MMANIME

Family

KiKi’s Delivery Service 7.8
KiKi’s Delivery Service Kikiကားလေးကတော့90bornတွေဆိုရင်မြဝတီကနေမိုးပျံမလေးကိကိဆိုပြီးပြခဲ့လို့မိုးပျံမလေးလို့ပဲမှတ်ထားမယ်ထင်ပါတယ်ကျွန်တော့်အတွက်တော့Studioghibliကထွက်တဲ့အထဲမှာဒုတိယမြောက်ကြည့်ခဲ့ဖူးတဲ့ကားပါပထမကားက totoroဒီကားမကြည့်ခင်အထိဂျပန်animeဆိုရင်ကြိုက်ကိုမကြိုက်တာဗျအနောက်တိုင်းကာတွန်းတွေပဲကြိုက်ခဲ့တဲ့အရွယ်ပေါ့ခြွင်းချက်အနေနဲ့Yaibaကတော့ကြိုက်ခဲ့တယ်Totoroတောင်မှကြည့်တုန်းကကြောက်မိတာကများနေတယ်ကြောင်ဘတ်စ်ကားပုံကြီးဆိုအသေကြောက်တာ????ဒီကားကြည့်တော့မှကလေးအရွယ်မှစပြီးဂျပန်animeတွေကြိုက်လာကောနောက်တော့Grave of firefliesတို့ဘာတို့တွေပါဆက်ကြည့်တာFirefliesကတော့ကြိုက်ပေမယ့်ဘယ်တော့မှပြန်မကြည့်တော့တဲ့ကားထဲတောင်ပါတယ်အခုghibliအတွက်ဘာသာပြန်ဖို့ကားတွေခွဲတော့တောင်အဲ့ကားကိုဘယ်သူမှဘာသာပြန်ဖို့မယူကြဘူးဘာသာပြန်ဖို့အတွက်ပြန်တောင်မကြည့်ချင်ဘူးလေထားပါလေစကားတွေဘေးရောက်ကုန်ပြီဇာတ်လမ်းအညွှန်းကိုပြောပြပါမယ်ဇာတ်လမ်းအကျဉ်းကတော့တအားပြောရင်spoilပါမှာစိုးလို့ အတိုဆုံးချုံ့ပြောပါ့မယ်ဘိုးစဉ်ဘောင်ဆက် စုန်းအနွယ်ဝင်တွေဖြစ်ကြတဲ့စုန်းမလေးKiKiက သူတို့ရဲ့ရိုးရာအရလွတ်လပ်ခွင့်ရတဲ့အချိန်မှာ KiKiကလူသားတွေနဲ့လိုက်လျောညီထွေနေဖို့ဆုံးဖြတ်ရင်းလူတွေနေတဲ့နေရာကိုသွားပြီး အလုပ်လိုက်လျှောက်ပါတယ်ဒါပေမယ့် အဲ့ခေတ်အခါအရ စုန်းမဆိုရင်အလုပ်ခန့်ဖို့မပြောနဲ့ ပတ်တောင်ပတ်သက်ချင်တာမဟုတ်ပါဘူးဒါပေမယ့် စိတ်ရင်းကောင်းတဲ့မုန့်ဆိုင်လေးတစ်ဆိုင်ကတော့KiKiကိုအလုပ်လုပ်ဖို့ရယ် နေစရာ စားစရာအပြည့်ထောက်ပံ့ပါတယ်KiKiရဲ့အလုပ်ကတော့ အဲ့ဆိုင်ကမုန့်တွေကိုသူ့ရဲ့တံမြတ်စည်းရိုးကြီးကိုစီးပြီး မှားထားတဲ့အိမ်တွေကိုအမြန်ဆုံးလိုက်ပို့ရတဲ့ deliveryဝန်ဆောင်မှုတစ်ခုပါပဲKiKiကအလုပ်လည်းလုပ်သလို လူတွေနဲ့လိုက်လျောညီထွေဖြစ်အောင်နေရင်း ဘယ်လိုအလွဲတွေဖြစ်လာမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ပါ……. IMDb 7.8/10Rotten tomatoes 97%
7.8
IMDB: 7.8/10 251514 votes
movie


