MMANIME

Takumi Kitamura

Our Seven-Day War 6
Our Seven-Day War " လူကြီးတွေကိစ္စဘာဆိုတာငါစိတ်မဝင်စားဘူး... ချီရိုနို... ငါတို့နင့်မွေးနေ့မရောက်ခင်အထိထွက်ပြေးကြရအောင်" ဆိုတဲ့လူငယ်တို့ရဲ့လွပ်လပ်တဲ့စိတ်နဲ့ကိုယ့်ခံယူချက်အပေါ်မားမားမတ်မတ်ရပ်တည်တတ်တဲ့စိတ်ကိုစပြီးဖွင့်လှစ်ပြသလိုက်နဲ့ Our Seven Days War ဆိုတဲ့ဇာတ်ကားလေးဟာဆိုရင်တော့ ငယ်ငယ်လေးကတည်းကချစ်ကြိုက်ခဲ့ပေမယ့် အိမ်ပြောင်းရတော့မယ့်အချိန်ထိတောင်မဖွင့်ပြောရဲတဲ့ကောင်လေး "မာမိုရူ" နဲ့ ကိုယ်ပိုင်ခံစားချက်အခက်အခဲတွေအသီးသီးရှိနေကြတဲ့အထက်တန်းကျောင်းသားအဖွဲ့လေးရဲ့ခုနှစ်ရက်တာကိုယ့်စိတ်ကြိုက်နေကြရင်းဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းရပြီးဘယ်လိုမျိုးနားလည်ဖေးမကြမယ်ဆိုတာကိုရိုက်ကူးပြထားတဲ့ Anime ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ပါဝင်တဲ့ သီချင်းတွေကလဲဇာတ်လမ်းလေးနဲ့လိုက်ဖက်မှုရှိပြီး အကြမ်းအရမ်းတွေမပါပေမယ့် (7)ရက်အတွင်းဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းကြသလဲဆိုတာရင်တမမနဲ့ကြည့်ရှု့ရမည့်အပြင် " လူတိုင်းဟာကိုယ့်ရဲ့တကယ့်ပုံစံအမှန်ကိုဖုံးကွယ်ရင်းကြီးပြင်းလာပြီးလူကြီးဖြစ်လာကြတယ် ဒီလိုဆိုရင်ငါလူကြီးမဖြစ်ချင်တော့ဘူး " ချီရိုနို " နင့်ကိုငါချစ်တယ်" ဆိုတဲ့စကားလုံးတွေနဲ့အတူ ရင်ထဲရှိတာကိုမြိုသိပ်မထားဘဲအချုပ်အချယ်ကင်းတဲ့လူငယ်ဘဝမှာလွပ်လွပ်လပ်လပ်နေပစ်လိုက်ဖို့ Message လေးရင်ထဲရောက်လာစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်ဆိုတာကိုညွှန်းရင်းဆက်လက်ကြည့်ရှုလိုက်ကြပါဦး.... #Anime_Petals
6
IMDB: 6/10 votes
movie

Our Seven-Day War

Hello World
Hello World 2019ထွက်သမျှထဲမှာ ကျနော့်အတွက်တော့ဒီကားအလှဆုံးဗျ ဇာတ်လမ်းလည်းမဆိုးဘူး‌ ဒါပေမယ့်လည်တော့ထွက်နိုင်တယ် ???? ဘာလို့လည်လဲမပြောခင် ဇာတ်လမ်းကိုအကျဉ်းတကာ့အကျဉ်းဆုံးပြောမယ်ဗျ ဇာတ်အိမ်ကို လက်တွေ့ကမ္ဘာနဲ့မှတ်ဉာဏ်ကမ္ဘာနှစ်ခုမှာတည်ထားတယ် ကျန်တာတော့ဆက်ကြည့်လိုက်ပါ ???? လည်တာပြောပြမယ်ဗျ စပြောထားတာက လက်တွေ့ကမ္ဘာနဲ့မှတ်ဉာဏ်ကမ္ဘာပဲ ဒါပေမယ့် အဆုံးသတ်မှာ မျဉ်းပြိုင်ကမ္ဘာပါထပ်ပေါ်လာတယ်ဗျ အဲ့ဒီမှာကိုရှုတ်ကုန်တာ မျဉ်းပြိုင်ကမ္ဘာအကြောင်းတော့အသေးစိတ်မပြောပြတော့ဘူးနော် သူကစိတ်ကူးယဉ်ကမ္ဘာမှာကို မျဉ်းပြိုင်ကမ္ဘာတွေသွားပေါ်တာဗျ (လက်တွေ့ကမ္ဘာမှာရှိမရှိမပြောသွားဘူးနော်) မျဉ်းပြိုင်ကမ္ဘာနဲ့ပတ်သတ်ပြီးသီအိုရီတွေရှိတယ် အဲ့ဒီသီအိုရီတွေထဲကတစ်ခုကိုပြောပြမယ် မျဉ်းပြိုင်ကမ္ဘာတစ်ခုမှာ တူညီတဲ့တည်ရှိမှုတစ်ခုဟာနှစ်ခုပြိုင်ရှိနေလို့မရဘူး ဥပမာ မောင်ဘဟာ မျဉ်းပြိုင်ကမ္ဘာပေါင်းများစွာမှာမောင်ဘပေါင်းများစွာရှိနေပေမယ့် တူညီတဲ့ကမ္ဘာတစ်ခုထဲမှာတော့ မောင်ဘနှစ်ယောက်ရှိနေလို့မရဘူးဗျ ပုံမှန်မဟူတ်တဲ့သက်ရောက်မှုဖြစ်ပေါ်စေနိုင်ပြီး ဒြပ်မှုန်တွေမတည်ငြိမ်ဖြစ်စေလိမ့်မယ် Black holeတွေတောင်ဖြစ်နိုင်တယ်လို့သီအိုရီထုတ်ထားတာတွေရှိတယ် အဲ့ဒီသီအိုရီတွေကို ဂျပန်animeထုံးစံအတိုင်းplotအကြမ်းကြီးတွေနဲ့ထပ်လုပ်လို့လည်ကုန်တာဗျ ဒီလောက်ပဲပြောပြတော့မယ် အရင်ဆုံးကြည့်လိုက်ပါ နားမလည်ရင်ဒီreviewတချက်ပြန်ဖတ်ပါ IMDb - 7.0/10
IMDB: /10 votes
movie

Hello World