MMANIME

Romance

Josee, the Tiger and the Fish
Josee, the Tiger and the Fish Josee, the Tiger and the Fish (2021) Genres:   Slice of life, Drama, Romance Released Date:  May 19, 2021 Runtime:   1h 38m ဒီကားလေးကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ လူငယ်တွေရဲ့ အချစ်ရိုမန်အကြောင်း တစ်မျိုးတစ်ဖုံ ရိုက်ကူးပြသထားတာပါ။ ရေငုပ်ကာ ငါးတွေကိုလေ့လာရတာ နှစ်သက်ပြီး မက္ကဆီကိုတက္ကသိုလ်မှာ ပညာတော်သင်သွားချင်လို့ ရည်မှန်းချက်အတွက် အလုပ်တစ်ဖက်နဲ့ကြိုးစားနေတဲ့ ကောလိပ်ကျောင်းသား Tsuneo.. မသန်စွမ်းဖြစ်လို့ အပြင်မထွက်နိုင်ဘဲ ဝှီးချဲပေါ်မှာသာ နေရတဲ့ Josee.. ကမ္ဘာကြီးကို သူ(မ)နှစ်သက်တဲ့စာအုပ်တွေထဲကနေ စိတ်ကူးယဉ်ပုံဖော်ပြီး သူ့သဘောအတိုင်းနေတတ်တဲ့ မိန်းကလေး.. တစ်နေ့မှာ သူတို့နှစ်ယောက် ဆန်းကြယ်စွာဆုံတွေ့ခဲ့ကြပြီး Tsuneo က Josee ကို ပြုစုစောင့်ရှောက်ပေးဖို့ ဖြစ်လာရာကနေ ဂျစ်ကန်ကန်နေတတ်တဲ့ Josee တစ်ယောက်ကို စိတ်ရှည်ရှည် လိုက်လျောစောင့်ရှောက်ကာ သူတို့နှစ်ယောက်ကြား ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ #otaku_kingdom_myanmar
IMDB: /10 votes
movie

Josee, the Tiger and the Fish

Castle in the Sky 8.0
Castle in the Sky Title - Castle in the sky Aired - Aug 2, 1986 Studio - Studio Ghibli Genres - Adventure, Fantasy, Romance, Sci Fi Rating - PG-children Review ===== ဒီကားလေးကတော့ studio ghibli ရဲ့ပထမဆုံးလက်ရာကားကောင်းလေးဖြစ်ပါတယ်။Old but gold လေးပါ။ ဇာတ်လမ်းကတော့ Sheeta ဆိုတဲ့ကောင်မလေးနဲ့ Panzu ဆိုတဲ့ကောင်လေးတို့နှစ်ယောက်ရဲ့စွန့်စားခန်းလေးပဲဖြစ်ပါတယ်။ နာမည်အတိုင်းပဲ Luputa လို့ခေါ်တဲ့ပျံသန်းနေတဲ့ဒဏ္ဍာရီလာနန်းတော်ကြီးကိုရှာပုံတော်ဖွင့်ကြမှာပဲဖြစ်ပါတယ်။သူတို့က အဲ့နန်းတော်ထဲကရတနာတွေကို လိုချင်နေတဲ့ဗီလိန်အဖွဲ့နဲ့လည်းရင်ဆိုင်ရမှာပါ။ လမ်းခရီးမှာဘာတွေကြုံတွေ့ရမလဲ၊ Laputa နန်းတော်ကြီးရဲ့ပုံစံအမှန်ကရောဘလိုဖြစ်မလဲ၊ ဗီလိန်တွေကိုရောသူတို့ဘလိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပါ။ ပေါ့ပေါ့ပါးပါး fantasy adventure ပုံစံမျိုးကြိုက်တဲ့သူတွေ့ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ================================= Translator - Nakhe Encode - TTK #otaku_kingdom_myanmar
8.0
IMDB: 8.0/10 155K votes
movie

