MMANIME

Movies

Inuyasha the Movie 3: Swords of an Honorable Ruler (2003) 7.7
Inuyasha the Movie 3: Swords of an Honorable Ruler (2003) ................................................................. IMDb 7.7/10 MyAnimeList 7.8/10 ဒီကားက တော့ ခွေးမင်းသားဖန် တွေအကြိုက် တွေ့ စေမယ့်ကားပါ။ ဒီကားရဲ့ဇာတ်လမ်းဟာ ခွေးမင်းသားအဖေရဲ့ နှစ်ရာ ကျော်တိုင်ပျောက်ဆုံး နေတဲ့ပြိုင်သူကင်းဓါး ပေါ် အခြေပြုထားတာပါ။ အဲ့ဒီဓါးဟာ တက်ဆိုင်းဂဓါးနဲ့၊ ဆက်ရှိးမာရုကိုယ်တိုင်ပါ ရင်ဆိုင်တိုက်ခိုက်တာတောင် အနိုင်မယူနိုင်တဲ့ဓါးပါ။ ခွေးမင်းသားရဲ့အဖေ မဟာ ခွေးမိစ္ဆာကြီးတိုဂဟာ(သူ့နာမည်အတိအကျကို မန်ဂ မှာရော၊ anime မှာပါ သေချာမဖော်ပြခဲ့ပါ) လွန်ခဲ့တဲ့နှစ်၆၀၀တုန်းက သူ့ ခေတ်သူ့အခါတုန်းက မိစ္ဆာတွေ ရဲ့ လေးစားမှုကိုရခဲ့ပြီး ပြိုင်ဘက်ကင်းတဲ့သူတယောက်ဖြစ်ခဲ့ကာ နိပွန်(ဂျပန်)နိုင်ငံရဲ့အ နောက်ဘက်အခြမ်းမှာ သြဇာ ညောင်းခဲ့သူလည်း ဖြစ်ပါတယ်။ ခွေးမင်းသားရဲ့ နောက်ဆက်တွဲ ခွေးမင်းသမီးစီးရီးရဲ့အဓိကဗီလိန်ဖြစ်သူ ခီလွင်မာရုဟာ နိပွန်နိုင်ငံရဲ့အရှေ့ဘက်အခြမ်းကိုအုပ်စိုးခဲ့တဲ့မဟာမိစ္ဆာကြီးဖြစ်ပြီး မဟာ ခွေးမိစ္ဆာကြီးတိုဂကိုရှုးနိမ့်ဖူးကာ ဘယ်ဘက်ဦးချိုနဲ့ညာဘက် ခြေ ထောက်ပါဆုံးရှုးခဲ့ပါတယ်။ ဒါ ပေမဲ့ ခရစ်သက္ကရာဇ် ၁၀၀၅ခုနှစ်မှာ တော့ နှစ်၅၀၀တစ်ကြိမ် ကမ္ဘာ ပေါ်ကိုကျ ရောက်လာမယ့် မိစ္ဆာကြယ်တံခွန်ကြီးရဲ့ကပ် ...
7.7
IMDB: 7.7/10 2165 votes
movie

Inuyasha the Movie 3: Swords of an Honorable Ruler (2003)

