MMANIME

Action

You are Umasou
You are Umasou ဇာတ်​လမ်းအညွှန်း ~~~~~~~~~~~~~~~~~ အပင်​စားဒိုင်​နို​ဆော အ​မေက​နေ ​မွေးစားပြီး ပျိုး​ထောင်​​ပေးခဲ့တဲ့ အိမ်​​ပြေး အသားစားဒိုင်​နို​ဆော "ဟတ်​တ်​"... လမ်းမှာ​တွေ့တဲ့ ဥက​ ​ပေါက်​ဖွားလာခဲ့တဲ့ အပင်​စားဒိုင်​နို​ဆောက​လေးကို စားဖို့ ကြံစည်​ခဲ့​ပေမဲ့ က​လေးရဲ့ "အ​ဖေ"လို့ အထင်​လွဲခြင်းကို ခံလိုက်​ရတဲ့ သူ... က​လေးကို ကြီးလာမှစားမယ်​ဆိုတဲ့အကြံနဲ့ ​မွေးစားထား​ပေမဲ့ တစ်​စစနဲ့ သံ​ယောဇဉ်​တွယ်​လာတဲ့အခါ... ​ "ဟတ်​တ်​"တစ်​​ယောက်​ အပင်​စားဒိုင်​နို​ဆော​လေးကို စားရက်​နိုင်​ပါ့မလား... အသားစားမျိုးနွယ်​ ဒိုင်​နို​ဆောနဲ့ အပင်​စားမျိုးနွယ်​ ဒိုင်​နို​ဆော​လေးတို့အကြားက မိဘနဲ့ သားသမီး ဆက်​ဆံ​ရေးဟာ ​ရေရှည်တည်​မြဲနိုင်​ပါ့မလား.... ပင်​ကိုယ်​စရိုက်​ သဘာဝကိုက မတူညီကွဲပြားတဲ့ သူတို့မိသားစု​လေးကို ဘယ်​လိုကံကြမ္မာဆိုး​တွေက ဝင်​ရိုက်​ခတ်လာမှာလဲ... "ဟတ်​တ်​"တစ်​​ယောက်​ သူ့ကို ​မွေးစားခဲ့တဲ့ ​အ​မေ့ဆီက ဘယ်​လိုအ​ကြောင်း​ကြောင်း​တွေ​ကြောင့်​ ထွက်​​ပြေးလာခဲ့တာလဲ...စတဲ့ အ​ကြောင်းအရာ​တွေကို ၅၂၈ဆိုတဲ့ ​မိဘ​မေတ္တာတရားရဲ့​ခေါင်းစဉ်​​အောက်​မှာ လှလှပပနဲ့ ​ပေါ့​ပေါ့ပါးပါး တင်​ဆက်​​ပေးထားတဲ့ ဇာတ်​လမ်း​လေးတစ်​ပုဒ်​ပါပဲ။
IMDB: /10 votes
movie

You are Umasou

2010
1080p
The Garden of Sinners: Future Gospel – Extra Chorus 7.6

The Garden of Sinners: Future Gospel – Extra Chorus

2013
1080p
Our Seven-Day War 6
Our Seven-Day War " လူကြီးတွေကိစ္စဘာဆိုတာငါစိတ်မဝင်စားဘူး... ချီရိုနို... ငါတို့နင့်မွေးနေ့မရောက်ခင်အထိထွက်ပြေးကြရအောင်" ဆိုတဲ့လူငယ်တို့ရဲ့လွပ်လပ်တဲ့စိတ်နဲ့ကိုယ့်ခံယူချက်အပေါ်မားမားမတ်မတ်ရပ်တည်တတ်တဲ့စိတ်ကိုစပြီးဖွင့်လှစ်ပြသလိုက်နဲ့ Our Seven Days War ဆိုတဲ့ဇာတ်ကားလေးဟာဆိုရင်တော့ ငယ်ငယ်လေးကတည်းကချစ်ကြိုက်ခဲ့ပေမယ့် အိမ်ပြောင်းရတော့မယ့်အချိန်ထိတောင်မဖွင့်ပြောရဲတဲ့ကောင်လေး "မာမိုရူ" နဲ့ ကိုယ်ပိုင်ခံစားချက်အခက်အခဲတွေအသီးသီးရှိနေကြတဲ့အထက်တန်းကျောင်းသားအဖွဲ့လေးရဲ့ခုနှစ်ရက်တာကိုယ့်စိတ်ကြိုက်နေကြရင်းဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းရပြီးဘယ်လိုမျိုးနားလည်ဖေးမကြမယ်ဆိုတာကိုရိုက်ကူးပြထားတဲ့ Anime ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ပါဝင်တဲ့ သီချင်းတွေကလဲဇာတ်လမ်းလေးနဲ့လိုက်ဖက်မှုရှိပြီး အကြမ်းအရမ်းတွေမပါပေမယ့် (7)ရက်အတွင်းဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းကြသလဲဆိုတာရင်တမမနဲ့ကြည့်ရှု့ရမည့်အပြင် " လူတိုင်းဟာကိုယ့်ရဲ့တကယ့်ပုံစံအမှန်ကိုဖုံးကွယ်ရင်းကြီးပြင်းလာပြီးလူကြီးဖြစ်လာကြတယ် ဒီလိုဆိုရင်ငါလူကြီးမဖြစ်ချင်တော့ဘူး " ချီရိုနို " နင့်ကိုငါချစ်တယ်" ဆိုတဲ့စကားလုံးတွေနဲ့အတူ ရင်ထဲရှိတာကိုမြိုသိပ်မထားဘဲအချုပ်အချယ်ကင်းတဲ့လူငယ်ဘဝမှာလွပ်လွပ်လပ်လပ်နေပစ်လိုက်ဖို့ Message လေးရင်ထဲရောက်လာစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်ဆိုတာကိုညွှန်းရင်းဆက်လက်ကြည့်ရှုလိုက်ကြပါဦး.... #Anime_Petals
6
IMDB: 6/10 votes
movie