Wolf Children(2012 Anime Movie)Japanese Dub 8.1
Wolf Children(2012 Anime Movie)Japanese Dub ဒီကားလေးကတော့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို လေးလေးနက်နက်ဖော်ညွှန်းထားတဲ့ Anime လေးဘဲဖြစ်ပါတယ် Hana ဆိုတဲ့တက္ကသိုလ်ကျောင်းသူလေးက နွေဉီးကျောင်းတက်ရက်မှာကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တယ် ကောင်လေးကတစ်ကောင်ကြွက်သာသာနဲ့ နေရတာမို့‌အစစ အရာရာ Hanaကကူညီရှာတယ် ကောင်လေးအတန်းတက်ဖို့နောက်ကျနေတဲ့အခါ စာတွေလိုက်မှတ်ထားပေးပြီး အားလပ်ချိန်တွေမှာလည်း စာကြည့်တိုက်ကိုသွားကြလို့ တတွဲတွဲနဲ့ အနေနီးကပ်လာခဲ့ကြတယ် Hana နဲ့ကောင်လေးတို့ ချစ်သူတွေဖြစ်သွားကြတဲ့အခါမှာ ကောင်လေးဘက်က သူမပြောပြခဲ့ပဲဝှက်ထားခဲ့တဲ့အရာတစ်ခုကိုပြောပြလာခဲ့တယ် အဲ့တာကတော့ သူကသာမာန်လူသားမဟုတ်ဘဲ သမန်းဝံပုလွေဖြစ်နေတယ်ဆိုတာဘဲ ဒါပေမဲ့ကောင်မလေးက နည်းနည်းလေးမှမတုန်လှုပ်ခဲ့ဘူး နည်းနည်းလေးမှမကြောက်ရွံ့ခဲ့ဘူး ဘာလို့လဲဆိုတော့ သူ့ကောင်လေးကို သူယုံကြည်တယ် သူ့ကောင်လေးဘယ်လိုပုံမျိုးဘဲဖြစ်နေပါစေ သူမို့ကိုချစ်တာပါတဲ့ ဒီလိုနဲ့ အတူနေခဲ့ကြရာကနေ သမီးတစ်ယောက်သားတစ်ယောက်မွေးလာခဲ့ကြတယ် ဒါပေမဲ့ ကောင်လေးက သူ့သားလေး မွေးတဲ့နေ့မှာဘဲ အမဲလိုက်ရင်း ချောင်းထဲကျပြီးသေသွားခဲ့တယ် Hana လေးတစ်ယောက်ယူကြုံးမရဖြစ်ခဲ့ပေမဲ့ အားမလျှော့ခဲ့ဘူး အဖေမရှိတော့တဲ့ သားသမီးနှစ်ယောက်ကိုတော့ လူလုံးထွက်မပြခဲ့ဘူး ဘာလို့ဆို သူတို့အဖေကသမန်းဝံပုလွေမို့ လူတွေရှေ့ရုတ်တရတ် ဝံပုလွေပုံပြောင်းသွားမှာကြောက်လို့ဘဲ Hana တစ်ယောက် သာမန်လူသားမဟုတ်တဲ့ သားသမီးတွေကို သူဘယ်လိုပြုစုပျိုးထောင်မလဲ သူတစ်ယောက်ထဲနဲ့ ဘယ်လိုရုန်းကန်မလဲဆိုတာကို ကြည့်ရှုရမှာပါ မိခင်မေတ္တာကိုအသားပေးရိုက်ထားတဲ့ကားမျိုးလေးဖြစ်လို့ ဗဟုသုတလည်းပေးတဲ့ Anime လေးဖြစ်ပါတယ် Translated ...
8.1
IMDB: 8.1/10 35631 votes
movie