Castle in the Sky

1986
1080p
Love, Be Loved, Leave, Be Left
Love, Be Loved, Leave, Be Left ဒီဇာတ်လမ်းလေးကတော့ စော်ငြင်းကောင် ဘဲငြင်းမတွေရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Step family plot လည်း ပါဝင်ထားပြီး "Oh my god, step bro. I'm stuck. Can you help me?" ဆိုတာမျိုး မပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်လို့ရပါတယ် Reivew လေးဆီသွားလိုက်ရအောင်   Review - Ichihara Yuna နဲ့ Yamamoto Akari တို့ဟာ အထက်တန်းကျောင်းသူလေးတွေဖြစ်ကြပြီးတော့ နှစ်ယောက်လုံးဟာ အချစ်ဆိုတဲ့အရာပေါ်မှာ အမြင်ချင်းမတူညီကြပါဘူး။ ချစ်ခွင့်ပန်ထားသူနဲ့ ချိန်းဆိုထားတဲ့ Akari ဟာအခြေအနေအမျိုးမျိုးကြောင့် စည်းခြားခဲ့ရပြီး Yuna နဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့နှလုံးသားဟာ တဖန်နိုးကြားလာခဲ့ပါတယ်။ ချစ်ဖူးသူတိုင်းနာကျင်မှုဆိုတာကတော့ မလွဲမသွေပါပဲ။ Yuna က သူ့မစိတ်ကူးထဲကမင်းသားလေးအဖြစ် နေရာယူလိုက်တဲ့ ရွှေမင်းသားလေးနဲ့Akari တို့ဆက်နွယ်မှုကိုသိရှိလိုက်တဲ့အခါမှာတော့ ဘယ်လိုအချစ်ဇာတ်လမ်းမျိုးဖြစ်လာမယ် ၊ ဘယ်လိုလက်နှေးရင်ခွက်ဆေးရမယ် ခွက်မဆေးရအောင် ဘယ်လိုလက်သွက်ရမယ်ဆိုတာကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်
IMDB: /10 votes
movie

Love, Be Loved, Leave, Be Left

2020
1080p
Howl’s Moving Castle
Howl’s Moving Castle Howl's Moving Castle ဒီကားရဲ့ဇာတ်လမ်းကတော့ အရမ်းလည်းပြောပြစရာမလိုဘူးထင်ပါတယ်ဗျ အဲ့တာကြောင့်အကျဉ်းချုပ်လောက်ပဲပြောလိုက်ပါ့မယ်ခင်ဗျ Review ဇာတ်လမ်းလေးကတော့ အရှက်အကြောက် အရမ်းကြီးတဲ့ Sophieဆိုတဲ့မိန်းကလေးကနေစတင်လိုက်ပါတယ်။ သူတိုခေတ်ကာလဟာမှော်ပညာတွေ စုန်းအတတ်တွေပြည့်နှက်နေတဲ့ အချိန်ကာလတစ်ခုပေါ့။ Sophieဟာဦးထုပ်ဆိုင်လေးဖွင့်ထားတဲ့မိန်းကလေးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့ဆိုင်လေးထဲကို ဆိုင်ပိတ်ချိန်ရောက်မှအမျိုးသမီးတစ်ဦးဟာအတင်းဝင်လာခဲ့ပါတယ်။အဲ့အမျိုးသမီးကိုသွားခိုင်းပေမယ့်လည်းမသွားခဲ့တဲ့အပြင် Sophieကိုလည်းကျိန်စာတိုက်ခဲ့ပါတယ်။ကျိန်စာတိုက်ပြီးနောက်မှာတော့ အဲ့အမျိုးသမီးကအဲ့ဆိုင်ကထွက်သွားပါတော့တယ်။Sophieကိုတိုက်ခဲ့တဲ့ကျိန်စာကတော့ လက်ရှိအသက်အရွယ်ကနေအသက်ရှစ်ဆယ်ကျော်အဘွားကြီးအရွယ်အဖြစ်ရောက်အောင်လုပ်လိုက်တာပါ။အဘွားကြီးပီပီ ဒူးတွေခါးတွေကလည်းထင်သလောက်မကောင်းတော့တာကြောင့် သူဒီကျိန်စာကိုပျောက်အောင်လုပ်ဖိုနည်းလမ်းရှာရပါတော့တယ်။Sophieဟာအဲ့နယ်မှာနာမည်အရမ်းကြီးတဲ့မှော်ဆရာဖြစ်တဲ့Howlဆိုတဲ့လူရှိတဲ့နေရာကိုသွားဖိုကြိုးစားပါတော့တယ်။Sophieဟာ Howlကိုရှာတွေ့ပါ့မလား..... Howlကကောဘယ်လောက်အထိအစွမ်းထက်တာလဲ.... ဟိုအမျိုးသမီးကကော ဘာကြောင့်Sophieကိုကျိန်စာတိုက်ခဲ့လဲဆိုတာတွေကတော့..... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ....
IMDB: /10 votes
movie

