ကြိုပီးတော့ပြောထားတာပါ review ရှည်သွားရင် sorry ပါဗျ


-ဇာတ်လမ်းကိုတော့ Tokyo မြို့မှာ ကြောက်မက်ဖွယ်ရာ စိတ်ကူးရင်ဆန်ဆန် ဇာတ်အိမ်တည်ထားပါတယ်။ “Ghouls” တွေလို့ အမည်ရတဲ့ ထူးဆန်းသက်ရှိတွေက လူသားတွေကို အမဲလိုက်စားသောက်ခံနေရသလို (လူသားစားတာပေါ့) သူတို့တွေက မျက်နှာဖုံးတွေ ဝတ်ဆင်ထားလေ့ရှိကြသဖြင့် ဘယ်သူကဖြင့် ghoul ဆိုတာမပြောနိုင်တဲ့အတွက် လူသားတွေအနေနဲ့ ကြောက်ရွံ့မှုတွေကြားမှာ လှုပ်ရှားသွားလာနေကြရပါတယ်။
Kaneki Ken ဆိုတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ Kamishiro Rize ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ ဆုံတွေမိခဲ့ကြတယ်။ ဆိုင်လေးနာမည်က Anteiku။ စာပေဗဟုသုတ ဝါသနာပါတဲ့သူတို့နှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက် ဖလှယ်ကြရင်းနဲ့ date ဖြစ်သွားကြတယ်။ အဲ့ဒီည Kaneki တစ်ယောက် Rize ကို အိမ်ပြန်လိုက်ပို့ရင်းနဲ့ လူပြတ်တဲ့နေရာ ရောက်တဲ့အချိန်မှာတော့ Rize ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။ Rize ဟာ အမှန်တကယ်တော့ ghoul တစ်ယောက်ဖြစ်ပြီး Kanemi ရဲ့ အသားကို စားသောက်ဖို့အတွက် ဂွင်ဆင်တာပါပဲ။ ဒါပေမယ့်လည်း Kaneki ကိုနောက်ဆုံး အသေသတ်ဖို့လုပ်တဲ့အချိန်မှာပဲ သူတို့နှစ်ယောက်အပေါ်ကို ဆောက်လုပ်ရေးလုပ်နေတဲ့ အဆောက်အအုံပေါ်ကနေ ပလပ်ဖောင်းတုံးတွေကြပြီး Rize ကတော့ အဲ့ဒီနေရာမှာပဲ ပွဲခြင်းပြီး သေဆုံးသွားခဲ့တယ်။ Kaneki ကတော့ ဆေးရုံကို အရေးပေါ်အခြေအနေနဲ့ရောက်သွားပြီး ဆရာဝန်က ပျက်ဆီးသွားတဲ့ ကိုယ်တွင်းအင်္ဂါတွေကို သေသွားပြီး ဖြစ်တဲ့ Rize ရဲ့ အင်္ဂါတွေနဲ့ အစားထိုး ကုသလိုက်ပါတော့တယ်။ အဲ့ဒီကနေပဲ Kaneki တစ်ယောက် လူတစ်ပိုင်း ghoul တစ်ပိုင်း ဖြစ်သွားပြီး နောက်ပိုင်း ghoul တွေနဲ့ အတူနေထိုင်ရင်း ghoul တွေရဲ့ အကြောင်း ဇာတ်လမ်းတွေကို နားလည်သဘောပေါက်သွားတဲ့ အကြောင်းအရင်းလေးပါ။
Leave a Reply
You must be logged in to post a comment.