“တောက်ပတဲ့နေမင်းကြီးကိုမတွေ့ရတော့ရောဘာဖြစ်လဲ? ပြာလဲ့လဲ့မိုးကောင်ကင်ထက် နင့်ကိုပဲငါလိုချင်တယ် ရာသီဥတုကြမ်းချင်ကြမ်းပါစေအရေးမကြီးဘူး” လှပတဲ့စကားလုံးတွေနဲ့တင်ဆက်ထားတဲ့ ဒီanimeဟာ Your Nameကိုထုတ်လုပ်ပေးခဲ့တဲ့ CoMix Wave Filmsရဲ့လက်ရာတစ်ပုဒ်ပါ ဂျပန်မှာ ယန်း၁၄.၀၆သန်းအထိဝင်ငွေရခဲ့ပြီး တစ်ကမ္ဘာလုံးမှာပြသခဲ့တာကနေ ၁၉၂.၇သန်းဒေါ်လာရခဲ့တဲ့အထိလူကြိုက်များထားတဲ့animeရုပ်ရှင်လေးပါ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသားလေးHodaka Morishimaဟာ သူ့ရဲ့ကျွန်းကနေထွက်လာပြီးတိုကျိုမြို့ပေါ်ကိုတက်လာခဲ့ပါတယ် အကြောင်းအရင်းကတော့ဝင်ငွေရှာဖို့နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ပါ သူ့ရဲ့အနာဂတ်တွေကိုပုံဖော်ဖို့သွားတဲ့အဲ့ဒီမြို့ကြီးက ပုံမှန်မဟုတ်ပဲ နေ့တိုင်းလိုလို မိုးအုံ့ မိုးရွာနေတတ်ပါတယ် သူဟာအဲ့မှာနေရင်းနဲ့ဘယ်ကမှလည်းအဆက်အသွယ်မရပဲ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်ခဲ့ပြီးတော့နောက်ဆုံးမှာ ထူးဆန်းထွေလာမဂ္ဂဇင်းရေးတဲ့အလုပ်ကိုသူရသွားခဲ့တယ် တစ်နေ့မှာ Hoda ကရှုပ်ယှက်ခပ်နေတဲ့လမ်းထောင့်တစ်နေရာက လူတွေကြားထဲကမှ Hina ဆိုတဲ့မိန်းကလေးကိုသူသတိပြုမိသွားပါတယ် ဒီမိန်းကလေးက တောက်ပပြီး စိတ်ဓာတ်ပြင်းပြတဲ့သူဖြစ်သည့်အလျောက် သူ့မှာထူးခြားစွမ်းအင်လည်းရှိနေပါသေးတယ် သူ့ရဲ့အစွမ်းကတော့ ဒီလိုမိုးသည်းပြီးအုံ့မှိုင်းမှိုင်းဖြစ်နေတဲ့တိုကျိုမြို့ကြီးကို မိုးတွေကိုတိတ် တိမ်စင်တွေကိုဖယ်ရှားပြီး အလင်းဓာတ်ကိုဆောင်ပေးနိုင်သူပေါ့…….. ဆက်လက်ကြည့်ရှုလိုက်ပါဦး IMDb 7.6/10 Rotten tomatoes 91%
Leave a Reply
You must be logged in to post a comment.