Tokyo ghoul:re 2nd season (720P)
Review
Tokyo ghoul:re 1st season မှာတော့ Kanekiဟာအတိတ်ကအကြောင်းအရာတွေကိုမေ့ပျောက်နေခဲ့ပါတယ်။အဲ့ဒီမှာတော့သူဟာ Kaneki ဆိုတဲ့လူရဲ့ဘဝအနေနဲ့မဟုတ်ဘဲ Sasaki Haise ဆိုတဲ့ဘဝအနေနဲ့ပေါ့။သူအဲ့ဒီဘဝမှာပျော်ခဲ့တယ်။Quinxဆိုတဲ့အဖွဲ့လေးလည်းတည်ထောင်ခဲ့တယ်။မိသားစုလိုခင်ရတဲ့သူတွေလည်းရခဲ့တယ်။အထူးသဖြင့်Arima Kishou ပေါ့။ဒါပေမယ့်နောက်ပိုင်းမှာHaiseရဲ့ခေါင်းထဲမှာတစ်ယောက်ယောက်ကအမြဲနှောင့်ယှက်နေခဲ့တယ်။တဖြည်းဖြည်းနဲ့အဲ့ဒီလူဟာဘယ်သူလဲဆိုတာသူသိချင်လာတယ်။နောက်တော့သူသိလိုက်ရတာကသူ့ခေါင်းထဲမှာနှောင့်ယှက်နေတာကသူ့ရဲ့အရင်ဘဝဖြစ်တဲ့Kaneki Kenပါပဲ။ဒါကိုသူလက်မခံနိုင်သေးပါဘူး အများကြီးစုံစမ်းပါတယ်။နောက်ဆုံးမှာတော့သူဟာHaiseဆိုတဲ့ခဏတာအိပ်မက်ကလေးကနိုးထလာပြီးKaneki Kenဆိုတဲ့ဘဝကိုပြန်ရောက်လာခဲ့ပါတယ်။အတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးမှတ်မိလာပါတယ်။အခုTokyo ghoul:re 2nd season မှာတော့သူ့ကိုKaneki Kenအဖြစ်နဲ့ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့အခါကျသူဘယ်လိုရှေ့ဆက်သွားမလဲ။Arimaနဲ့သူ့ရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်သွားမလဲဆိုတာကတော့…ဆက်လက်ကြည့်ရှုလိုက်ပါနော်။
Translator:Kan San
Encoder:Izu,Peter