Howl’s Moving Castle

Nisekoi: False Love 6.4
Nisekoi: False Love Raku Ichijo ဆိုတာ ယာကူဇာဂိုဏ်းရဲ့ ဆက်ခံသူဖြစ်ပေမယ့် အကြမ်းဖက်ခြင်းကို မနှစ်သက်တဲ့သူဖြစ်ပါတယ်။ သူက သာမန်ဘဝကိုပဲ လိုချင်ပြီး ငယ်ငယ်တုန်းက လက်ထပ်ဖို့အတွက် ကတိထားခဲ့တဲ့ ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ Kirisaki Chitoge ဆိုတာတော့ ယာကူဇာဂိုဏ်းရဲ့ ဆန့်ကျင်ဘက် Beehive ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသမီးလေးပါ။ ဂိုဏ်းကြီး ၂ ဂိုဏ်းရဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် ဂိုဏ်းချုပ် ၂ ယောက်က အကြံတစ်ခုကို ထုတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ သားနဲ့ သမီးကို ဟန်ဆောင်ရည်းစားတွေ လုပ်ခိုင်းဖို့ပါ။ ခက်တာက Raku နဲ့ Chitoge တို့ဟာ စတွေ့ကတည်းက ပဲပင်ပေါက်နဲ့ ဂေါ်ဇီလာလိုပဲ မတည့်ကြပါဘူး။ သူတို့ မတည့်အတူနေ ၂ ယောက် ဟန်ဆောင်ချစ်သူတွေ အဖြစ် ဘယ်လို ခရီးဆက်ကြမလဲ....Rakuနဲ့ ငယ်ငယ်က လက်ထပ်ဖို့ ကတိထားခဲ့တဲ့ ကောင်မလေးကရော ဘယ်သူလဲဆိုတာ ...
6.4
IMDB: 6.4/10 votes
movie

Nisekoi: False Love

2018
1080p
White Snake
White Snake ဒီကားလေးကတော့ chinese anime လေးတစ်ခုဖြစ်ပါတယ် chinese anime တွေကိုဖန်တီးတဲ့ Light Chaser Animation Studios ကနေဖန်တီးထားတာဖြစ်ပြီး ကြာမြင့်ချိန် တစ်နာရီနဲ့သုံးဆယ့်ငါးမိနစ်ကြာမြင့်ပါတယ် IMdb rating မှာ 7 ရရှိထားပါတယ် တစ်နေ့မှာ Blanca လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုအနီးအနားရွာကမြွေဖမ်းသမား Xuan ကကယ်တင်ခဲ့တယ် ဒါပေမယ့်သူမဟာမှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီး သူမအကြောင်းကိုသိဖို့ သူတို့နှစ်ယောက်သားခရီးအတူထွက်ခဲ့ကြတယ် သူမရဲ့အတိတ်အကြောင်းပိုပြီးသိလာတာနဲ့အမျှ ဟန်ချက်ညီနေတဲ့ကမ္ဘာကြီးရဲ့ကံတရားရှိတဲ့ စွမ်းအားအတွက် ယှဥ်ပြိုင်နေတဲ့သဘာလွန်စွမ်းအားတွေရဲ့နက်ရှိုင်းတဲ့အကြံအစည်တွေကို သိသွားခဲ့တယ် သူတို့နှစ်ယောက်ရဲ့စွန့်စားခန်းတွေကိုတွေ့မြင်ရမှာပါ   #LCAM
IMDB: /10 votes
movie

