခင်အထိ ပြည်သူတွေစိတ်ထဲမှာခံစားနေရတယ် ပျင်းစရာကောင်းတဲ့ရဲတိုက်ထဲမှာ တောက်ပတဲ့ချပ်ဝတ်ဝတ်ထားတဲ့သူရဲကောင်းစောင့်နေစဥ်အချိန်အတွင်းမှာအဖမ်းခံရတဲ့မင်းသမီးလေးကဘာလုပ်မလဲ လင်းနို့တောင်ပံပါတဲ့ Teddy ဝက်ဝံလေးတွေကကောင်းပေမယ့် အဖမ်းခံထားရတဲ့ရဲတိုက်ကအရမ်းပျင်းစရာကောင်းလွန်းတယ် ဒါကြောင့်မင်းသမီးလေးကအကြာကြီးအိပ်နေဖို့ပဲဆုံးဖြတ်လိုက်တယ် သူသက်တောင့်သက်တာအိပ်ရဖို့လိုတဲ့ပစ္စည်းတွေ နေရာတွေရှာဖွေပုံတွေကိုကြည့်ရှုရမှာပါ တော်တော်လေးလဲချစ်စရာကောင်းတဲ့မင်းသမီးလေးမို့လို့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်   #No one beat me #LCAM   Episode 1   Episode 2   Episode 3   Episode 4:  Mega  |  Mediafire   Episode 5:  Mega  |  Mediafire  |  Racaty

Sleepy Princess in the Demon Castle

2020
C³ Cube x Cursed x Curious 6.3
C³ Cube x Cursed x Curious C³ ဟာ Light Novel အနေနဲ့အရင်ထွက်ရှိခဲ့ပြီး Hazuki Minase ကရေးသားခဲ့တာပဲဖြစ်ပါတယ်   Anime ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ Shin Onuma ကရိုက်ကူးပေးထါးတာဖြစ်ပြီး Silver Link Studio ကနေမှဖန်တီးထားတာဖြစ်ပါတယ်   အပိုင်းအနေနဲ့တော့ 13 ပိုင်းရှိပြီးဇာတ်လမ်းပိုင်းနဲ့ပက်သက်လို့အနည်းငယ်ဝေဖန်မှုတွေတော့ရှိနေခဲ့တာဖြစ်ပါတယ်   C³ ဆိုတဲ့ Anime ဇာတ်လမ်းလေးကို Haruaki Yachi ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်အဓိကဇာတ်အိမ်တည်ထားတာဖြစ်ပြီး Yachi ဟာတစ်နေ့မှာတော့​ပြည်ပရောက် ရှေးဟောင်းသုတေသနပညာရှင်ဖြစ်တဲ့သူ့အဖေဆီက အနက်ရောင် Cube တစ်ခုကိုရရှိခဲ့ပါတယ်   အဲ့ဒီညမှာပဲ Yachi ဟာမီးဖိုချောင်ထဲမှထူးဆန်းတဲ့အသံတစ်သံကြောင့်နိုးလာခဲ့ပြီးသွားကြည့်တဲ့အခါမှာတော့ အဝတ်အစားမပါဝစ်လစ်စလစ်နဲ့အပြာရောင်ဆံသားပိုင်ရှင်မိန်းကလေး​တစ်ယောက် ဆန်မုန့်ကြွပ်တွေကိုခိုးစားနေတာတွေ့လိုက်ရပါတော့တယ်   ဆံပင်ပြာနဲ့မိန်းကလေးဟာသူ့ကိုယ်သူ "Fear" ( ဂျပန်လို​တော့ Fia ဟုခေါ်သည်) လို့ခေါ်ကြောင်းမိတ်ဆက်ခဲ့ပြီးYachi ဖခင်ပို့လိုက်တဲ့အနက်ရောင် Cube ဖြစ်ကြောင်းသိလိုက်ရပါတော့တယ်   အဲ့ဒီနောက်မှာတော့ Fia ဆိုတဲ့ကောင်မလေးဟာ ကျိန်စာသင့်ပစ္စည်းတစ်ခုဖြစ်နေပြီးအတိတ်တုန်းကလူသားတွေရဲ့မကောင်းတဲ့စိတ်ဆန္ဒတွေကိုဖြည့်ဆည်းရာမှာအသုံးပြုတဲ့အရာဝတ္ထုတစ်ခုဖြစ်ကြောင်းသိလာရပြီးနောက်မှာတော့ Yachi အနေနဲ့ဘာဆက်လုပ်မလဲ? ကျန်စာမိနေတဲ့ကောင်မလေးကိုပဲကယ်တင်မလား အသုံးချမလား?ရှေ့လျှောက်ဘယ်လိုအန္တရာယ်တွေရောပေါ်လာလိမ့်မလဲ ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် #LCAM   Download link<<   Episode 1   Episode 2   Episode 3
6.3
TMDb: 6.3/10 3 votes
tv

C³ Cube x Cursed x Curious

2011