ဒီanimeရဲ့ဇာတ်လမ်းကိုစပြီး
အခြေပြုထားတာက ရဲမှုခင်းတွေကနေပေါ့။
ဒီထဲမှာတချို့ရဲတွေဟာ တရားမျှတမှုအတွက်ဆိုရင်
ငွေမရရုံကလို့ ဘာပဲဖြစ်နေဖြစ်နေ အသက်ကိုစွန့်ပြီး
တိုက်ပွဲဝင်ပေးမယ့်သူတွေပါ။
တချို့သောရဲတွေကတော့ တရားမျှတမှုဆိုတာ
ပါးစပ်ကနေထွက်ပြီး လေထဲမှာပျောက်သွားတဲ့အချိန်
လောက်တောင်ကြာရှည်မခံဘူးတဲ့။
ဘဝမှာ တရားမျှတမှုထက်အရေးကြီးတာက
ငွေ ဘက်လိုက်မှု စသဖြင့်ပေါ့။ငွေရရင်ပြီးကော
တရားမျှတတ မမျှတတ ဂရုမစိုက်တဲ့ရဲတွေ
လို့ဆိုရမှာပေါ့။
အဲ့ဒီမှာမှအဓိကmain characterတစ်ယောက်ဖြစ်တဲ့
သာမန်စုံစမ်းထောက်လှမ်းရေးအဆင့်သာရှိတဲ့
Haru Kato ပါ။
သူ့ရဲ့အဆင့်က
သာမန်စုံထောက်တစ်ယောက်ဖြစ်နေရခြင်းကတော့
သူဟာ တစ်ချိန်ကပထမတန်းစားစုံထောက်
တစ်ယောက်ပဲဖြစ်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ခံယူချက်တွေနဲ့ကွဲလွဲမှုကြောင့်
သူ့ကိုရာထူးကနေလျှော့ချလိုက်တာပါ။
စုံထောက် Haru Kato ရဲ့ခံယူချက်ကတော့
နေရာတိုင်းမှာတရားမျှတမှုနဲ့စည်းကမ်းဆိုတာရှိရမယ်
တရားမျှတမှုမရှိပဲ စည်းကမ်းကိုဖောက်ဖျက်တဲ့သူဟာ
ဥပဒေကချမှတ်ထားတဲ့ အပြစ်အလျောက်
ပြန်ပေးဆပ်ရပါမယ် ဆိုတဲ့စုံထောက်တစ်ယောက်ပါ။
နောက်ထပ်main characterတစ်ယောက်ကတော့
စုံထောက် Daisuke Kambe ပါ။
သူကတော့ခုနကစုံထောက် Haru Kato နဲ့လုံးဝကို
ဆန့်ကျင်ဘက်လို့ပြောလို့ရပါတယ်။
ဒါပေမယ့်ဆန့်ကျင်ဘက်လို့ပြောပေမယ့်
တချို့ရဲတွေလိုငွေမက်တဲ့သူမျိုးတော့မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ သူ့မှာရေလိုလေလိုအပေါဆုံးက
ငွေဖြစ်နေလို့ပါပဲ။
အရာရာကိုငွေနဲ့ဖြေရှင်းတယ်။ ငွေရှိရင်အားလုံးပြီးတယ်
လို့ခံယူထားတဲ့တစ်ယောက်။မှုခင်းတစ်ခုကိုသူလိုက်ပြီဆိုရင်
ပြည်သူ အရပ်သား ရဲ စုံထောက် ဘယ်သူ့ကိုမှ
သူထည့်မတွက်ပါဘူး။သူရဲ့အရေးကြီးတဲ့အဓိကဦးတည်ချက်
ဖြစ်တဲ့ မှုခင်းထဲကရာဇဝတ်ကောင်ကိုပဲအသေအကြေ
လိုက်ပါတယ်။ဖြစ်လာသမျှအကျိုးဆက်နဲ့နစ်နာကြေးအားလုံး
ကိုငွေနဲ့ပေါက်ပြီးဖြေရှင်းတဲ့စုံထောက်တစ်ယောက်ပါ။
ဒီမှာဇာတ်လမ်းကစပါပြီ။
တရားမျှတမှုကိုမြတ်နိုးတယ်။ဥပဒေရဲ့အထက်မှာ
ဘယ်သူမှမရှိစေရဘူးလို့ခံယူထားတဲ့
စုံထောက် Haru Kato ဟာ အရာရာကိုပေါ့ပေါ့တန်တန်နဲ့
ဘယ်ကိစ္စမဆို ငွေနဲ့ပေါက်ပြီးဖြေရှင်းနေတဲ့
စုံထောက်Daisuke Kambeကိုဘယ်လိုမှကြည့်လို့မရပါဘူး။
ဖြစ်ချင်တော့သူတို့နှစ်ယောက်ဟာ
ရာထူးတစ်ခုထဲမှာနှစ်ယောက်အတူတူတွဲလုပ်ရမှာပါ။
အရာရာမှာဆန့်ကျင်ဘက်ဖြစ်နေတဲ့သူတို့နှစ်ယောက်
ခက်ခဲကြမ်းတမ်းတဲ့အမှုတွဲတွေကိုဘယ်လိုဖြေရှင်းကြမလဲ။
မျဉ်းပြိုင်နှစ်ကြောင်းကတစ်နေရာရာမှာဆုံမှတ်ရှိနိုင်ပါ့မလား…
Translated by Kan San
Encoded by Shine Bo Bo Latt
Season [1]
Episode 1 [1080p]
Yandex / Gdrive / Racaty / Usersdrive /
Episode 2 [1080p]
Yandex / Gdrive / Racaty / Usersdrive /