Satoru Fujinuma ဟာ အသက် ၂၉နှစ်အရွယ်၊ Magaka လုပ်ဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း အဆင်မပြေသေးတဲ့အတွက် လက်ရှိမှာတော့ သူဟာ ပီဇာဆိုင်တစ်ခုမှာ အလုပ်လုပ်နေရသူပါ။ နောက်ပြီး သူ့မှာ ထူးဆန်းတဲ့အစွမ်းတစ်ခုရှိပါတယ်။ အဲ့ဟာက မကောင်းတာတစ်ခုခု ဖြစ်ခါနီးဆိုရင် အဲ့အဖြစ်အပျက်မဖြစ်ခင် မိနစ်ပိုင်းအလိုလောက် အတိတ်ကို ပြန်ပြန်ရောက်သွားလေ့ရှိပါတယ်။ Fujinuma ဟာ အဲ့အစွမ်းကို အသုံးချပြီး လူတွေအများကြီးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် တစ်ရက်မှာတော့ သူ့အမေဟာ လူသတ်သမားတစ်ဦး သတ်တာကို ခံလိုက်ရပါတယ်။ နောက်ပြီး သူ့ကိုသတ်တဲ့သူဟာ သားဖြစ်သူ Fujinuma ဖြစ်နိုင်တယ်လို့ ရဲတွေက ယူဆတဲ့အတွက် သူဟာ ဝရမ်းပြေးဖြစ်သွားခဲ့ပါတယ်။ အဆိုးထဲက အကောင်းလို့ပြောရမလားမသိ၊ သူ ရဲတွေလက်က ပြေးတဲ့အချိန်မှာ ရုတ်တရတ် သူဟာ လွန်ခဲ့တဲ့ ၁၈နှစ်အကြာကာလ၊ ၁၉၈၈ ကို ပြန်ရောက်သွားခဲ့ပါသတဲ့။
အဲ့မှာ သူသိလိုက်ရတာကတော့ ဟိုးအရင် သူ မူလတန်းကျောင်းသားဘဝက သူ့အတန်းဖော်တွေကို သတ်ခဲ့တဲ့ လူသတ်သမားနဲ့ သူ့အမေကို သတ်သွားသူက တစ်ဦးတည်းဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ အတိတ်ကို ရောက်သွားတဲ့ Fujinuma ဟာ သူ့အနာဂတ်ရဲ့ ကံကြမ္မာဆိုးကို ပြောင်းလဲနိုင်မလားဆိုတာ ကြည့်ရမှာပါ။
Genre ကတော့ Mystery, Psychological, Seinen, Supernatural ပါ။ အပိုင်းကတော့ ၁၂ ပိုင်းရှိပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ anime ဖြစ်ပြီး ကြည့်သင့်တဲ့ anime လည်း ဖြစ်ပါတယ်
LazzyAss
Leave a Reply
You must be logged in to post a comment.