MMANIME

Aniplus Asia

Bungo Stray Dogs 7.1
Bungo Stray Dogs နာမည်ကြီးခဲ့တဲ့ Anime လေးတစ်ခု ဖြစ်တဲ့" Bungo Stray Dogs" နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ... မူလဘာသာပြန်သူကတော့ လေလွင့်ပညာရှင်များလို့ ဘာသာပြန်ထားပါတယ်။ .. Rating 7.8/10 ရှိထားလို့ လက်လွှတ်မခံသင့်တဲ့ Anime ကောင်းလေးပါ ... ဇာတ်လမ်းကတော့ စွမ်းအင်အမျိုးမျိုးရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံထောက်အေဂျင်စီတစ်ခုက စုံထောက်တွေရဲ့ အမှုဖြေရှင်းတာတွေ အခက်အခဲတွေကို တွေ့ရမှာပါ ။ အဓိက ဇာတ်ဆောင်ကတော့ နာကဂျီမာ အဆုရှီလို့ အမည်ရပြီး မိဘမဲ့ဂေဟာကနေအကြောင်းတစ်ခုကြောင့် နှင် ထုတ်ခံလိုက်ရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။... ဒီလိုနဲ့မှီခိုစရာမရှိတာကြောင့်ခြေဦးတည့်ရာလျှောက်သွားရင်းအမြဲကိုယ့်ကိုကိုယ်သေဖို့နည်းလမ်းရှာနေတဲ့သူဒဇိုင်းဆိုတဲ့စုံထောက်အေဂျင်စီက အေးဂျင့်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီကနေဒဇိုင်းနဲ့သူ့ပါတနာတို့ဟာခုတလောလူနေထိုင်ရာအိမ်ခြေနေရာတွေမှာတွေ့နေရတဲ့သမန်းကျားတစ်ကောင်အကြောင်းကိုလိုက်လံစုံစမ်းနေတာဖြစ်ကြောင်းစကားစပ်မိသွားတဲ့အခါအဆုရှီဟာသူ့နောက်ကိုသမန်းကျားလိုက်ခံနေရတာကြာပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ဒါကြောင့်ဒဇိုင်းတို့အဖွဲ့ဟာ အဆုရှီကို အသုံးချ ပြီး ကျားဖမ်းဖို့ ပြင်ပါတော့တယ် ... ဒါပေမယ့် ... မထင်မှတ်ထားတာတွေဖြစ်ပေါ်လာတဲ့အခါမှာတော့....... ဒီAnime ရဲ့ seasonတိုင်းမှာDazaiရဲ့ဘဝဇာတ်ကြောင်းကနဲအကျဉ်းဆီပါဝင်နေပါတယ်။ ယခုSeason-3မှာပါဝင်တဲ့Dazaiရဲ့နောက်ကြောင်းအနဲငယ်ကိုလဲReviewရေးပေးလိုက်ပါတယ်။ သုံးပွင့်ဆိုင်စည်းရုံးရေးစစ်ပွဲအဆုံးသတ်သွားပြီးတဲ့နောက်မှာ,အစိုးရဗျူရိုကရေစီအရာရှိ Ango Sakaguchiဟာလွန်ခဲ့တဲ့နှစ်တွေတုန်းကယခင်Port Merfiaခေါင်းဆောင်သေဆူံးမှုအပြီးမှာဖြစ်ပေါ်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်ဖြစ်ပေါ်အောင်ကြိုးစားနေပါတယ်။ အဲ့ဒိအချိန်တုန်းကကျွန်တော်တို့ရဲ့ထူးထူးဆန်းဆန်းCharacterနဲ့လူကြိုက်များတဲ့Osamu Dazaiဟာမြို့ရဲ့နေရာအတော်များများကိုပျက်စီးစေခဲ့တဲ့ထူးထူးဆန်းဆန်းပေါက်ကွဲမှုနဲ့ပက်သက်တဲ့ကောလဟာလတွေနဲ့ယခင်Mafiaခေါင်းဆောင်ပြန်ပေါ်လာတယ်ဆိုတဲ့စွပ်စွဲမှုတွေ ကိုစုံစမ်းဖို့တာဝန်ပေးခြင်းခံထားရတဲ့လူသစ်လေးပဲရှိပါသေးတယ်။ သူ့ရဲ့အတွေ့အကြုံနုသေးတာကြောင့်ပြိုင်ဘက်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ Sheepလို့အမည်ရတဲ့ ပင်ကိုစိတ်ကြမ်းလူကြမ်းChuuya Nakaharaနဲ့တွဲပြီးအဲ့ဒိအဖြစ်အပျက်ရဲ့နောက်ကွယ်ကအမှန်တရားကိုဖော်ထုတ်ဖို့နဲ့Arahabakiဆိုတဲ့ဒဏ္႑ာရီယုံတမ်းစကားအပေါ်မှာအဖြေရှာကြပါတော့တယ်။ လက်ရှိနေ့ရက်တွေမှာတော့Armed Detective Agencyဆိုတဲ့အဖွဲ့အစည်းလေးဟာနေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့လည်ပတ်လို့နေပါတယ်။ဒါပေမယ့်သူတို့ရဲ့အေးချမ်းတဲ့အချိန်လေးဟာဘယ်လောက်မှကြာကြာမခံလိုက်ပါဘူး၊ဘာကြောင့်လဲဆိုတာကိုတော့ကြည့်ရှုလိုက်ကြပါ။   Bungo Stray Dogs S03 Episode 1  
7.1
TMDb: 7.1/10 43 votes
tv

Bungo Stray Dogs

2019