White Snake

Clannad Movie
Clannad Movie Clannad Movieဟာ "Clannad"စီးရီးပြီး "Clannad After Story"ရဲ့ အပိုင်း ၁၈ ဝန်းကျင်ကာလကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကို ကြည့်မယ့်သူဟာ အနည်းဆုံး "Clannad After Story"ကို အပိုင်း ၁၈အထိ အနည်းဆုံးကြည့်ပြီးထားဖို့ လိုအပ်ပါတယ်။ စီးရီးကို အစအဆုံးကြည့်ပြီးတဲ့သူဟာ ဒီဇာတ်ကားကို မဖြစ်မနေ ကြည့်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ကြည့်ချင်တဲ့သူရှိပါက ကြည့်ရအဆင်ပြေစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်တာပါ။   ဒီဇာတ်ကားမှာ စီးရီးထဲက အဓိကဇာတ်ဆောင် "အိုကဇာခီ တိုမိုယ"ရဲ့ရှုထောင့်ကို အသားပေးထားပြီး "The Motion Picture"ဆိုတဲ့ ဇာတ်ကားရဲ့နာမည်အတိုင်းပဲ အတိတ်ကိုပြန်တွေးသလိုနဲ့ ဇာတ်လမ်းကိုတင်ဆက်ထားခြင်းသာဖြစ်ပါတယ်။    
IMDB: /10 votes
movie

Clannad Movie

2007
1080p
Eden of the East Movie I: The King of Eden 7.1
Eden of the East Movie I: The King of Eden ဂျပန်တစ်နိုင်ငံလုံးကို ဒုံးကျည်ဒဏ်ကနေကာကွယ်ပေးပြီးနောက်မှာတော့ Takizawa ချက်ချင်းပြောက်သွားခဲ့တယ် ဒုံးကျည်ပေါက်ကွဲမှုတွေအပြီးပြန်မပေါ်လာတဲ့ Takizawa အကြောင်းကို Saki စဉ်းစားနေတုန်းမှာဘဲ Selecao ဖုန်းကနေ message တစ်ခုဝင်လာခဲ့တယ် "Saki ယုံကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ငါအမြတမ်းမင်းနဲ့အတူခရီးထွက်ခဲ့တယ့်နေရာမှာရှိနေတယ်" ဒီ message အရ Takizawa ဘယ်နေရာမှာရှိနိုင်လဲဆိုတာကိုတွေးမိတာ Saki တစ်ယောက်ဘဲရှိတယ် ဒုံးကျည်တိုက်ခိုက်မှုပြီးကတည်းကပြောက်ကွယ်သွားတဲ့ သူက Saki နဲ့ခရီးအတူထွက်ခဲ့တဲ့နေရာမှာ အမြဲတမ်းရှိနေမယ်ဆိုတဲ့ message တစ်စောင်သာချန်ထားခဲ့တယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ခရီးစတင်ခဲ့တဲ့ New York ကို Saki လာခဲ့ပြီ Saki တစ်ယောက် သူတို့နှစ်ယောက်ခရီးစထွက်ခဲ့တဲ့နေရာကိုရောက်တော့ Takizawa ကိုတွေ့ပြီ ဒါပေမဲ့ သူမ သိတဲ့ Takizawa အနေနဲ့မဟုတ်တော့ဘူး မှတ်ဉာဏ်အဖျက်ခံထားရတဲ့ linuma အနေနဲ့သူတို့ပြန်ဆုံခဲ့တယ် Selecao ကစားပွဲကြီးကလည်းမပြီးသေးဘူး Takizawa လည်းမှတ်ဉာဏ်အဖျက်ခံလိုက်ရပြီ ဘယ်သူက supporter မှန်းလဲမသိကျသေးတဲ့အချိန်မှာ သူတို့ဘယ်လိုရရှေ့ဆက်ကြမလဲ နောက်ထပ်ဒုံးကျဉ်ဖောက်ခွဲမှုတွေထပ်ပြီးကျရောက်လာအုန်းမှာလားဆိုတာကိုတော့
7.1
IMDB: 7.1/10 35 votes
movie