Wolf Children(2012 Anime Movie)Japanese Dub

Fate/Kaleid Liner Prisma☆Illya Movie: Oath Under Snow 7.0
Fate/Kaleid Liner Prisma☆Illya Movie: Oath Under Snow ဒီဇာတ်ကားကတော့ တစ်ခြားကမ္ဘာကဇာတ်လမ်းပါ အရှေ့က Fate Series တွေနဲ့သိပ်ပြီးမစပ်ဆက်ပါဘူး။ဒီအတိုင်းကြည့်လိုအစဉ်ပြေပါတယ်။ ဇာတ်လမ်းရဲ့အဆုံးအဆက်ကတော့ Fate kleid liner နဲ့သွားချိတ်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကြောင်းပြောကမယ်ဆိုရင် Emiya တို့သားအဖက Miyus ဆိုတဲ့လေးမလေးတစ်ယောက်( Holy Gail ကိုထုတ်ဖော်နိုင်တဲ့အစွမ်းရှိတဲ့ကလေးမလေး တစ်နည်းကဖြစ် Fate stay-night UBWထဲက Shinnji ကိုခွက်ပေါ်လာအောင်စတေးရသလိုမျိုး)ကိုမွေးစားထားပြီးသူ့ကိုအသုံးချပြီးလူသားမျိုးနွယ်ကိုကယ်တင်ဖို့လုပ်ထားသလို အခြားတစ်ဖက်မှာလဲကလေးမလိုက်ဖမ်းပြီးအသုံးချမဲ့လူတွေကလဲရှိနေပါတယ်....Emiya အဖေဆုံးပြီးသိပ်မကြာခင်မှာကလေးမလေးကိုတခြားသူတွေလက်ထဲပါသွားချိန်မှာ အကိုတစ်ယောက်လိုလိုက်လံကယ်ဆယ်မဲ့ Emiya ရဲ့Archur Sevent ပြောင်းလဲဖြစ်ပေါ်ပုံတိုက်ခိုက်ပုံတွေကို ဒီကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ ဒီမှာတစ်ခုက Servent တွေကိုမဆင့်ခေါ်ကြတော့ပဲ Servent cards တွေကိုအသုံးပြုပြီး Servent ဖြစ်ပြောင်းလဲပြီးတိုက်ခိုက်ကြမှာပဲဖြစ်ပါတယ်။ကဲ.....အားပေးကြပါဦး........................................
7.0
IMDB: 7.0/10 5458 votes
movie

