MMANIME

Report error

ဇာတ်​လမ်းအညွှန်း

~~~~~~~~~~~~~~~~~

အပင်​စားဒိုင်​နို​ဆော အ​မေက​နေ ​မွေးစားပြီး ပျိုး​ထောင်​​ပေးခဲ့တဲ့ အိမ်​​ပြေး အသားစားဒိုင်​နို​ဆော “ဟတ်​တ်​”…

လမ်းမှာ​တွေ့တဲ့ ဥက​ ​ပေါက်​ဖွားလာခဲ့တဲ့ အပင်​စားဒိုင်​နို​ဆောက​လေးကို စားဖို့ ကြံစည်​ခဲ့​ပေမဲ့ က​လေးရဲ့ “အ​ဖေ”လို့ အထင်​လွဲခြင်းကို ခံလိုက်​ရတဲ့ သူ…

က​လေးကို ကြီးလာမှစားမယ်​ဆိုတဲ့အကြံနဲ့ ​မွေးစားထား​ပေမဲ့ တစ်​စစနဲ့ သံ​ယောဇဉ်​တွယ်​လာတဲ့အခါ… 

“ဟတ်​တ်​”တစ်​​ယောက်​ အပင်​စားဒိုင်​နို​ဆော​လေးကို စားရက်​နိုင်​ပါ့မလား…

အသားစားမျိုးနွယ်​ ဒိုင်​နို​ဆောနဲ့ အပင်​စားမျိုးနွယ်​ ဒိုင်​နို​ဆော​လေးတို့အကြားက မိဘနဲ့ သားသမီး ဆက်​ဆံ​ရေးဟာ ​ရေရှည်တည်​မြဲနိုင်​ပါ့မလား….

ပင်​ကိုယ်​စရိုက်​ သဘာဝကိုက မတူညီကွဲပြားတဲ့ သူတို့မိသားစု​လေးကို ဘယ်​လိုကံကြမ္မာဆိုး​တွေက ဝင်​ရိုက်​ခတ်လာမှာလဲ…

“ဟတ်​တ်​”တစ်​​ယောက်​ သူ့ကို ​မွေးစားခဲ့တဲ့ ​အ​မေ့ဆီက ဘယ်​လိုအ​ကြောင်း​ကြောင်း​တွေ​ကြောင့်​ ထွက်​​ပြေးလာခဲ့တာလဲ…စတဲ့ အ​ကြောင်းအရာ​တွေကို ၅၂၈ဆိုတဲ့ ​မိဘ​မေတ္တာတရားရဲ့​ခေါင်းစဉ်​​အောက်​မှာ လှလှပပနဲ့ ​ပေါ့​ပေါ့ပါးပါး တင်​ဆက်​​ပေးထားတဲ့ ဇာတ်​လမ်း​လေးတစ်​ပုဒ်​ပါပဲ။

You are Umasou
No downloads available

Related movies