Eden of the East Movie I: The King of Eden

Blu-Ray 1080p
I’ve Always Liked You 7.5
I’ve Always Liked You I've Always Liked You ဆိုတဲ့ Anime ဇာတ်ကား လေးဟာလူငယ်အချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဒါရိုက်တာ Tetsuya Yanagisawa ကရိုက်ကူးပြီး Qualia Animation Studio မှဖန်တီးပေးထားတာဖြစ်ပါတယ်   Opening Song မှကတည်းက လိုရာဆန္ဒပြည့်မည်ဆိုတခြားသူအားလုံးပျော်ရွှင်စေဖို့ဆုတောင်းလိုက်မယ် မင်းလေးပျော်ရွှင်ဖို့ကိုတော့ငါကိုယ်တိုင်ကြိုးစားမယ် ဆိုတဲ့စာသားလေးနဲ့ဆွဲဆောင်သွားတဲ့ I've Always Liked You ဇာတ်ကားလေးဟာ Koyuki Ayase ၊ Hina Setoguchi ၊ Haruki Serizawa တို့ကြားကအချစ်ဇာတ်လမ်းကိုဖော်ကျူးထားတာဖြစ်ပါတယ်   ကျောင်းမှာအမှတ်မထင်တွေ့ဆုံခဲ့ရတဲ့စီနီယာ Koyuki Ayase ကိုတစ်ဖက်သတ်ချစ်မိသွားခဲ့တဲ့ကောင်မလေး Hina Setoguchi   Hina Setoguchi ဆိုတဲ့ကောင်မလေးကိုငယ်ငယ်ကတည်းကချစ်လာခဲ့ရပေမယ့်အထက်တန်းရောက်တဲ့အထိတိုင်ဖွင့်မပြောဘဲမျိုသိပ်နေခဲ့ရတဲ့တစ်ဖက်သတ်အချစ်နဲ့ကောင်လေး Haruki Serizawa   သူတို့တွေအထက်တန်းအောင်ပြီးချိန်မှာတော့စီနီယာကိုချစ်နေတဲ့ကောင်မလေး Hina ဟာ Koyuki တက်တဲ့တက္ကသိုလ်ကိုပဲလိုက်တက်ခဲ့ပြီး Hina ကိုတစ်ဖက်သတ်ချစ်နေတဲ့ကောင်လေး Haruki လဲ Hina နောက်လိုက်ခဲ့တဲ့အခါမှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကဘယ်လိုအဆုံးသတ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ် #LCAM
7.5
IMDB: 7.5/10 80 votes
movie

