MMANIME

အင်္ဂလိပ်လိုSpirited away၊ ဂျပန်လို千と千尋の神隠し(Sen and Chihiro’s Spiriting Away)ဆိုတဲ့ ဒီဇာတ်ကားဟာ ၂၀၀၁ခုနှစ်ထုတ် ဂျပန်ကားတွန်းရုပ်ရှင်ဖြစ်ပြီး ကမ္ဘာကျော် Studio Ghibliရဲ့နာမည်အကြီးဆုံးကားတွန်းရုပ်ရှင်တွေထဲကတခုဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းဒီကားဟာ Walt Disneyကနေပြန်ထုတ်တာတို့၊ ‌Oscarရတဲ့Japan Animationကားတို့တော့သိပ်အကျယ်ချဲ့ပြောမနေတော့ဘူးဗျ
ဇာတ်လမ်းလေးပဲဆွေးနွေးကြည့်ရအောင်
ဇာတ်ကားနာမည်ဖြစ်တဲ့ spirited awayခေါ်နတ်ဖွက်ခြင်းဆိုတဲ့အတိုင်း ချိဟီရိုဆိုတဲ့ကလေးမလေးပရလောကမှာပိတ်မိနေပုံကိုပြသွားတာဗျ။ ဒီနေရာမှာပြောစရာရှိတာက မြန်မာတွေရဲ့နတ်ဖွက်တဲ့အယူအဆနဲ့လည်းနည်းနည်းကိုက်ညီမှုရှိနေတာကိုတွေ့ရတာပါ။ မြန်မာအယူဆိုရင် ညအမှောင်ပျိုးတဲ့အချိန်ကစားမက်ပြီးတူတူပုန်းတမ်းဆော့တဲ့ကလေးတွေကိုနတ်စိမ်းတွေဟာပရလောကမှာဝှက်ထားတဲ့အတွက်မိဘဆွေမျိုးတွေဆီပြန်လာလို့မရနိုင်တော့ဘူးဆိုတဲ့အယူမျိုးပါ။ ဒီကားမှာလည်း မင်းသမီးတို့တွေပရလောကထဲကိုမထင်မှတ်ပဲရောက်သွားတယ်။ ညလည်းမှောင်ရော ပရလောကသာသတွေရောက်လာတဲ့အပြင် ထွက်ပေါက်ရှိတဲ့နေရာကိုရေပြင်ကြီးကတားဆီးထားလို့လူ့ပြည်ပြန်လာလို့မရတော့ဘူးဆိုပြီးပြသွားတယ်။ မြန်မာအယူမှာလည်း နတ်ဖွက်ခံရတဲ့ကလေးတွေကိုပရလောကသားတွေဟာနှိပ်စက်ညှင်းပန်းခိုင်းစေတာမျိုးရှိသလိုပဲ ဒီကားမှာလည်း အလုပ်မလုပ်ရင်တခုခုဖြစ်မယ်ဆိုပြီးဇာတ်လမ်းလေးဆင်ထားတာကိုလည်းတွေ့မိပြန်ပါတယ်။ တခုဆန်းတာကတော့ မြန်မာအယူမှာနတ်ဖွက်ခံရတဲ့ကလေးဟာ ပြန်ရောက်လာရင်ပရလောကမှာနေခဲ့တဲ့အကြောင်းကိုတစိုးတစိမှာမမှတ်မိဘူးဆိုပေမယ့် ဒီကားမှာတော့ မင်းသမီးအဖေနဲ့အမေပဲ မမှတ်မိတာ မင်းသမိးကတော့အကုန်မှတ်မိနေခဲ့ပါတယ်။အဲ့လိုကြားဖူးနားဝယုံတမ်းစကားတွေပါနေတဲ့ဒီကားကိုငယ်ငယ်ကကြည့်တုန်းကဆိုရင်အသေကြောက်တာဗျ။

နောက်ပြီးတော့ဒီကားကိုကြည့်ပြီး နတ်ဖွက်ခံရတာကိုဘာလို့ရေချိုးအိမ်မှာအလုပ်လုပ်ရလဲဆိုပြီးတွေးမိကြမယ်ထင်ပါတယ်။ အဲ့ဒါက ဂျပန်ရိုးရာကိုထည့်ပြထားတာဗျ။ မြန်မာမှာဆိုရင်နတ်တွေကိုပင့်ဖိတ်ပြီးအစားအသောက်ပူဇော်သလို ဂျပန်ရဲ့တချို့နေရာတွေမှာလည်း နတ်တွေကိုရေမိုးချိုးတာလုပ်ဖို့ပင့်ဖိတ်တာမျိုးရှိတယ်‌ဗျ။အဲ့ဒါကြောင့်ရေချိုးအိမ်ကိုအသားပေးထည့်ရိုက်ထားတာပါတဲ့။ ပြီးတော့ မြစ်စောင့်နတ်ညစ်ပတ်နေတဲ့အခန်းတို့၊ ဟခုဆိုတဲ့မြစ်ဟာ အဆောက်အဦးတွေဆောက်လို့ပျောက်ပျယ်သွားတာတွေကိုထည့်သွင်းထားတာက တွေပျက်ဆီးကုန်တာကိုပြချင်လို့ဆိုပြီးတော့လည်း ပရိသတ်တချို့သုံးသပ်‌တာတွေရှိပါတယ်။

ဒီကားအကြောင်းလည်းပြောချင်တာတွေလျှောက်ပြောပြီးပြီဆိုတော့ratingလေးတွေတချက်ကြည့်လိုက်ရအောင်
IMDb 8.6/10
Rotten Tomatoes 97%
Metacritic 96/100ရထားပါတယ်

Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
Spirited Away
No downloads available

Related movies