MMANIME

Code Geass: Akito the Exiled 1: The Wyvern Arrives

Code Geass    

PG-13 51min ActionAdventureScience FictionTV Movie

6
IMDB: 6/10 17 votes

Japan

Report error

Code Geass: Akito the Exiled (コードギアス 亡国のアキト, Kōdo Giasu Bōkoku no Akito) ခဏနေ အပိုင်း (၁) တင်ပါမယ် Genre: Alternate history, mecha, military Code Geassဆိုတာကတော့ Old but Gold Anime seriesတစ်ခုပါ။IMDb rating 8.6/10ရရှိထားပြီး Main seriesမှာSeason 2 ခု ထွက်ရှိထားပါတယ်။ Manga ပေါင်းများစွာ Game နဲ့ OVAအများအပြားထွက်ရှိထားခဲ့တဲ့ အအောင်မြင်ဆုံး Anime တွေထဲကတစ်ခုပါ။ ကျနော်တို့အခု ထွက်ရှိထားတဲ့ OVAတွေထဲမှာမှ “Akito the exiled”ဆိုတဲ့ OVA seriesကို တင်ဆက်ပေးသွားမှာပါ။ Code geassရဲ့Main storyဖြစ်တဲ့seriesဟာ October6,2006ခုနှစ်မှာစတင်ထွက်ရှိခဲ့ပြီး “Akito the exiled” OVA seriesက တော့ 6နှစ်အကြာ August4,2012မှာ ထွက်ရှိခဲ့ပါတယ်။ Code Geassအကြောင်းတော်တော်ရှုပ်ထွေးတာကြောင့် ကျနော် လိုရင်းလေးကိုပဲသေချာရှင်းပြချင်ပါတယ်။ ~ Review ~ “Akito the Exiled” OVAကတော့ စုစုပေါင်း အပိုင်း5ပိုင်းပါရှိပြီး တစ်ပိုင်းကို Runtime 60 minsကြာရှိပါတယ်။ ဒီ OVA ကိုတော့ Main storyရဲ့ Season 1နဲ့ Season 2အကြားမှာ ဇာတ်အိမ် တည်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကိုတော့Europia United (E.U.) မှာဖြစ်ပျက်ခဲ့တဲ့စစ်ပွဲအကြောင်းလေးပါ။ ဥရောပရဲ့ မဟာမိတ်နိုင်ငံတွေဟာ Holy Britannian Empireရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုနဲ့ ကျုးကျော်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ကျရှုံးလုနီးပါးဖြစ်နေတဲ့အချိန်မှာ E.U. စစ်တပ်ဟာ “W-0” လို့ခေါ်တဲ့ အထူးတပ်ဖွဲ့ကို ဖွဲစည်းခဲ့ပါတယ်။ အဲ့ဒီအထဲမှာ Akito Hyuga ဆိုတဲ့17နှစ်အရွယ် ကောင်လေးကတော့အဖွဲ့ဝင် တစ်ယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။ Leila Malcal လို့ခေါ်တဲ့ကောင်မလေးဟာ အရင်က Britannian မင်းမျိုးတစ်ယောက်ဖြစ်ခဲ့ပြီး (E.U)ကို အကူအညီပေးဖို့ရောက်လာခဲ့ပြီးသူမဟာဂျပန်ဆယ်ကျော်သက်များဖြင့်ဖွဲ့စည်းထားသည့် Wyvern Knightmare ကော်ပိုရေးရှင်းကိုဦးဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့သူတို့ ဟာအသက်ရှင်နိုင်ချေ 5%လောက်ပဲရှိတဲ့အခြေအနေမှာ မဆင်ခြင်ပဲ တဇွတ်ထိုး စစ်ပွဲထဲကိုဝင်ရောက်ခဲ့ပါတယ်။ သူတို့ဟာ သူတို့ရဲ့လွတ်လပ်မှုနဲ့ အိမ်ပြန်နိုင်ဖို့အတွက် အသက်ကိုရင်းပြီးဘယ်လိုတိုက်ခိုက်ကြမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပါ။ ဒီ OVA ကိုတော့ ကျနော်တို့ pageမှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှု့ကြပါဦးခင်ဗျ။ #Haise

Code Geass: Akito the Exiled 1: The Wyvern Arrives
Code Geass: Akito the Exiled 1: The Wyvern Arrives
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Related movies