2003
HEVC BD 1080p FLAC
Inazuma Eleven Go Vs. Danbourusenki
Inazuma Eleven Go Vs. Danbourusenki Inazuma Eleven Go Chrone Stone episode30အပြီးမှာထုတ်လွှင့်ပြသခဲ့တဲ့Inazuma Eleven Go vs Danball Senki movieလေးကိုဒီတစ်ပတ်မှာပူးတွဲတင်ဆက်လိုက်ပါတယ်။ ဘောလုံးကန်ခြင်းအထူးခေတ်စားသောInazuma Elevenကမ္ဘာနဲ့ LBX(Little Battlers Experience)လို့ခေါ်တဲ့စက်ရုပ်လေးတွေအသုံးပြုပြီးတိုက်ခိုက်ကြတဲ့Danball Senkiကမ္ဘာတို့လို အပြိုင်စကြဝဠာနှစ်ခုကြားက နံရံကြီးပြိုပျက်သွားတဲ့အခါမှာတော့... ဘောလုံးပွဲတစ်ပွဲမှာLBXတွေကျူးကျော်ဝင်ရောက်လာပြီး အားလုံးကိုဖျက်စီးပစ်ရင်းက လူငယ်ဘောလုံးစတားဖြစ်တဲ့ Matsukaze Tenmaနဲ့သူ့သူငယ်ချင်းတွေ အကြောင်းအရင်းကိုစုံစမ်းနေတုန်း LBXအသုံးပြုသူYamano Banနဲ့သူ့သူငယ်ချင်းတွေကိုတွေ့ခဲ့ရတယ်။သူတို့ဟာNation A(danballကမ္ဘာရဲ့အမေရိက)ကNICS(Neo International Cosmic Section)ဆိုတဲ့အဖွဲ့အစည်းကိုယ်စား LBXတွေအသုံးပြုပြီးတိုက်ပွဲဝင်နေကြသူတွေပါ။သူတို့နှစ်ဖွဲ့အချင်းချင်းသူငယ်ချင်းတွေဖြစ်သွားတဲ့အချိန်မှာတော့ ဘောလုံးရောLBXရောကိုအမြစ်ဖြတ်ဖို့ကြိုးစားနေကြတဲ့villainအဖွဲ့အစည်းတစ်ခုကိုပူးပေါင်းတိုက်ခိုက်ကြတာတွေကိုစိတ်ဝင်တစားကြည့်ရှုရမယ့် movieလေးဖြစ်ပါတယ်
IMDB: /10 votes
movie

Inazuma Eleven Go Vs. Danbourusenki

2013
Josee, the Tiger and the Fish
Josee, the Tiger and the Fish Josee, the Tiger and the Fish (2021) Genres:   Slice of life, Drama, Romance Released Date:  May 19, 2021 Runtime:   1h 38m ဒီကားလေးကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ လူငယ်တွေရဲ့ အချစ်ရိုမန်အကြောင်း တစ်မျိုးတစ်ဖုံ ရိုက်ကူးပြသထားတာပါ။ ရေငုပ်ကာ ငါးတွေကိုလေ့လာရတာ နှစ်သက်ပြီး မက္ကဆီကိုတက္ကသိုလ်မှာ ပညာတော်သင်သွားချင်လို့ ရည်မှန်းချက်အတွက် အလုပ်တစ်ဖက်နဲ့ကြိုးစားနေတဲ့ ကောလိပ်ကျောင်းသား Tsuneo.. မသန်စွမ်းဖြစ်လို့ အပြင်မထွက်နိုင်ဘဲ ဝှီးချဲပေါ်မှာသာ နေရတဲ့ Josee.. ကမ္ဘာကြီးကို သူ(မ)နှစ်သက်တဲ့စာအုပ်တွေထဲကနေ စိတ်ကူးယဉ်ပုံဖော်ပြီး သူ့သဘောအတိုင်းနေတတ်တဲ့ မိန်းကလေး.. တစ်နေ့မှာ သူတို့နှစ်ယောက် ဆန်းကြယ်စွာဆုံတွေ့ခဲ့ကြပြီး Tsuneo က Josee ကို ပြုစုစောင့်ရှောက်ပေးဖို့ ဖြစ်လာရာကနေ ဂျစ်ကန်ကန်နေတတ်တဲ့ Josee တစ်ယောက်ကို စိတ်ရှည်ရှည် လိုက်လျောစောင့်ရှောက်ကာ သူတို့နှစ်ယောက်ကြား ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ #otaku_kingdom_myanmar
IMDB: /10 votes
movie

Josee, the Tiger and the Fish

Castle in the Sky 8.0
Castle in the Sky Title - Castle in the sky Aired - Aug 2, 1986 Studio - Studio Ghibli Genres - Adventure, Fantasy, Romance, Sci Fi Rating - PG-children Review ===== ဒီကားလေးကတော့ studio ghibli ရဲ့ပထမဆုံးလက်ရာကားကောင်းလေးဖြစ်ပါတယ်။Old but gold လေးပါ။ ဇာတ်လမ်းကတော့ Sheeta ဆိုတဲ့ကောင်မလေးနဲ့ Panzu ဆိုတဲ့ကောင်လေးတို့နှစ်ယောက်ရဲ့စွန့်စားခန်းလေးပဲဖြစ်ပါတယ်။ နာမည်အတိုင်းပဲ Luputa လို့ခေါ်တဲ့ပျံသန်းနေတဲ့ဒဏ္ဍာရီလာနန်းတော်ကြီးကိုရှာပုံတော်ဖွင့်ကြမှာပဲဖြစ်ပါတယ်။သူတို့က အဲ့နန်းတော်ထဲကရတနာတွေကို လိုချင်နေတဲ့ဗီလိန်အဖွဲ့နဲ့လည်းရင်ဆိုင်ရမှာပါ။ လမ်းခရီးမှာဘာတွေကြုံတွေ့ရမလဲ၊ Laputa နန်းတော်ကြီးရဲ့ပုံစံအမှန်ကရောဘလိုဖြစ်မလဲ၊ ဗီလိန်တွေကိုရောသူတို့ဘလိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပါ။ ပေါ့ပေါ့ပါးပါး fantasy adventure ပုံစံမျိုးကြိုက်တဲ့သူတွေ့ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ================================= Translator - Nakhe Encode - TTK #otaku_kingdom_myanmar
8.0
IMDB: 8.0/10 155K votes
movie