I’ve Always Liked You

Whisper Of The Heart 7.9
Whisper Of The Heart IMDb 7.9/10Rotten Tomatoes 94% စာတွေဖတ်ရတာကြိုက်တဲ့ကောင်မလေးတယောက်နဲ့ကောင်လေးတယောက်တို့တွေ့ကြတယ်ဆိုတဲ့ဇာတ်လမ်းပါဇာတ်လမ်းကိုသိပ်ရှည်ရှည်ဝေးဝေးညွှန်းလို့မကောင်းဘူးဗျရုပ်ရှင်မှာရသမြောက်အောင်ချပြတာနှစ်နည်းရှိတယ်အပြနဲ့ချပြတဲ့နည်းအပြောနဲ့ချပြတဲ့နည်းဒီကားကျတော့အပြောရောအပြပါနှစ်မျိုးလုံးပါပါတယ်ညွှန်းဆိုဒီအတိုင်းပြောလည်းဇာတ်ကားအရသာကိုပေါ်လွင်အောင်မပြောနိုင်ဘူးဗျကြည့်မှကြည့်လေကောင်းလေဆိုတဲ့ဇာတ်ကားမျိုးပါနောက်ပြီးတော့တခုပြောချင်တာကဒီကားအတွက်စာဖိုင်ကနှစ်မျိုးထွက်နေတယ်နှစ်ခုလုံးကတော့မှန်သလိုလိုမှားသလိုလိုဖြစ်နေတယ်ဗျကျနော်ကesubကပဲပြန်တဲ့အပြင်ဂျပန်လိုလည်းမတတ်တော့နှစ်မျိုးလူံးယှဉ်ကြည့်တယ်မှန်မယ်ထင်တာယူဖြစ်တယ်ဗျဥပမာ ကြောင်မရုပ်လေးနာမည်ကိုစာဖိုင်တခုမှာအစထဲကပြောပြထားတယ်ဒါပမယ့် ကျနော့်အသံထွက်နားထောင်တော့နာမည်ကိုပြောသွားတယ်လို့မထင်လို့မပြောတဲ့စာဖိုင်ကိုပဲယူပါတယ်အတတ်နိုင်ဆုံးတော့အကောင်းဆုံးဖြစ်အောင်လုပ်ပေမယ့်လိုအပ်ချက်တွေရှိရင်ခွင့်လွှတ်ပေးပါသီချင်းတွေကိုလည်းမရရအောင်ရှာပြီးထည့်ပေးထားပါတယ်လိုက်ဆိုလို့ရအောင်လို့ပါ Translated by DrNyanEncoded by DrNyanRunning Time - 1hr50mins
7.9
IMDB: 7.9/10 votes
movie

Whisper Of The Heart

Weathering with You (2019) 7.8
Weathering with You (2019) "တောက်ပတဲ့နေမင်းကြီးကိုမတွေ့ရတော့ရောဘာဖြစ်လဲ? ပြာလဲ့လဲ့မိုးကောင်ကင်ထက် နင့်ကိုပဲငါလိုချင်တယ် ရာသီဥတုကြမ်းချင်ကြမ်းပါစေအရေးမကြီးဘူး" လှပတဲ့စကားလုံးတွေနဲ့တင်ဆက်ထားတဲ့ ဒီanimeဟာ Your Nameကိုထုတ်လုပ်ပေးခဲ့တဲ့ CoMix Wave Filmsရဲ့လက်ရာတစ်ပုဒ်ပါ ဂျပန်မှာ ယန်း၁၄.၀၆သန်းအထိဝင်ငွေရခဲ့ပြီး တစ်ကမ္ဘာလုံးမှာပြသခဲ့တာကနေ ၁၉၂.၇သန်းဒေါ်လာရခဲ့တဲ့အထိလူကြိုက်များထားတဲ့animeရုပ်ရှင်လေးပါ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသားလေးHodaka Morishimaဟာ သူ့ရဲ့ကျွန်းကနေထွက်လာပြီးတိုကျိုမြို့ပေါ်ကိုတက်လာခဲ့ပါတယ် အကြောင်းအရင်းကတော့ဝင်ငွေရှာဖို့နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ပါ သူ့ရဲ့အနာဂတ်တွေကိုပုံဖော်ဖို့သွားတဲ့အဲ့ဒီမြို့ကြီးက ပုံမှန်မဟုတ်ပဲ နေ့တိုင်းလိုလို မိုးအုံ့ မိုးရွာနေတတ်ပါတယ် သူဟာအဲ့မှာနေရင်းနဲ့ဘယ်ကမှလည်းအဆက်အသွယ်မရပဲ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်ခဲ့ပြီးတော့နောက်ဆုံးမှာ ထူးဆန်းထွေလာမဂ္ဂဇင်းရေးတဲ့အလုပ်ကိုသူရသွားခဲ့တယ် တစ်နေ့မှာ Hoda ကရှုပ်ယှက်ခပ်နေတဲ့လမ်းထောင့်တစ်နေရာက လူတွေကြားထဲကမှ Hina ဆိုတဲ့မိန်းကလေးကိုသူသတိပြုမိသွားပါတယ် ဒီမိန်းကလေးက တောက်ပပြီး စိတ်ဓာတ်ပြင်းပြတဲ့သူဖြစ်သည့်အလျောက် သူ့မှာထူးခြားစွမ်းအင်လည်းရှိနေပါသေးတယ် သူ့ရဲ့အစွမ်းကတော့ ဒီလိုမိုးသည်းပြီးအုံ့မှိုင်းမှိုင်းဖြစ်နေတဲ့တိုကျိုမြို့ကြီးကို မိုးတွေကိုတိတ် တိမ်စင်တွေကိုဖယ်ရှားပြီး အလင်းဓာတ်ကိုဆောင်ပေးနိုင်သူပေါ့........ ဆက်လက်ကြည့်ရှုလိုက်ပါဦး IMDb 7.6/10 Rotten tomatoes 91%
7.8
IMDB: 7.8/10 45 votes
movie


