MMANIME
Fate/Zero

フェイト/ゼロ

2 Seasons 25 Episodes
Ended

Fate/Zero

7.9
TMDb: 7.9/10 78 votes

General information

Original nameフェイト/ゼロ
Created by

Backdrops

Fate/Zero

Synopsis of Fate/Zero

Fate Zero  s1 + s2

Name            — FATE ZERO

Number of Seasons — 2

Episodes                    — Season 1 (13 episodes )
Season 2 (12 episodes )

Aired                          — Oct 2, 2011 to
Jun 23,2012

Studio                        —   ufotable

Genres                       –Action, Supernatural,
Magic and Fantasy

Duration                    — 28 mins per 1 episode

Rating                        — R 17+

Project Holder          — Bkking

နောက်ဆုံးတော့ ကျတော့် pj လေး တင်မယ့်ချိန်ရောက်လာခဲ့ပါပြီ။

ဒီကားကို အစကတည်းက တင်ချင်ခဲ့တာပါ။အရင်က ကျောင်း

ကိစ္စနဲ့တော့ မအားဘူးဗျ။ ဒါပေမဲ့ ခု ကျောင်းလည်းပြီးသွားပြီဆိုတော့

အေးဆေး ဘာသာပြန်ပြီး တင်ပေးနိုင်ပါပြီ။ အထူးသဖြင့် ကျတော့်လို

အရင်က Fate ဆိုရင်နမည်သာကြားဖူးပြီး ဘာမှမသိတဲ့ fans များ

အတွက် ဒီ series လေးကိုရည်ညွှန်းပါတယ်။ fate တွေအားလုံးရဲ့

ဇာတ်လမ်းအစဖြစ်သလို  အင်မတန်မှလည်း ဇာတ်အိမ် ဇာတ်ကွက်

ကောင်းတဲ့ကားမလို့ လူတိုင်းကြည့်သင့်တယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအသေးစိတ်ကို သိချင်ရင်ဒါမှမဟုတ် အစဉ်လိုက်ဘယ်လိုကြည့်ရမလဲဆိုတာရှာချင်ရင် အောက် Heros for Myanmar page က တင်ပေးထားတဲ့ Fate သမိုင်းကြောင်းကြီးကိုဝင်ရောက်

ဖတ်ကြည့်ကြပါ။
👇👇
Click Here

ဇာတ်လမ်းအကြောင်းမပြောခင် နောက်ထပ် ကြိုတင်အသိပေးစရာ

တစ်ခုရှိပါတယ်။ Fate ရဲ့ စာဖိုင်ဟာ တော်တော်ခက်ပါတယ်။ အသုံးအနှုန်းတွေလည်း ခက်သလို ဝေါဟာရတွေကလည်း တော်ရုံစဉ်းစားရမလွယ်ပါဘူး။ ဒါ့ကြောင့်ကျတော့်အနေနဲ့ တချို့ကြည့်တဲ့သူတွေနားမလည်လောက်တဲ့ အရာတွေကို တမင် ထုတ်ပြီး ရှင်းပြပေးထားတာ

တွေရှိပါတယ်။ တချို့မန္တာန်စာကြောင်းတွေ ပြန်တာအဆင်မပြေခဲ့ပါက ကျတော့်ကို လာရောက်ဆက်သွယ် အကြံပေးနိုင်ပါတယ်။ ပြီးတော့ စာဖိုင်ကိုအတတ်နိုင်ဆုံး ကူညီပေးခဲ့တဲ့ အစ်ကို Lin Taung ကိုလည်း ကျေးဇူးတင်ပါတယ်။

(Jeager Nyi  လည်းပါပါတယ်နော်)

ပြောချင်တာလေးတွေပြောပြီးသွားတော့ Review လေးစလိုက်ကြတာပေါ့……

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပေါ်က ပေးထားတဲ့Link ထဲကpost ကိုဖတ်ပြီးပြီဆိုရင်တော့ review ကိုဆက်ဖတ်နိုင်ပါပြီ။

Fate zero

Fate ဇာတ်လမ်းများ၏ ထုံးစံအတိုင်းပင် zero ဟာလည်း ဇာတ်အိမ်

ချင်းအတူတူပါပဲ။ Holy Grail လို့ခေါ်တဲ့အရာကို ရဖို့အတွက်Master 7 ယောက်ဟာ Servant 7 ယောက်ကိုဆင့်ခေါ်ပြီး

