MMANIME

2013

Inazuma Eleven Go Vs. Danbourusenki
Inazuma Eleven Go Vs. Danbourusenki Inazuma Eleven Go Chrone Stone episode30အပြီးမှာထုတ်လွှင့်ပြသခဲ့တဲ့Inazuma Eleven Go vs Danball Senki movieလေးကိုဒီတစ်ပတ်မှာပူးတွဲတင်ဆက်လိုက်ပါတယ်။ ဘောလုံးကန်ခြင်းအထူးခေတ်စားသောInazuma Elevenကမ္ဘာနဲ့ LBX(Little Battlers Experience)လို့ခေါ်တဲ့စက်ရုပ်လေးတွေအသုံးပြုပြီးတိုက်ခိုက်ကြတဲ့Danball Senkiကမ္ဘာတို့လို အပြိုင်စကြဝဠာနှစ်ခုကြားက နံရံကြီးပြိုပျက်သွားတဲ့အခါမှာတော့... ဘောလုံးပွဲတစ်ပွဲမှာLBXတွေကျူးကျော်ဝင်ရောက်လာပြီး အားလုံးကိုဖျက်စီးပစ်ရင်းက လူငယ်ဘောလုံးစတားဖြစ်တဲ့ Matsukaze Tenmaနဲ့သူ့သူငယ်ချင်းတွေ အကြောင်းအရင်းကိုစုံစမ်းနေတုန်း LBXအသုံးပြုသူYamano Banနဲ့သူ့သူငယ်ချင်းတွေကိုတွေ့ခဲ့ရတယ်။သူတို့ဟာNation A(danballကမ္ဘာရဲ့အမေရိက)ကNICS(Neo International Cosmic Section)ဆိုတဲ့အဖွဲ့အစည်းကိုယ်စား LBXတွေအသုံးပြုပြီးတိုက်ပွဲဝင်နေကြသူတွေပါ။သူတို့နှစ်ဖွဲ့အချင်းချင်းသူငယ်ချင်းတွေဖြစ်သွားတဲ့အချိန်မှာတော့ ဘောလုံးရောLBXရောကိုအမြစ်ဖြတ်ဖို့ကြိုးစားနေကြတဲ့villainအဖွဲ့အစည်းတစ်ခုကိုပူးပေါင်းတိုက်ခိုက်ကြတာတွေကိုစိတ်ဝင်တစားကြည့်ရှုရမယ့် movieလေးဖြစ်ပါတယ်
IMDB: /10 votes
movie

Inazuma Eleven Go Vs. Danbourusenki

2013
Space Pirate Captain Harlock (2013) 6.4
Space Pirate Captain Harlock (2013) IMDb - 6.4/10 Rotten Tomatoes - 54% MyAnimeList - 7.4/10 ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့ လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကိုကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဟိုရှေးရှေးတုန်းကလို့ပြောရမလား လာမယ့်အနာဂတ်မှာလို့ပြောရမလား အဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမယ့်‌နယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပ‌ဲ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။ - အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ - ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ - ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ...
6.4
IMDB: 6.4/10 11,568 votes
movie

Space Pirate Captain Harlock (2013)

2013
HEVC BD 1080p 5.1