MMANIME

Slice of life

Josee, the Tiger and the Fish
Josee, the Tiger and the Fish Josee, the Tiger and the Fish (2021) Genres:   Slice of life, Drama, Romance Released Date:  May 19, 2021 Runtime:   1h 38m ဒီကားလေးကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ လူငယ်တွေရဲ့ အချစ်ရိုမန်အကြောင်း တစ်မျိုးတစ်ဖုံ ရိုက်ကူးပြသထားတာပါ။ ရေငုပ်ကာ ငါးတွေကိုလေ့လာရတာ နှစ်သက်ပြီး မက္ကဆီကိုတက္ကသိုလ်မှာ ပညာတော်သင်သွားချင်လို့ ရည်မှန်းချက်အတွက် အလုပ်တစ်ဖက်နဲ့ကြိုးစားနေတဲ့ ကောလိပ်ကျောင်းသား Tsuneo.. မသန်စွမ်းဖြစ်လို့ အပြင်မထွက်နိုင်ဘဲ ဝှီးချဲပေါ်မှာသာ နေရတဲ့ Josee.. ကမ္ဘာကြီးကို သူ(မ)နှစ်သက်တဲ့စာအုပ်တွေထဲကနေ စိတ်ကူးယဉ်ပုံဖော်ပြီး သူ့သဘောအတိုင်းနေတတ်တဲ့ မိန်းကလေး.. တစ်နေ့မှာ သူတို့နှစ်ယောက် ဆန်းကြယ်စွာဆုံတွေ့ခဲ့ကြပြီး Tsuneo က Josee ကို ပြုစုစောင့်ရှောက်ပေးဖို့ ဖြစ်လာရာကနေ ဂျစ်ကန်ကန်နေတတ်တဲ့ Josee တစ်ယောက်ကို စိတ်ရှည်ရှည် လိုက်လျောစောင့်ရှောက်ကာ သူတို့နှစ်ယောက်ကြား ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ #otaku_kingdom_myanmar
IMDB: /10 votes
movie

Josee, the Tiger and the Fish

Clannad Movie
Clannad Movie Clannad Movieဟာ "Clannad"စီးရီးပြီး "Clannad After Story"ရဲ့ အပိုင်း ၁၈ ဝန်းကျင်ကာလကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကို ကြည့်မယ့်သူဟာ အနည်းဆုံး "Clannad After Story"ကို အပိုင်း ၁၈အထိ အနည်းဆုံးကြည့်ပြီးထားဖို့ လိုအပ်ပါတယ်။ စီးရီးကို အစအဆုံးကြည့်ပြီးတဲ့သူဟာ ဒီဇာတ်ကားကို မဖြစ်မနေ ကြည့်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ကြည့်ချင်တဲ့သူရှိပါက ကြည့်ရအဆင်ပြေစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်တာပါ။   ဒီဇာတ်ကားမှာ စီးရီးထဲက အဓိကဇာတ်ဆောင် "အိုကဇာခီ တိုမိုယ"ရဲ့ရှုထောင့်ကို အသားပေးထားပြီး "The Motion Picture"ဆိုတဲ့ ဇာတ်ကားရဲ့နာမည်အတိုင်းပဲ အတိတ်ကိုပြန်တွေးသလိုနဲ့ ဇာတ်လမ်းကိုတင်ဆက်ထားခြင်းသာဖြစ်ပါတယ်။    
IMDB: /10 votes
movie

Clannad Movie

2007
1080p
Eden of the East Movie I: The King of Eden 7.1
Eden of the East Movie I: The King of Eden ဂျပန်တစ်နိုင်ငံလုံးကို ဒုံးကျည်ဒဏ်ကနေကာကွယ်ပေးပြီးနောက်မှာတော့ Takizawa ချက်ချင်းပြောက်သွားခဲ့တယ် ဒုံးကျည်ပေါက်ကွဲမှုတွေအပြီးပြန်မပေါ်လာတဲ့ Takizawa အကြောင်းကို Saki စဉ်းစားနေတုန်းမှာဘဲ Selecao ဖုန်းကနေ message တစ်ခုဝင်လာခဲ့တယ် "Saki ယုံကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ငါအမြတမ်းမင်းနဲ့အတူခရီးထွက်ခဲ့တယ့်နေရာမှာရှိနေတယ်" ဒီ message အရ Takizawa ဘယ်နေရာမှာရှိနိုင်လဲဆိုတာကိုတွေးမိတာ Saki တစ်ယောက်ဘဲရှိတယ် ဒုံးကျည်တိုက်ခိုက်မှုပြီးကတည်းကပြောက်ကွယ်သွားတဲ့ သူက Saki နဲ့ခရီးအတူထွက်ခဲ့တဲ့နေရာမှာ အမြဲတမ်းရှိနေမယ်ဆိုတဲ့ message တစ်စောင်သာချန်ထားခဲ့တယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ခရီးစတင်ခဲ့တဲ့ New York ကို Saki လာခဲ့ပြီ Saki တစ်ယောက် သူတို့နှစ်ယောက်ခရီးစထွက်ခဲ့တဲ့နေရာကိုရောက်တော့ Takizawa ကိုတွေ့ပြီ ဒါပေမဲ့ သူမ သိတဲ့ Takizawa အနေနဲ့မဟုတ်တော့ဘူး မှတ်ဉာဏ်အဖျက်ခံထားရတဲ့ linuma အနေနဲ့သူတို့ပြန်ဆုံခဲ့တယ် Selecao ကစားပွဲကြီးကလည်းမပြီးသေးဘူး Takizawa လည်းမှတ်ဉာဏ်အဖျက်ခံလိုက်ရပြီ ဘယ်သူက supporter မှန်းလဲမသိကျသေးတဲ့အချိန်မှာ သူတို့ဘယ်လိုရရှေ့ဆက်ကြမလဲ နောက်ထပ်ဒုံးကျဉ်ဖောက်ခွဲမှုတွေထပ်ပြီးကျရောက်လာအုန်းမှာလားဆိုတာကိုတော့
7.1
IMDB: 7.1/10 35 votes
movie

Eden of the East Movie I: The King of Eden

Blu-Ray 1080p