MMANIME

KiKi’s Delivery Service

KiKi's Delivery Service    

PG 1hr43min AdventureDramaFamilyRomanceTV MovieUncategorized

7.8
IMDB: 7.8/10 251514 votes

Japan

Report error

Kikiကားလေးကတော့
90bornတွေဆိုရင်မြဝတီကနေ
မိုးပျံမလေးကိကိဆိုပြီးပြခဲ့လို့မိုးပျံမလေးလို့ပဲမှတ်ထားမယ်ထင်ပါတယ်
ကျွန်တော့်အတွက်တော့
Studio
ghibliကထွက်တဲ့အထဲမှာဒုတိယမြောက်ကြည့်ခဲ့ဖူးတဲ့ကားပါ
ပထမကားက totoro
ဒီကားမကြည့်ခင်အထိ
ဂျပန်animeဆိုရင်ကြိုက်ကိုမကြိုက်တာဗျ
အနောက်တိုင်းကာတွန်းတွေပဲကြိုက်ခဲ့တဲ့အရွယ်ပေါ့
ခြွင်းချက်အနေနဲ့
Yaibaကတော့ကြိုက်ခဲ့တယ်
Totoroတောင်မှကြည့်တုန်းကကြောက်မိတာကများနေတယ်
ကြောင်ဘတ်စ်ကားပုံကြီးဆိုအသေကြောက်တာ
????
ဒီကားကြည့်တော့မှကလေးအရွယ်မှစပြီးဂျပန်animeတွေကြိုက်လာကော
နောက်တော့
Grave of firefliesတို့ဘာတို့တွေပါဆက်ကြည့်တာ
Firefliesကတော့ကြိုက်ပေမယ့်
ဘယ်တော့မှပြန်မကြည့်တော့တဲ့ကားထဲတောင်ပါတယ်
အခုghibliအတွက်ဘာသာပြန်ဖို့
ကားတွေခွဲတော့တောင်
အဲ့ကားကိုဘယ်သူမှဘာသာပြန်ဖို့မယူကြဘူး
ဘာသာပြန်ဖို့အတွက်
ပြန်တောင်မကြည့်ချင်ဘူးလေ
ထားပါလေ
စကားတွေဘေးရောက်ကုန်ပြီ
ဇာတ်လမ်းအညွှန်းကိုပြောပြပါမယ်
ဇာတ်လမ်းအကျဉ်းကတော့
တအားပြောရင်spoilပါမှာစိုးလို့ အတိုဆုံးချုံ့
ပြောပါ့မယ်
ဘိုးစဉ်ဘောင်ဆက် စုန်းအနွယ်ဝင်တွေဖြစ်ကြတဲ့
စုန်းမလေးKiKiက သူတို့ရဲ့ရိုးရာအရ
လွတ်လပ်ခွင့်ရတဲ့အချိန်မှာ KiKiကလူသားတွေနဲ့
လိုက်လျောညီထွေနေဖို့ဆုံးဖြတ်ရင်း
လူတွေနေတဲ့နေရာကိုသွားပြီး အလုပ်လိုက်လျှောက်ပါတယ်
ဒါပေမယ့် အဲ့ခေတ်အခါအရ စုန်းမဆိုရင်
အလုပ်ခန့်ဖို့မပြောနဲ့ ပတ်တောင်ပတ်သက်ချင်တာမဟုတ်ပါဘူး
ဒါပေမယ့် စိတ်ရင်းကောင်းတဲ့မုန့်ဆိုင်လေးတစ်ဆိုင်ကတော့
KiKiကိုအလုပ်လုပ်ဖို့ရယ် နေစရာ စားစရာအပြည့်ထောက်ပံ့ပါတယ်
KiKiရဲ့အလုပ်ကတော့ အဲ့ဆိုင်ကမုန့်တွေကို
သူ့ရဲ့တံမြတ်စည်းရိုးကြီးကိုစီးပြီး မှားထားတဲ့အိမ်တွေကို
အမြန်ဆုံးလိုက်ပို့ရတဲ့ deliveryဝန်ဆောင်မှုတစ်ခုပါပဲ
KiKiကအလုပ်လည်းလုပ်သလို လူတွေနဲ့လိုက်လျောညီထွေ
ဖြစ်အောင်နေရင်း ဘယ်လိုအလွဲတွေဖြစ်လာမလဲဆိုတာကတော့
ဆက်လက်ကြည့်ရှုလိုက်ပါ…….

IMDb 7.8/10
Rotten tomatoes 97%

KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
KiKi’s Delivery Service
No downloads available

Leave a Reply

Related movies