Castle in the Sky

1986
1080p
Mobile Suit Gundam Hathaway
Mobile Suit Gundam Hathaway U.C. 0105 ခုနှစ် ဒုတိယ Neo Zeon စစ်ပွဲ (Char ၏ပုန်ကန်မှု) အပြီးတွင် (၁၂) နှစ်အကြာ။ လူသားမျိုးနွယ်နဲ့ Universal Century ရဲ့အနာဂတ်ကို မီးမောင်းထိုးပြလိုက်တဲ့ “Axis Shock” အဖြစ်အပျက် ဖြစ်ပြီးနောက်မှာတောင် ပဋိပက္ခတွေဟာ ဆက်လက်ဖြစ်ပွားလျက်ရှိနေပါတယ်။ Earth Federation အစိုးရကလည်း ယခင်ကထက်ပိုမိုအကျင့်ပျက်ခြစားမှုတွေ များပြားလာခဲ့ပါတယ်။ Earth Federation အစိုးရဟာ ကမ္ဘာမြေကို အလွန်အမင်းညစ်ညမ်းစေရုံတင်မကဘဲ အရပ်သားတွေကို အာကာသထဲ အတင်းအကြပ်နှင်ထုတ်တဲ့ လူမဆန်တဲ့ "Man Hunting" မူဝါဒကိုပါကျင့်သုံးနေခဲ့ပါတယ်။ Mafty Navue Erin လိုခေါ်တဲ့လူတစ်ယောက် ဦးဆောင်တဲ့ Earth Federation အစိုးရဆန့်ကျင်ရေးအဖွဲ Mafty ဟာ အဂတိလိုက်စားမှုတွေကို ဆန့်ကျင်ခဲ့ပါတယ်။ Mafty ဟာ Federation အစိုးရအရာရှိတွေကို တစ်ယောက်ပြီးတစ်ယောက် လုပ်ကြံသတ်ဖြတ်ပစ်ပြီး အကြမ်းဖက်လုပ်ရက်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Mafty ဟာ Federation အစိုးရကိုအလိုမရှိတဲ့ လူထုရဲ့ထောက်ခံမှုကို ရရှိလာခဲ့ပါတယ်။ Mafty ဆိုတဲ့အဖွဲအစည်းကိုဦးဆောင်တဲ့ Mafty Navue ...
IMDB: /10 votes
movie

