MMANIME

Haruka Tomatsu

I’ve Always Liked You 7.5
I’ve Always Liked You I've Always Liked You ဆိုတဲ့ Anime ဇာတ်ကား လေးဟာလူငယ်အချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဒါရိုက်တာ Tetsuya Yanagisawa ကရိုက်ကူးပြီး Qualia Animation Studio မှဖန်တီးပေးထားတာဖြစ်ပါတယ်   Opening Song မှကတည်းက လိုရာဆန္ဒပြည့်မည်ဆိုတခြားသူအားလုံးပျော်ရွှင်စေဖို့ဆုတောင်းလိုက်မယ် မင်းလေးပျော်ရွှင်ဖို့ကိုတော့ငါကိုယ်တိုင်ကြိုးစားမယ် ဆိုတဲ့စာသားလေးနဲ့ဆွဲဆောင်သွားတဲ့ I've Always Liked You ဇာတ်ကားလေးဟာ Koyuki Ayase ၊ Hina Setoguchi ၊ Haruki Serizawa တို့ကြားကအချစ်ဇာတ်လမ်းကိုဖော်ကျူးထားတာဖြစ်ပါတယ်   ကျောင်းမှာအမှတ်မထင်တွေ့ဆုံခဲ့ရတဲ့စီနီယာ Koyuki Ayase ကိုတစ်ဖက်သတ်ချစ်မိသွားခဲ့တဲ့ကောင်မလေး Hina Setoguchi   Hina Setoguchi ဆိုတဲ့ကောင်မလေးကိုငယ်ငယ်ကတည်းကချစ်လာခဲ့ရပေမယ့်အထက်တန်းရောက်တဲ့အထိတိုင်ဖွင့်မပြောဘဲမျိုသိပ်နေခဲ့ရတဲ့တစ်ဖက်သတ်အချစ်နဲ့ကောင်လေး Haruki Serizawa   သူတို့တွေအထက်တန်းအောင်ပြီးချိန်မှာတော့စီနီယာကိုချစ်နေတဲ့ကောင်မလေး Hina ဟာ Koyuki တက်တဲ့တက္ကသိုလ်ကိုပဲလိုက်တက်ခဲ့ပြီး Hina ကိုတစ်ဖက်သတ်ချစ်နေတဲ့ကောင်လေး Haruki လဲ Hina နောက်လိုက်ခဲ့တဲ့အခါမှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကဘယ်လိုအဆုံးသတ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ် #LCAM
7.5
IMDB: 7.5/10 80 votes
movie

I’ve Always Liked You