MMANIME

Kodansha

Monogatari 8
Monogatari Bakemonogatari Review ဒီanimeကတော့ တော်တော်လည်းနာမည်ကြီးသလို ဇာတ်လမ်းကလည်းသူများတွေနဲ့မတူတဲ့ ဇာတ်လမ်းလေးပါ။ Araragi Koyomiဆိုတဲ့ တတိယနှစ် အထက်တန်းကျောင်းသားတစ်ယောက်ပေါ့။ သူကသွေးစုပ်ဖုတ်ကောင်ကနေ မကြာသေးခင်ကမှ လူနီးပါးအဖြစ်နေထိုင်လာနိုင်တဲ့သူပါ။ တစ်နေ့မှာ ဘယ်သူနဲ့မှလည်းစကားမပြောဖူး လူလည်းသိပ်မသိတဲ့အတန်းဖော် Senjougahara Hitagi ဆိုတဲ့မိန်းကလေးက ရုတ်တရက်ဆိုသလို လှေကားပေါ်ကပြုတ်ကျပါတယ်။ ဒါပေမယ့်Koyomiကအမိအရဖမ်းလိုက်နိုင်ပါတယ်။ အဲ့မှာKoyomiဟာ Hitagiကိုသတိထားမိသွားပါတယ်။ ဘာလဲဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ အလေးချိန်မရှိသလောက်ကို ပေါ့နေလို့ပါပဲ။ သူ့ဆီမှာပြဿနာတစ်ခုခုရှိနေတာသိလို့ Koyomiကသူ့ကိုလိုက်လိုက်လျောလျောကူညီလိုက်ပါတယ်။ ဘယ်လိုကူညီလဲဆိုတော့ Koyomiကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ကနေ လူတစ်ယောက်လိုနေနိုင်ဖို့အထိ ကူညီပေးခဲ့တဲ့ Oshino Memeဆိုတဲ့ အသက်လတ်ပိုင်း အိမ်ခြေမဲ့သူဆီကို Hitagiကိုခေါ်သွားပေးခဲ့တာပါ။ Hitagiကဘာပြဿနာတွေရှိနေလို့Koyomiကကူညီရတာလဲ။ Koyomiကကော တကယ့်လူသားစစ်စစ်လိုဖြစ်နေပြီလားဆိုတာကတော့... စောင့်မျှော်အားပေးလိုက်ကြပါဦးခင်ဗျာ Bakemonogatari Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8  
8
TMDb: 8/10 230 votes
tv

Monogatari

2009
Interviews with Monster Girls 7.1
Interviews with Monster Girls Review ဒီဇာတ်လမ်းကတော့ "လူတစ်ပိုင်းမကောင်းဆိုးဝါးတစ်ပိုင်း" ဆိုတဲ့နာမည်နဲ့ လူသားတွေကြားထဲမှာ သွားလာလှုပ်ရှားနေကြတဲ့ ရာဇဝင်ထဲကမကောင်းဆိုးဝါးတွေရဲ့အကြောင်းလို့ပဲဆိုပါတော့။ အဲ့ဒီ ကပြားစပ် မကောင်းဆိုးဝါးတစ်ပိုင်း လူတစ်ပိုင်းတွေကို စိတ်ဝင်စားလွန်းတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အဲ့လိုမကောင်းဆိုးဝါးကောင်မလေးတွေကို စာသင်ပေးရမယ့် အထက်တန်းကျောင်းတစ်ကျောင်းမှာ သူအလုပ်ရသွားတော့ သူ့အိပ်မက်တွေအကောင်အထည်ပေါ်လာတာပေါ့။ ဒါပေမယ့် ဒီမကောင်းဆိုးဝါးတွေကလည်း မိန်းကလေးတွေဆိုပေမယ့် နယ်နယ်ရရတော့မဟုတ်ဘူး။ သွေးစုပ်ဖုတ်ကောင်တို့,အရှက်အကြောက်ကြီးသလောက် ခေါင်းမပါတဲ့ဟာတို့,နတ်ဆိုးမတို့တွေပါ။ အဲ့တာတွေကိုလူသားဆရာတစ်ယောက်အနေနဲ့ ဘယ်လိုထိန်းကွပ်ကြည့်ရှုမလဲ ဘယ်လိုသင်ပြမလဲဆိုတာကတော့... စောင့်မျှော်အားပေးလိုက်ကြပါခင်ဗျာ။   Episode 1    Episode 2    Episode 3    Episode 4    Episode 5  Episode 6   Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode 12   Episode 13  
7.1
TMDb: 7.1/10 12 votes
tv

Interviews with Monster Girls

2017