Mobile Suit Gundam Hathaway

Violet Evergarden: The Movie
Violet Evergarden: The Movie Violet Evergarden:The Movie (2020 mmsub) Genres-Romance,Drama,Fantasy Relesed Date- September,18 2020 Runtime-140 mins Kyoto Animation studioရဲ့ လက်ရာကောင်းတွေထဲကတစ်ခုဖြစ်တဲ့ Violet Evergarden:The movie ဟာ 2020တုန်းက covid-19 ကြောင့် Aprilမှာပြသမယ့်အစား September မှသာပြသခဲ့ပါတယ်။ ပြသပြီးချင်းချင်းပဲ Boxoffice မှာဝင်ငွေတွေ အမြောက်အများရရှိခဲ့သလို Raitingတွေဟာလည်း My anime list-8.7/10 Rotten Tomatoes - 99% imdb-8.4/10 တွေရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ Movie တစ်ခုဖြစ်လို့ ထွေထွေထူးထူးညွှန်းစရာမလိုလောက်ဘူးလို့ထင်ပါတယ်ဗျ။ ဒီ movieလေးကြည့်မယ်ဆိုရင်တော့ Seriesလေးကိုအရင်ကြည့်ထားမှအဆင်ပြေပါလိမ့်မယ်။ စစ်ပွဲကြီးပြီးဆုံးခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ Violet Evergarden တစ်ယောက်လဲ Auto Memory Dolls Service ဆိုတဲ့စာပို့လုပ်ငန်းမှာ လူတွေရဲ့ရင်ထဲကစကားတွေကို စာရေးပေးရင်း တဖြည်းဖြည်းနဲ့ ခံစားချက်တွေကို သိရှိနားလည်လာခဲ့ပါတယ်။ မသေခင်"ချစ်တယ်"ပြောခဲ့တဲ့ ဗိုလ်မှူး ကိုလဲတစ်နေ့မှမေ့မရပဲ အသက်ရှင်နေခဲ့မယ်လို့ ထင်နေခဲ့ပါတယ်။ တစ်ခါတစ်လေကျတော့လဲ သင်အချိန်အကြာကြီး မျှော်လင့်နေတဲ့အရာတစ်ခုက ဘယ်တော့မှပျောက်ကွယ်မသွားတက်ပါဘူး။ အချိန်ကြာရင်မေ့သွားပါမယ်ဆိုတဲ့စကားက တချို့လူတွေအတွက်တော့ ရီစရာတစ်ခုသာသာဖြစ်နေတတ်ပါတယ်။ Violet တစ်ယောက်ဟာ အချိန်အကြာကြီး နေလာရင်းတစ်နေ့မှာတော့ ဗိုလ်မှူး လက်ရေးနဲ့ရေးထားတဲ့ စာတစ်စောင်ဟာ စာတိုက်ကိုရောက်ရှိလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ချိန်လုံးမျိုသိပ်လာခဲ့ရတဲ့စကားတွေ ဗိုလ်မှူးကိုသူပြန်ပြောပြနိုင်မလား။ ဗိုလ်မှူးကကော တကယ်အသက်ရှင်နေခဲ့မှာလားဆိုတာကို ဒီmovieလေးမှာ ကြည့်ရှုခံစားကြပါခင်ဗျာ။ Runtime 140 mins ဖြစ်တဲ့အတွက်ကြည့်ရတာ တကယ်ကို အားရပြီးmovieလေးထဲမျောပါသွားပါလိမ့်မယ်။
IMDB: /10 votes
movie

Violet Evergarden: The Movie

Her Blue Sky
Her Blue Sky Her Blue Sky အထက်တန်းကျောင်းသူလေး Aoi Aioi ဟာသူမရဲ့ မိဘတွေ မတော်တဆမှု တစ်ခုဖြစ်ပြီး ကွယ်လွန်သွားပြီးတဲ့နောက်မှာ သူမ၏ အမကြီးဖြစ်သူ Akane နဲ့အတူ နေထိုင်ခဲ့တယ်။ Aoi ဟာဘွဲရပြီးတဲ့နောက်မှာ Akane ရဲ့ex ဖြစ်သူ Shinno လိုခေါ်တဲ့ Shinnosuke Kanamuro ရဲ့လှုဆော်ပေးမှုကြောင့် သူမ၏အမ ဝန်မလေးအောင် ဂီတလုပ်ငန်းတစ်ခု ရှာရန် Tokyo ကိုပြောင်းချင်ခဲ့တယ်။သူဟာ တီးဝိုင်းတစ်ခုရဲ့ အဖွဲဝင်တစ်ယောက် ဖြစ်ခဲ့ပြီး Akaneရဲ့မိဘတွေ ကွယ်လွန်သွားတဲ့နောက်မှာ ဂီတာတီးကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာစေရန် Tokyo ဆီကိုထွက်ခွာခဲ့ပြီး သူတိုဟာ ပြန်မတွေ့ဖြစ်ခဲ့ကြဘူး။ တစ်နေ့လယ်ခင်းမှာတော့ Aoi ဟာဟိုတယ်တစ်ခုမှာ ဂီတာတီးလေ့ကျင်နေချိန်မှာ လွန်ခဲ့တဲ့ 13နှစ်က Shinno ရဲ့ 18နှစ် အရွယ်ပုံစံ နောက်တစ်ယောက်နဲ့ တွေ့ပြီး ထိတ်လန့်သွားခဲ့တယ်။ တိုက်ဆိုင်စွာနဲ့ပဲ အသက်၃၁နှစ်ရှိတဲ့ လက်ရှိ Shinno ဟာလည်း မြိုကိုပြန်လာပြီး ...
IMDB: /10 votes
movie

