MMANIME

BS Japan

Monogatari 8
Monogatari Bakemonogatari Review ဒီanimeကတော့ တော်တော်လည်းနာမည်ကြီးသလို ဇာတ်လမ်းကလည်းသူများတွေနဲ့မတူတဲ့ ဇာတ်လမ်းလေးပါ။ Araragi Koyomiဆိုတဲ့ တတိယနှစ် အထက်တန်းကျောင်းသားတစ်ယောက်ပေါ့။ သူကသွေးစုပ်ဖုတ်ကောင်ကနေ မကြာသေးခင်ကမှ လူနီးပါးအဖြစ်နေထိုင်လာနိုင်တဲ့သူပါ။ တစ်နေ့မှာ ဘယ်သူနဲ့မှလည်းစကားမပြောဖူး လူလည်းသိပ်မသိတဲ့အတန်းဖော် Senjougahara Hitagi ဆိုတဲ့မိန်းကလေးက ရုတ်တရက်ဆိုသလို လှေကားပေါ်ကပြုတ်ကျပါတယ်။ ဒါပေမယ့်Koyomiကအမိအရဖမ်းလိုက်နိုင်ပါတယ်။ အဲ့မှာKoyomiဟာ Hitagiကိုသတိထားမိသွားပါတယ်။ ဘာလဲဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ အလေးချိန်မရှိသလောက်ကို ပေါ့နေလို့ပါပဲ။ သူ့ဆီမှာပြဿနာတစ်ခုခုရှိနေတာသိလို့ Koyomiကသူ့ကိုလိုက်လိုက်လျောလျောကူညီလိုက်ပါတယ်။ ဘယ်လိုကူညီလဲဆိုတော့ Koyomiကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ကနေ လူတစ်ယောက်လိုနေနိုင်ဖို့အထိ ကူညီပေးခဲ့တဲ့ Oshino Memeဆိုတဲ့ အသက်လတ်ပိုင်း အိမ်ခြေမဲ့သူဆီကို Hitagiကိုခေါ်သွားပေးခဲ့တာပါ။ Hitagiကဘာပြဿနာတွေရှိနေလို့Koyomiကကူညီရတာလဲ။ Koyomiကကော တကယ့်လူသားစစ်စစ်လိုဖြစ်နေပြီလားဆိုတာကတော့... စောင့်မျှော်အားပေးလိုက်ကြပါဦးခင်ဗျာ Bakemonogatari Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8  
8
TMDb: 8/10 230 votes
tv

Monogatari

2009