MMANIME

SHAFT

Monogatari 8
Monogatari Bakemonogatari Review ဒီanimeကတော့ တော်တော်လည်းနာမည်ကြီးသလို ဇာတ်လမ်းကလည်းသူများတွေနဲ့မတူတဲ့ ဇာတ်လမ်းလေးပါ။ Araragi Koyomiဆိုတဲ့ တတိယနှစ် အထက်တန်းကျောင်းသားတစ်ယောက်ပေါ့။ သူကသွေးစုပ်ဖုတ်ကောင်ကနေ မကြာသေးခင်ကမှ လူနီးပါးအဖြစ်နေထိုင်လာနိုင်တဲ့သူပါ။ တစ်နေ့မှာ ဘယ်သူနဲ့မှလည်းစကားမပြောဖူး လူလည်းသိပ်မသိတဲ့အတန်းဖော် Senjougahara Hitagi ဆိုတဲ့မိန်းကလေးက ရုတ်တရက်ဆိုသလို လှေကားပေါ်ကပြုတ်ကျပါတယ်။ ဒါပေမယ့်Koyomiကအမိအရဖမ်းလိုက်နိုင်ပါတယ်။ အဲ့မှာKoyomiဟာ Hitagiကိုသတိထားမိသွားပါတယ်။ ဘာလဲဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ အလေးချိန်မရှိသလောက်ကို ပေါ့နေလို့ပါပဲ။ သူ့ဆီမှာပြဿနာတစ်ခုခုရှိနေတာသိလို့ Koyomiကသူ့ကိုလိုက်လိုက်လျောလျောကူညီလိုက်ပါတယ်။ ဘယ်လိုကူညီလဲဆိုတော့ Koyomiကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ကနေ လူတစ်ယောက်လိုနေနိုင်ဖို့အထိ ကူညီပေးခဲ့တဲ့ Oshino Memeဆိုတဲ့ အသက်လတ်ပိုင်း အိမ်ခြေမဲ့သူဆီကို Hitagiကိုခေါ်သွားပေးခဲ့တာပါ။ Hitagiကဘာပြဿနာတွေရှိနေလို့Koyomiကကူညီရတာလဲ။ Koyomiကကော တကယ့်လူသားစစ်စစ်လိုဖြစ်နေပြီလားဆိုတာကတော့... စောင့်မျှော်အားပေးလိုက်ကြပါဦးခင်ဗျာ Bakemonogatari Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8  
8
TMDb: 8/10 230 votes
tv

Monogatari

2009
Puella Magi Madoka Magica 8
Puella Magi Madoka Magica Review အလယ်တန်းကျောင်းသူလေးMadokaနဲ့သူ့သူငယ်ချင်းSayakaတို့ဟာ သာမန်ပျော်ရွှင်ဖွယ်ဘ၀လေးတွေကိုဖြတ်သန်းနေကြပါတယ် ဒါပေမယ့် သူတို့ကျောင်းကိုAkemi Homuraဆိုတဲ့ကျောင်းသူသစ်ရောက်လာချိန်မှာတော့ထူးခြားမှုတွေစတင်လာပါတယ် ကောင်မလေးတွေကိုMagic Girlတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့Kyubeyဆိုတဲ့ကြောင်လေးကMadokaတို့သူငယ်ချင်းနှစ်ယောက်ကိုစတင်ချဉ်းကပ်ခဲ့ရာမှာအခြေအနေတွေကဘယ်လိုပြောင်းလဲလာမှာလဲ Akemi Homuraရဲ့အကြံအစည်ကရောဘာဖြစ်မလဲ Dark Fantasyအမျိုးအစားဖြစ်တာကြောင့်ဇာတ်လမ်းကအစပိုင်းမှာအနည်းငယ်အေးနေပေမယ့် နောက်ပိုင်းမှာဟာကနဲ ဟင်ကနဲဖြစ်သွားစေမယ့်အလှည့်အပြောင်းတွေ Character Developmentအကြမ်းကြီးတွေနဲ့ Rating 8.5အထိရရှိထားတဲ့Thriller Type Animeကောင်းတစ်ခုဖြစ်ပါတယ် အတိုချုပ်ပြောရရင်တော့ သေချာပေါက်အချိန်ပေးကြည့်ရှုရကျိုးနပ်မယ့်Animeတစ်ခုဖြစ်ပါကြောင်း Translator-SwannYee,T.T Encoder-ARENDELLE                                                                                 ထောင်းလော့လင့် - 1-12 Mega
8
TMDb: 8/10 89 votes
tv


2011