Her Blue Sky

Love, Be Loved, Leave, Be Left
Love, Be Loved, Leave, Be Left ဒီဇာတ်လမ်းလေးကတော့ စော်ငြင်းကောင် ဘဲငြင်းမတွေရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Step family plot လည်း ပါဝင်ထားပြီး "Oh my god, step bro. I'm stuck. Can you help me?" ဆိုတာမျိုး မပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်လို့ရပါတယ် Reivew လေးဆီသွားလိုက်ရအောင်   Review - Ichihara Yuna နဲ့ Yamamoto Akari တို့ဟာ အထက်တန်းကျောင်းသူလေးတွေဖြစ်ကြပြီးတော့ နှစ်ယောက်လုံးဟာ အချစ်ဆိုတဲ့အရာပေါ်မှာ အမြင်ချင်းမတူညီကြပါဘူး။ ချစ်ခွင့်ပန်ထားသူနဲ့ ချိန်းဆိုထားတဲ့ Akari ဟာအခြေအနေအမျိုးမျိုးကြောင့် စည်းခြားခဲ့ရပြီး Yuna နဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့နှလုံးသားဟာ တဖန်နိုးကြားလာခဲ့ပါတယ်။ ချစ်ဖူးသူတိုင်းနာကျင်မှုဆိုတာကတော့ မလွဲမသွေပါပဲ။ Yuna က သူ့မစိတ်ကူးထဲကမင်းသားလေးအဖြစ် နေရာယူလိုက်တဲ့ ရွှေမင်းသားလေးနဲ့Akari တို့ဆက်နွယ်မှုကိုသိရှိလိုက်တဲ့အခါမှာတော့ ဘယ်လိုအချစ်ဇာတ်လမ်းမျိုးဖြစ်လာမယ် ၊ ဘယ်လိုလက်နှေးရင်ခွက်ဆေးရမယ် ခွက်မဆေးရအောင် ဘယ်လိုလက်သွက်ရမယ်ဆိုတာကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်
IMDB: /10 votes
movie

Love, Be Loved, Leave, Be Left

2020
1080p
When Marnie Was There (2014)
When Marnie Was There (2014) ဒီတစ်ခါလည်းတစ်ချိန်ကအောင်မြင်ခဲ့တဲ့ Ghibli movieလေးတစ်ခုကိုတင်ပေးပါမယ်ခင်ဗျ။ ဒီဇာတ်လမ်းလေးကလည်းကြည့်မိတဲ့သူတိုင်းနီးပါးရဲ့ရင်ထဲအထိ နက်နက်ရှိင်းရှိင်းကိုရိုက်ခတ်တဲ့အထိကောင်းခဲ့ပါတယ်။ Review Annaကအပေါင်းအသင်းမရှိရှာတဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမယ့်တစ်နေ့တော့သဲသောင်မှာMarnieဆိုတဲ့မိန်းကလေးနဲ့ဆုံခဲ့ရာကနေသူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ဒါပေမယ့်Marnieကသူသိထားသလိုသာမန်မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး....... အခုပြောပြမယ့်ပုံပြင်ဇာတ်လမ်းလေးကတော့သူငယ်ချင်းရင်းနှီးမှု၊မိသားစုနဲ့အထီးကျန်ဆန်ခြင်းတိုကိုနက်နက်ရှိင်းရှိင်းပြသသွားမယ့်တစ္ဆေပုံပြင်လေးတစ်ခုပါပဲ။Annieဆိုတဲ့မိန်းကလေးဟာမွေးစားမိဘတွေနဲ့ကြီးပြင်လာရတဲ့အပြင်သူငယ်ချင်းအပေါင်းအသင်းမရှိတာကြောင့်အထီးကျန်ပြီးမေတ္တာငတ်နေရှာတဲ့ကလေးမလေးတစ်ယောက်ပေါ့။နောက်တော့သူဟာမစ္စတာနဲ့မစ္စPreggတိုရှိတဲ့Norfolkကိုရောက်ရှိသွားပါတယ်။အဲ့ကသဲသောင်လေးမှာသူပြေးလွှားလေ့ရှိတယ်။အဲ့ဒီအချိန်မှာမထင်မှတ်ပဲချုံနွယ်တွေထူထပ်နေတဲ့ရေပေါ်အိမ်တစ်ခုကိုတွေ့လိုက်ပါတော့တယ်။အဲ့ဒီအိမ်နဲ့ပတ်သက်ပြီးသူ့မှာအမှတ်တရတစ်ခုခုရှိနေတယ်လိုခံစားနေခဲ့ရတယ်။မကြာမီမှာပဲအဲ့အိမ်ထဲကနေမိန်းကလေးသူစိမ်းတစ်ယောက်ထွက်လာခဲ့တယ်။သူ့နာမည်ကMarnieတဲ့။သူတိုနှစ်ယောက်ကသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်....Marnieပျောက်သွားတဲ့ရက်မတိုင်ခင်အထိပေါ့.....။Marnieဟာရုတ်တရက်ဆိုသလိုပျောက်သွားခဲ့တယ်။ အဲ့ဒီအိမ်ကြီးထဲကိုမိသားစုအသစ်ဖြစ်တဲ့Lindsayတိုပြောင်းလာခဲ့တယ်။Annieဟာ Marnieဆီကနေသူငယ်ချင်းတွေရဲ့ပေါင်းသင်းဆက်ဆံရေးကိုသိကျွမ်းနိုင်ခဲ့တာကြောင့် Lindsayနဲ့လည်းအင်မတန်ခင်တဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ကြာလာတာနဲ့အမျှAnnieဟာMarnieနဲ့ပတ်သက်ပြီးထူးဆန်းတာတွေသိလာရတယ်။အဲ့ဒီထူးဆန်းတဲ့အကြောင်းအရာတွေကဘာလဲ။Marnieကကော ဘာလိုရုတ်တရက်ပျောက်သွားရတာလဲ။သူတိုနှစ်ယောက်ပြန်ကောဆုံနိုင်ပါတော့မလားဆိုတာကတော့.... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ...
IMDB: /10 votes
movie