Night Is Short, Walk on Girl (2017) 7.8
Night Is Short, Walk on Girl (2017) Yoru wa Mijikashi Aruke yo Otome(The Night Is Short, Walk on Girl) Movie type-Comedy, Romantic, Music film,dance Translator-EliasEncoder-Loki_____________________________________ကဲကဲ ရယ်စရာ ကြည့်ချင့်တွ အုန်းသီးစားလေးတွေတွက်မင်မင်တို့ ဖန်းတီးပေးလိုက်ပါပီး [Morimi Tomihiko] ရဲ့Novelဝတ္ထုကိုအခြေခံထားတဲ့ကားလေးဖြစ်ပြီးအနက်ရောင်ဆံပင်နဲ့ မိန်းကလေးကကျိုတိုမြို့ရဲ့လမ်း‌တွေက Pontocho ရဲ့ညမြင်ကွင်းကနေ Shimogamo ကစာအုပ်အဟောင်းပြပွဲရယ်ပြီး‌တော့ ကျောင်းပြပွဲအဆုံး ညတစ်ညရဲ့အလှ‌တွေကိုခံစားဖို့လမ်းလျှောက်ကြတယ်ပေါ့အဲ့မှာသူ့ကိုကြိတ်ခွက်နေတဲ့ ‌မင်းသားကပေါ့နော်သူ့နောက်ကိုတစ်ကောက်၂လိုက်ရင်း သူမနဲ့‌တွေ့လို့ရှိမတော်တဆတွေ့တယ်ပေါ့ အယ့်လယ်အဲ့လိုပုံစံနဲ့သူမရဲ့အချစ်ကိုရရန် အခွင့်အလမ်းတွေရှာနေခဲ့ပါတယ်ဒါပေမယ့်စိတ်မကောင်းတာက ကောင်မလေးကမင်းသားကိုသတိတောင်မထားမိပါဘူးနောက်ပိုင်းမှာဘယ်လိုအလွဲလေးတွေ ဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်လိုက်ပါSource ;Sugoi Japan ခုလို ချိန်မျိုးမှာLike and share လုပ်ခြင်းဖြင့်ကုသိုလ်ယူပါ#Loki
7.8
IMDB: 7.8/10 71 votes
movie

Night Is Short, Walk on Girl (2017)