MMANIME

ဒီတစ်ခါလည်းတစ်ချိန်ကအောင်မြင်ခဲ့တဲ့
Ghibli movieလေးတစ်ခုကိုတင်ပေးပါမယ်ခင်ဗျ။
ဒီဇာတ်လမ်းလေးကလည်းကြည့်မိတဲ့သူတိုင်းနီးပါးရဲ့ရင်ထဲအထိ
နက်နက်ရှိင်းရှိင်းကိုရိုက်ခတ်တဲ့အထိကောင်းခဲ့ပါတယ်။

Review

Annaကအပေါင်းအသင်းမရှိရှာတဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမယ့်တစ်နေ့တော့သဲသောင်မှာMarnieဆိုတဲ့မိန်းကလေးနဲ့ဆုံခဲ့ရာကနေသူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ဒါပေမယ့်Marnieကသူသိထားသလိုသာမန်မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး…….

အခုပြောပြမယ့်ပုံပြင်ဇာတ်လမ်းလေးကတော့သူငယ်ချင်းရင်းနှီးမှု၊မိသားစုနဲ့အထီးကျန်ဆန်ခြင်းတိုကိုနက်နက်ရှိင်းရှိင်းပြသသွားမယ့်တစ္ဆေပုံပြင်လေးတစ်ခုပါပဲ။Annieဆိုတဲ့မိန်းကလေးဟာမွေးစားမိဘတွေနဲ့ကြီးပြင်လာရတဲ့အပြင်သူငယ်ချင်းအပေါင်းအသင်းမရှိတာကြောင့်အထီးကျန်ပြီးမေတ္တာငတ်နေရှာတဲ့ကလေးမလေးတစ်ယောက်ပေါ့။နောက်တော့သူဟာမစ္စတာနဲ့မစ္စPreggတိုရှိတဲ့Norfolkကိုရောက်ရှိသွားပါတယ်။အဲ့ကသဲသောင်လေးမှာသူပြေးလွှားလေ့ရှိတယ်။အဲ့ဒီအချိန်မှာမထင်မှတ်ပဲချုံနွယ်တွေထူထပ်နေတဲ့ရေပေါ်အိမ်တစ်ခုကိုတွေ့လိုက်ပါတော့တယ်။အဲ့ဒီအိမ်နဲ့ပတ်သက်ပြီးသူ့မှာအမှတ်တရတစ်ခုခုရှိနေတယ်လိုခံစားနေခဲ့ရတယ်။မကြာမီမှာပဲအဲ့အိမ်ထဲကနေမိန်းကလေးသူစိမ်းတစ်ယောက်ထွက်လာခဲ့တယ်။သူ့နာမည်ကMarnieတဲ့။သူတိုနှစ်ယောက်ကသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်….Marnieပျောက်သွားတဲ့ရက်မတိုင်ခင်အထိပေါ့…..။Marnieဟာရုတ်တရက်ဆိုသလိုပျောက်သွားခဲ့တယ်။

အဲ့ဒီအိမ်ကြီးထဲကိုမိသားစုအသစ်ဖြစ်တဲ့Lindsayတိုပြောင်းလာခဲ့တယ်။Annieဟာ Marnieဆီကနေသူငယ်ချင်းတွေရဲ့ပေါင်းသင်းဆက်ဆံရေးကိုသိကျွမ်းနိုင်ခဲ့တာကြောင့် Lindsayနဲ့လည်းအင်မတန်ခင်တဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ကြာလာတာနဲ့အမျှAnnieဟာMarnieနဲ့ပတ်သက်ပြီးထူးဆန်းတာတွေသိလာရတယ်။အဲ့ဒီထူးဆန်းတဲ့အကြောင်းအရာတွေကဘာလဲ။Marnieကကော ဘာလိုရုတ်တရက်ပျောက်သွားရတာလဲ။သူတိုနှစ်ယောက်ပြန်ကောဆုံနိုင်ပါတော့မလားဆိုတာကတော့….

ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ…

When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
When Marnie Was There (2014)
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

2 Comments

Related movies