Fate/Kaleid Liner Prisma☆Illya Movie: Oath Under Snow

Spirited Away
Spirited Away အင်္ဂလိပ်လိုSpirited away၊ ဂျပန်လို千と千尋の神隠し(Sen and Chihiro's Spiriting Away)ဆိုတဲ့ ဒီဇာတ်ကားဟာ ၂၀၀၁ခုနှစ်ထုတ် ဂျပန်ကားတွန်းရုပ်ရှင်ဖြစ်ပြီး ကမ္ဘာကျော် Studio Ghibliရဲ့နာမည်အကြီးဆုံးကားတွန်းရုပ်ရှင်တွေထဲကတခုဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းဒီကားဟာ Walt Disneyကနေပြန်ထုတ်တာတို့၊ ‌Oscarရတဲ့Japan Animationကားတို့တော့သိပ်အကျယ်ချဲ့ပြောမနေတော့ဘူးဗျ ဇာတ်လမ်းလေးပဲဆွေးနွေးကြည့်ရအောင် ဇာတ်ကားနာမည်ဖြစ်တဲ့ spirited awayခေါ်နတ်ဖွက်ခြင်းဆိုတဲ့အတိုင်း ချိဟီရိုဆိုတဲ့ကလေးမလေးပရလောကမှာပိတ်မိနေပုံကိုပြသွားတာဗျ။ ဒီနေရာမှာပြောစရာရှိတာက မြန်မာတွေရဲ့နတ်ဖွက်တဲ့အယူအဆနဲ့လည်းနည်းနည်းကိုက်ညီမှုရှိနေတာကိုတွေ့ရတာပါ။ မြန်မာအယူဆိုရင် ညအမှောင်ပျိုးတဲ့အချိန်ကစားမက်ပြီးတူတူပုန်းတမ်းဆော့တဲ့ကလေးတွေကိုနတ်စိမ်းတွေဟာပရလောကမှာဝှက်ထားတဲ့အတွက်မိဘဆွေမျိုးတွေဆီပြန်လာလို့မရနိုင်တော့ဘူးဆိုတဲ့အယူမျိုးပါ။ ဒီကားမှာလည်း မင်းသမီးတို့တွေပရလောကထဲကိုမထင်မှတ်ပဲရောက်သွားတယ်။ ညလည်းမှောင်ရော ပရလောကသာသတွေရောက်လာတဲ့အပြင် ထွက်ပေါက်ရှိတဲ့နေရာကိုရေပြင်ကြီးကတားဆီးထားလို့လူ့ပြည်ပြန်လာလို့မရတော့ဘူးဆိုပြီးပြသွားတယ်။ မြန်မာအယူမှာလည်း နတ်ဖွက်ခံရတဲ့ကလေးတွေကိုပရလောကသားတွေဟာနှိပ်စက်ညှင်းပန်းခိုင်းစေတာမျိုးရှိသလိုပဲ ဒီကားမှာလည်း အလုပ်မလုပ်ရင်တခုခုဖြစ်မယ်ဆိုပြီးဇာတ်လမ်းလေးဆင်ထားတာကိုလည်းတွေ့မိပြန်ပါတယ်။ တခုဆန်းတာကတော့ မြန်မာအယူမှာနတ်ဖွက်ခံရတဲ့ကလေးဟာ ပြန်ရောက်လာရင်ပရလောကမှာနေခဲ့တဲ့အကြောင်းကိုတစိုးတစိမှာမမှတ်မိဘူးဆိုပေမယ့် ဒီကားမှာတော့ မင်းသမီးအဖေနဲ့အမေပဲ မမှတ်မိတာ မင်းသမိးကတော့အကုန်မှတ်မိနေခဲ့ပါတယ်။အဲ့လိုကြားဖူးနားဝယုံတမ်းစကားတွေပါနေတဲ့ဒီကားကိုငယ်ငယ်ကကြည့်တုန်းကဆိုရင်အသေကြောက်တာဗျ။ နောက်ပြီးတော့ဒီကားကိုကြည့်ပြီး နတ်ဖွက်ခံရတာကိုဘာလို့ရေချိုးအိမ်မှာအလုပ်လုပ်ရလဲဆိုပြီးတွေးမိကြမယ်ထင်ပါတယ်။ အဲ့ဒါက ဂျပန်ရိုးရာကိုထည့်ပြထားတာဗျ။ မြန်မာမှာဆိုရင်နတ်တွေကိုပင့်ဖိတ်ပြီးအစားအသောက်ပူဇော်သလို ဂျပန်ရဲ့တချို့နေရာတွေမှာလည်း နတ်တွေကိုရေမိုးချိုးတာလုပ်ဖို့ပင့်ဖိတ်တာမျိုးရှိတယ်‌ဗျ။အဲ့ဒါကြောင့်ရေချိုးအိမ်ကိုအသားပေးထည့်ရိုက်ထားတာပါတဲ့။ ပြီးတော့ မြစ်စောင့်နတ်ညစ်ပတ်နေတဲ့အခန်းတို့၊ ဟခုဆိုတဲ့မြစ်ဟာ အဆောက်အဦးတွေဆောက်လို့ပျောက်ပျယ်သွားတာတွေကိုထည့်သွင်းထားတာက တွေပျက်ဆီးကုန်တာကိုပြချင်လို့ဆိုပြီးတော့လည်း ပရိသတ်တချို့သုံးသပ်‌တာတွေရှိပါတယ်။ ဒီကားအကြောင်းလည်းပြောချင်တာတွေလျှောက်ပြောပြီးပြီဆိုတော့ratingလေးတွေတချက်ကြည့်လိုက်ရအောင် IMDb 8.6/10 Rotten Tomatoes 97% Metacritic 96/100ရထားပါတယ်
IMDB: /10 votes
movie

Spirited Away