When Marnie Was There (2014)

2014
1080p
Fate/Grand Order: The Movie – Divine Realm of the Round Table: Camelot –  Wandering; Agateram 6.4
Fate/Grand Order: The Movie – Divine Realm of the Round Table: Camelot – Wandering; Agateram Camelot ဟာ Fate Grand Order ၏ ၆ခုမြောက် Singularity လည်းဖြစ်သလို ဇာတ်လမ်းပိုင်းမှာ Babylonia ပြီးရင် ဒုတိယအကောင်းဆုံးလို့လည်းပြောလို့ရပါတယ် ( ဒီထဲမှာတော့ Rush ထားပေမယ့်ပေ့ါ) ဇာတ်လမ်းအကျဉ်းကတော့ အေဒီ ၁၂၇၃ မှာ တော်ဝင်နယ်မြေအဖြစ် သမုတ်ကြတဲ့ ဂျေရုဆလင်ဟာ ရုတ်တရတ် ကြီးမားတဲ့ ကန္တာရအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့် မူလနေထိုင်သူများဟာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အဲ့အချိန်မှာ အဓိကအင်အားကြီး အဖွဲ့ ၃ ဖွဲ့လည်းစစ်ခင်းနေကြပါတယ်။ စားပွဲဝိုင်းသူရဲကောင်းတွေနဲ့အတူ ဂျေရုဆလင်ကိုဖျက်သိမ်းပြီး တော်ဝင်မြို့အဖြစ်ပြန်ဆောက်ကာ နန်းစံလျက်ရှိတဲ့ ခြင်္သေ့ဘုရင် ...
6.4
IMDB: 6.4/10 10 votes
movie

Fate/Grand Order: The Movie – Divine Realm of the Round Table: Camelot – Wandering; Agateram

