Demon slayer (Kimetsu no yaiba) Mmsub/စဆုံး
Total ep-26
Genres :Action, Demons, Historical, Shounen, Supernatural
Synopsis (Crd)
လွန်ခဲ့သောနှစ်များစွာကတည်းက လူတွေကိုသတ်ဖြတ်စားသောက်တဲ့ Demon (မကောင်းဆိုးဝါး) တွေဟာ တောတွေထဲမှာ နေထိုင်ကျက်စားကြတယ် ဆိုတဲ့ ကောလဟာလတချို့ရှိခဲ့ပါတယ်
သူတို့ရန်ကိုကြောက်လန့်ရတဲ့လူတွေဟာ ညဘက်ဆိုအပြင်မထွက်ရလောက်အောင်ပါပဲ
ဒဏ္ဍာရီတွေအရ အဲ့ဒီ မကောင်းဆိုးဝါးတွေ ကိုညဘက်တွေမှာအမဲလိုက် နှိမ်နင်း နေတဲ့ Demon slayer တစ်ယောက် ရှိတယ်လို့လဲ ဆိုကြပါတယ်………..
Tanjiro Kamado ဆိုတဲ့ လူငယ်လေးဟာ ရိုးသားပြီး ကြင်နာတတ်ရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်
သူ့ရဲ့ ဖခင်မရှိတော့ ပေမဲ့ သူဟာ သူ့ရဲ့ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးမှာ နေထိုင်ကြပာတယ်
သူကိုယ်တိုင်ကတော့ တောင်အောက်က ရွာတွေ မှာ မီသွေးဆင်းရောင်းပြီး မိသားစုဝမ်းစာအတွက်ရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်
သူ့မိသားစုရဲ့နွေးထွေးငြိမ်းချမ်းတဲ့ဘဝက တစ်နေ့သောအခါမှာ အရာရာပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ်
တနေ့ တောင်အောက်က ရွာမှာ မီးသွေးသွားရောင်းပြီး ပြန်အလာမှာ
သူ့မိသားစုဟာ Demon တွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းကို ခံခဲ့ရပါတယ်
တစ်မိသားစုလုံး အသတ်ခံ ခဲ့ရပြီး သူ့ရဲ့ညီမလေး Nezuko တယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ညီမဖြစ်သူဟာ မကောင်းဆိုးဝါးတကောင် အဖြစ်ပြောင်းလဲခဲ့ပြီး နေရောင်ခြည်နဲ့ ထိတွေ့လို့မရတဲ့ ကောင်မလေးတယောက်ဖြစ်လာခဲ့ပါတယ်
မကောင်းဆိုးဝားအဖြစ်ပြောင်လဲသွားပေမဲ့ ညီမဖြစ်သူမှာ လူတစ်ယောက်ရဲ့ ခံစားချက်တွေ အတွေးတွေရှိနေသေးတဲ့ အတွက် လူအဖြစ်ပြန်ပြောင်းနိုင်ဖို့နဲ့ မိသားစုအတွက် လက်စားချေဖို့ Tanjiro ဟာဘယ်လို စွန့်စားခန်းတွေ နဲ့ရင်ဆိုင်ရမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်