Our Seven-Day War

Mobile Suit Gundam: The Origin I – Blue-Eyed Casval 5.9
Mobile Suit Gundam: The Origin I – Blue-Eyed Casval Mobile Suit Gundam: The Origin Movie 1 Anime : Mobile suit Gundam: The Origin 1 ( Movie ) Genres: [1]mecha,[2]action,[3]war drama Status:Finished Airing Studios:Sunrise Duration: 1:03:00 Movie – 1 (Blue-eyed casval) File size – 557mb #Translated_and_Encoded_by_Oke_Hmue_Ko ဒီ Movie ကနေ Gundam series တွေ စကြည့်လို့ရတယ်ဆိုပေမယ့်မကြည့်ခင် Review လေးအရင် ဖတ်ပေးစေချင်ပါတယ် Review မဖတ်ပဲကြည့်ရင် နားလည်ရခက်လို့ပါ လူသားတွေကြောင့် ကမ္ဘာကြီးဟာညစ်ညမ်းသွားပြီး ဆက်လက်နေထိုင်ဖို့ မသင့်တော်တော့တဲ့အခါမှာ လူတွေဟာ အာကာသထဲမှာ ကိုလိုနီအကြီးကြီးတွေဆောက်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ဲကြရပါတော့တယ် အကုန်လုံးပြောင်းရွှေ့တာမဟုတ်ပဲ လူဦးရေတစ်ဝက်လောက်ကသာ အာကသထဲကို မောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ထိုအချိန်ကနေစပြီး ကမ္ဘာပေါ်ကနိုင်ငံတွေ အားလုံးပေါင်းကာ Earth Federation အစိုးရကို ဖွဲ့စည်းပြီး ကမ္ဘာမြေနဲ့တစ်ကွ ကိုလိုနီတွေအားလုံးကိုပါ အုပ်ချုပ်ပါတယ်။ အဲ့ဒီ့အချိန်ကနေစပြီး ...
5.9
IMDB: 5.9/10 45 votes
movie

Mobile Suit Gundam: The Origin I – Blue-Eyed Casval

The Seven Deadly Sins: Prisoners of the Sky 7.3
The Seven Deadly Sins: Prisoners of the Sky Seven Deadly Sins : the person imprisoned by the heavens ( 2018 ) mm   review -  စစ်ပွဲများပြီးဆုံးသွားပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိသွားတဲ့တစ်နေ့မှာ Liones ပြည်ရဲ့ဘုရင်၊Elizabeth ရဲ့အဖေဖြစ်သူ မွေးနေ့အတွက် Melidoas ဟာ ဘုရင့်စားတော်ပွဲအတွက် စားဖိုမှူးနေရာပေးအပ်ခြင်းခံခဲ့ရပါတယ်။ဒီလိုနဲ့အကောင်းဆုံးဟင်းလျာလုပ်မယ်ဆိုပြီး ကောင်းကင်ငါးကိုရှာဖို့အတွက်တခြား ခြောက်ယောက်နဲ့အတူ နယ်စပ်ဘက်ကိုထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ရှာဖွေရင်း Melidoas နဲ့ Hawk ဟာ ထူးဆန်းတဲ့စမ်းရေတွင်းကြီးကနေတစ်ဆင့် ကောင်းကင်ဘုရားကျောင်းဆိုတဲ့ ကောင်းကင်ပေါ်ကတစ်နေရာကိုရောက်သွားခဲ့ပါတယ်။ထိုအချိန်ဟာ Ten Commandments တွေနဲ့စွမ်းရည်ချင်းယှဉ်နိုင်လောက်တဲ့ Six Knights of Black ဟာလည်းချိပ်ပိတ်ထားတဲ့နေရာကနေထွက်လာခါနီးဖြစ်ပါတယ်။ဒီလိုမဖြစ်ရအောင်အတွက် Solaad လို့ခေါ်တဲ့ Melidoas နဲ့ဆင်တူတဲ့ကောင်လေးဟာ ကမ္ဘာမြေပေါ်ကို Oshiro-sama ဆိုတဲ့ ရှေးခေတ်စစ်ပွဲတုန်းက Black Knight ခြောက်ယောက်ကိုချိပ်ပိတ်ခဲ့တဲ့သတ္တဝါကြီးကိုရှာဖွေဖို့ဘုရားကျောင်းကနေထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ Melidoas နဲ့Solaad တို့မတူညီတဲ့နေရာတွေရောက်သွားတဲ့အခါမှာတော့…ဘာများဆက်ဖြစ်မလဲ၊Six Knights of ...
7.3
IMDB: 7.3/10 45 votes
movie
