MMANIME

720p

Ocean Waves 6.7
Ocean Waves Ocean Waves (Myanmar Sub) ဂျပန် Animation လောကမှာ နာမည်ကြီးတဲ့ Studio Ghibli ရဲ့ 1993 နှစ်တုံးက ထွက်ရှိထားတဲ့ Ocean Waves ဆိုတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားဘဝရဲ့ အငွေ့အသက်လေးတွေနဲ့ ပြည်နှက်နေတဲ့ Drama ကားလေးတစ်ခုလဲဖြစ်ပါတယ်။ ခိုချီဆိုတဲ့ မြို့မှာနေရာယူပြီး ဇာတ်အိမ်ကို ဖန်တီထားပါတယ်။ တိုခီယို က ကောင်မလေးတစ်ယောက်ဟာ ခိုချီမြို့က ကျောင်း လေးတစ်ခုကို အလယ်တန်း နှစ်ဝက်မှာ ပြောင်းလာတာကနေစပါတော့တယ်။ ကောင်မလေးက ဂျစ်ကန်ကန် ဘုဆက်ဆက် နားလည်ရခက်တဲ့ သူမျိုး။ မြို့သူအလှ လေး ဆိုတော့ ခိုချီလို တောမြို့လေးက တောသားလေးတွေ ကြားမှာတော့ အရမ်း ပေါ်လွင်တဲ့ သူတစ်ယောက်ပေါ့။ စာကလဲ တော် အားကစားမှာလဲတော်တော့ စံပြကျောင်းသူလေးတစ်ယောက်လဲဖြစ်နေကောပေါ့။ ဒါပေမဲ့ တစ်ကျောင်းလုံးနဲ့မတည့်ပါဘူး။ မြို့သူဆိုတော့ အညာဒေသက လူတွေရဲ့ စကားပြောလေသံတွေကိုလဲနားမလည်ဘူး။ ...
6.7
IMDB: 6.7/10 10525 votes
movie

Ocean Waves

1993
720p
A Silent Voice 8.2
A Silent Voice A Silent Voice .......................... ဇာတ်လမ်းစအဖွင့်မှာ Shoyaဆိုတဲ့ကောင်လေးဟာ ကိုယ့်ကိုယ်သတ်သေဖို့လုပ်ပါတယ် ဒါပေမယ့် မလုပ်ဖြစ်တော့ပဲ သူ့ငယ်ဘဝကျောင်းသားအရွယ်ကကိစ္စတွေကိုပြန်အမှတ်ရလာပါတယ် ကျောင်းသားအရွယ်မှာ သူလုပ်ခဲ့တဲ့ကိစ္စတစ်ခုဟာ သူ့ဘဝတလျှောက်လုံးစိတ်ထဲမှာတမြေ့မြေ့နဲ့တောက်လောင်နေခဲ့တာပါ ဘာကိစ္စကိုသူလုပ်မိလဲ ဘာလို့နောင်တရလဲဆိုတာကိုကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ ကျနော့်အမြင်လေးနည်းနည်းလေးမှ‌နည်းနည်းလေးရေးပါရစေ ဒီကားကိုဘရိုKhant Soe Maungဘာသာပြန်ပြီးပြီးချင်း ကျနော်ကြည့်တော့သဘောကျမိတယ်ဗျ မန်ဂမှာလည်းနာမည်ကြီးတယ်ဘာညာကြားဖူးပေမယ့် အမှန်အတိုင်းပြောရရင်ရုပ်ရှင်ထွက်တာတောင် ဘရိုခန့်စိုးမောင်တင်မှသိတာ စကြည့်တော့လည်းသာမန်အချစ်ကားပေ့ါ တကယ်ကြည့်တော့လည်းဇာတ်လမ်းလေးကလည်းရိုးရိုးလေးပါပဲ ဒါပေမယ့် တော်တော်ကိုသဘာဝကျလွန်းနေတာလေးကိုကချစ်စရာကောင်းနေတာဗျ ဥပမာ မင်းသားကျောင်းသားအရွယ်ကလုပ်တဲ့ကိစ္စဆိုရင် ပက်ပက်စက်စက်ယုတ်မာတဲ့ကိစ္စမဟုတ်ဘူး ဒါပေမယ့်သေးလားဆိုတော့လည်းမသေးပြန် အဲ့လုပ်ရပ်အတွက်နဲ့သူ့ဘဝကတစ်ဆစ်ချိုးသလိုဖြစ်သွားတာလေးပြသွားတာကတော်တော်ကိုသဘာဝကျလွန်းတယ် ပြိးတော့ မင်းသားမျက်နှာပေါက်ကိုဆွဲထားတာ တော်တော်ကိုသဘောကျတယ် ဇာတ်ကောင်နဲ့ကွက်တိကိုဟက်မိနေတယ် ဇာတ်ကောင်ရဲ့စရိုက်သဘာဝကအစ မျက်နှာပေးမှာပေါ်နေတယ် အဲ့အချက်လေးတွေကိုတော်တော်ကိုသဘောကျမိတာဗျ ဒီကားကbox officeမှာပေါက်ကားဗျ ရုံတင်ပြီးနှစ်ပတ်အတွင်းမှာကို ဂျပန်နိုင်ငံအတွင်းမှာ ဂျပန်ယန်းနှစ်ထောင်ကျော် (ဒေါ်လာနှစ်သန်း၊ မြန်မာငွေသိန်းတစ်ထောင်ကျော်နဲ့)အဖွင့်လှခဲ့တဲ့ကားပါ နာမည်ကျော်Your Name anmimationရဲ့ဒါရိုက်တာ ရှီကာအိ မာကိုတို ကိုယ်တိုင်ကတောင် အရမ်းလန်းတဲ့ဇာတ်ကားပါ။ ဒီကားကိုအစားထိုးနိုင်မယ့်ဇာတ်လမ်းမျိုးသူတောင်မဖန်တီးနိုင်ဘူးလို့ချီးမွန်းခဲ့ပါတယ်။ ၂၆ကြိမ်မြောက်Japanese Movie Critics awardမှာ အကောင်းဆုံးဂျပန်ကားတွန်းဆုရခဲ့တဲ့အပြင်၊ ဒါရိုက်တာ ယာမာဒါ နာအိုကိုလည်းဆုရခဲ့ပါတယ် ဂျပန်အကယ်ဒမိပေးပွဲမှာ အကောင်းဆုံးကားတွန်းဆု Tokyo Anime Award Festivalမှာ တစ်နှစ်တာအကောင်းဆုံးကားတွန်းရုပ်ရှင်ဆု၊ ဇာတ်လမ်းဆု၊ ဇာတ်ညွှန်းဆု Japan media Arts Festivalမှာ Animation decision excellent award Camera Japan Festivalမှာလည်းဆုတွေအသီးသိးရခဲ့ပါတယ် ပျမ်းမျှratingက 7.6/10ရထားတဲ့အပြင် Rotten tomatoes ????မှာလည်း 94% Metacriticမှာ 78/100 IMDbမှာ 8.2/10ရထားပါတယ်   MEDIAFIRE LINK
8.2
IMDB: 8.2/10 35754 votes
movie

A Silent Voice

2016
720p