အချင်းချင်းတိုက်ခိုက်ကြတာ နောက်ဆုံး ကျန်တဲ့သူသာလျှင် Grail ကိုရနိုင်မှာပါ။  ထူးခြားတာက ဒီအထဲက ဇာတ်ကောင်အများစုဟာ

တခြားFate တွေလို အထက်တန်းကျောင်းသားတွေမဟုတ်ပါဘူး။ လူလတ်ပိုင်းတစ်နည်းအားဖြင့် သက်ကြီးပိုင်းတွေပါ။ Unlimited Blade Works ကိုကျော်ကြည့်ထားတဲ့သူတွေကတော့ ဒီထဲက

ဇာတ်ကောင်တစ်ချို့ကိုရင်းနှီးကြမှာပါ။ Emiya Shirou ရဲ့ မွေးစားဖခင် Emiya Kiritsugu, Rin ရဲ့ဖခင်  Toosaka Tokiomi နဲ့

ဘုရားကျောင်းက လူဖြစ်တဲ့ Kotomine Kirei တို့ပဲဖြစ်ပါတယ်။ UBW မှာတော့ သူတို့ရဲ့ မျိုးဆက်တွေလက်ထက် Grail War ကိုပြသွားခဲ့ပြီး  ခုဒီမှာတော့ သူတို့ ခေတ်အားပြိုင်မှု့ကိုအကျယ်တင်ပြ

သွားမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကာလကား နှစ် ၆၀ တစ်ခါပေါ်လာမည့် အင်မတန်မှစွမ်းအားကြီးသော မည့်သည့်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်သည့် Holy Grail ကြီး ပေါ်ပေါက်လာရန်လေးနှစ်အလို  အင်အားကြီး မိသားစုများဖြစ်

ကြသည့် Einzbern, Toosaka, နှင့် Matou တို့ပြင်ဆင်မှု့များ

စတင်နေချိန်ဖြစ်သည်။

အရင် Grail စစ်ပွဲများတွင်  အကြိမ်ကြိမ် ရှံးလာ

သော Einzbern ဘက်ကမူ ဒီတစ်ခေါက်တွင် အနိုင်ရစေရန် အပြင်

လူတစ်ယောက်ကိုသူတု့ိ မိသားစုအတွင်းသို့ ခေါ်ကာ Grail အား

ရယူရန်ပြင်ဆင်နေပေသည်။ ခေါ်သောသူမှာလည်း အခြားမဟုတ်ပါ။

မှော်ဆရာသတ်သမား ဟုနမည်ကြီးသည့် Emiya Kiritsugu ပင်

ဖြစ်သည်။ ထို့အတူပင် Toosaka ဘက်မှာလည်း ဘုရားကျောင်းနှင့်

အတူပူးပေါင်းကာ မိမိတို့ အနိုင်ရဖို့သေချာစေရန် ဆောင်ရွက်လျက်ရှိ

ပေသည်။  Matou တို့ဘက်ကမူ မိမိတို့ကျွမ်းကျင်သော ပိုးကောင်

အတတ်ပညာများအသုံးပြု၍ Grail အား တစ်နည်းနည်းဖြင့်ရယူရန်ပြင်ဆင်နေပေသည်။

ဤသို့ဖြင့် လေးနှစ်တာ ကာလတဖြည်းဖြည်းကုန်ဆုံးလာသည်နဲ့အမျှ

ရွေးချယ်ခံထားရMasters များနှင့်အတူ Servants များလည်းပေါ်

လာခဲ့ပေသည်။ ထိုမှဆက်၍ မည်သို့မည်ပုံ အားပြိုင်ကျပုံ, မည့်သည့်

servant က မည်သို့သောအစွမ်းများကို ထုတ်သုံးကြပုံနဲ့ မည်သူက

Grail ကိုရသွားသလိုဆိုသည့် ” မည်သို့” မေးခွန်းများကို ကိုယ်တိုင်နိုင်သိစေရန် အပတ်စဉ်  ၂ပိုင်းနှုန်းဖြင့် AUM page မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

#bk

ep 01

ep 02

ep 03

ep 04

ep 05

ep 06

ep 07

ep 08

ep 09

ep 10

ep 11

ep 12

ep 13

ep 14

ep 15

ep 16

ep 17

ep 18

ep 19

ep 20

ep 21

ep 22

ep 23

ep 24

ep 25

Airs On,
Production
Release Year
Firt air date
Last air date2012-06-24
TypeScripted
Episode runtime25 min
Home PageFate/Zero
Popularity12.546
TV StatusEnded

Seasons and episodes

No data available

Videos

No data available

Comments

Leave a Reply