2020
1080p WEBRip
Howl’s Moving Castle
Howl’s Moving Castle Howl's Moving Castle ဒီကားရဲ့ဇာတ်လမ်းကတော့ အရမ်းလည်းပြောပြစရာမလိုဘူးထင်ပါတယ်ဗျ အဲ့တာကြောင့်အကျဉ်းချုပ်လောက်ပဲပြောလိုက်ပါ့မယ်ခင်ဗျ Review ဇာတ်လမ်းလေးကတော့ အရှက်အကြောက် အရမ်းကြီးတဲ့ Sophieဆိုတဲ့မိန်းကလေးကနေစတင်လိုက်ပါတယ်။ သူတိုခေတ်ကာလဟာမှော်ပညာတွေ စုန်းအတတ်တွေပြည့်နှက်နေတဲ့ အချိန်ကာလတစ်ခုပေါ့။ Sophieဟာဦးထုပ်ဆိုင်လေးဖွင့်ထားတဲ့မိန်းကလေးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့ဆိုင်လေးထဲကို ဆိုင်ပိတ်ချိန်ရောက်မှအမျိုးသမီးတစ်ဦးဟာအတင်းဝင်လာခဲ့ပါတယ်။အဲ့အမျိုးသမီးကိုသွားခိုင်းပေမယ့်လည်းမသွားခဲ့တဲ့အပြင် Sophieကိုလည်းကျိန်စာတိုက်ခဲ့ပါတယ်။ကျိန်စာတိုက်ပြီးနောက်မှာတော့ အဲ့အမျိုးသမီးကအဲ့ဆိုင်ကထွက်သွားပါတော့တယ်။Sophieကိုတိုက်ခဲ့တဲ့ကျိန်စာကတော့ လက်ရှိအသက်အရွယ်ကနေအသက်ရှစ်ဆယ်ကျော်အဘွားကြီးအရွယ်အဖြစ်ရောက်အောင်လုပ်လိုက်တာပါ။အဘွားကြီးပီပီ ဒူးတွေခါးတွေကလည်းထင်သလောက်မကောင်းတော့တာကြောင့် သူဒီကျိန်စာကိုပျောက်အောင်လုပ်ဖိုနည်းလမ်းရှာရပါတော့တယ်။Sophieဟာအဲ့နယ်မှာနာမည်အရမ်းကြီးတဲ့မှော်ဆရာဖြစ်တဲ့Howlဆိုတဲ့လူရှိတဲ့နေရာကိုသွားဖိုကြိုးစားပါတော့တယ်။Sophieဟာ Howlကိုရှာတွေ့ပါ့မလား..... Howlကကောဘယ်လောက်အထိအစွမ်းထက်တာလဲ.... ဟိုအမျိုးသမီးကကော ဘာကြောင့်Sophieကိုကျိန်စာတိုက်ခဲ့လဲဆိုတာတွေကတော့..... ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ....
IMDB: /10 votes
movie

Howl’s Moving Castle

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train

Stand by Me Doraemon 2
Stand by Me Doraemon 2 ဇာတ်လမ်းလေးကတော့တစ်နေ့မှာNobitaဟာသူ့အဘွားကိုယ်တိုင်လုပ်ပေးခဲ့တဲ့ လက်လုပ်ဝက်ဝံရုပ်လေးကိုပြန်တွေ့တဲ့အခါ သူ့အနေနဲ့အဘွားကိုပြန်တွေ့ချင်လာပါတော့တယ်။ အဲ့တာကြောင့်Nobitaဟာ Doraemonရဲ့အကူအညီနဲ့ အချိန်နောက်ပြန်သွားပြီး အဘွားနဲ့ပြန်တွေ့ဖို့လုပ်ကြပါတော့တယ်။ Nobitaကိုတွေ့တော့အဘွားဟာစကားတစ်ခုမှာလိုက်ပါတယ်။ "ငါ့မြေးလေးရဲ့သတို့သမီးလေးကိုတစ်ကြိမ်တစ်ခါတော့မြင်ဖူးချင်တယ်"လို့ဆိုသွားပါတယ်။ Nobitaတို့ဇာတ်လမ်းကတော့ဒီမှာစပါပြီ။သူနဲ့Doraemonတို့နှစ်ယောက်ပေါင်းပြီး အဘွားရဲ့ဆန္ဒပြည့်အောင်ဘယ်လိုတွေလုပ်ပေးကြမလဲ။ Nobitaကကော အရင်လိုအလွဲလွဲအချော်ချော်တွေဖြစ်နေတုန်းလားဆိုတာကိုတော့.....ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ File size… 1.6 GB Quality….Blueray 1080p Format…mp4 Duration…. 1h 36 min Subtitle….Myanmar Subtitle (Hardsub) Translator ….. Oke Hmue Ko & Chiaki Encoder ….. Shine Bo Bo Latt
IMDB: /10 votes
movie

Stand by Me Doraemon 2

2021
1080p BluRay