MMANIME

Miyu Irino

The Garden of Words 7.5/10
The Garden of Words ငြင်သာတဲ့မိုးခြိမ်းသံနဲ့ ညို့မှိုင်းမှိုင်းကောင်းကင်ကြီးဆီက မိုးတွေများရွာချလာခဲ့ရင် မင်းငါ့ဘေးမှာ ရှိနေဦးမှာလား ဒီတခါမှာတော့ မိုးရွာရင်ဘသူ့ကိုလွမ်းမှန်းမသိဖြစ်တတ်တဲ့လူတွေအတွက်ရော အfeel တလိုင်းလေးကိုကြည့်ချင်တဲ့လူတွေအတွက်ပါ အဆင်ပြေစေမယ့် တော်တော်များများလည်း ကြည့်ဖူးပြီးဖြစ်မယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းအကျဉ်းလေးကိုတော့ မကြည့်ရသေးတဲ့လူတွေအတွက် ရည်ရွယ်ပီးရေးပေးလိုက်ပါတယ်ဗျ -မိုးရွာတဲ့မနက်ခင်းတွေမှာ Shoes makerဖြစ်ချင်တဲ့ Takao Akizuki ဆိုတဲ့အထက်တန်းကျောင်းသားတ​ယောက်က မိုးရွာတဲ့ရက်တွေမှာပန်းခြံထဲကိုသွားတတ်ပီး ဘီယာနဲ့ချောကလက်ကိုဘဲသောက်တတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လျှို့​ဝှက်တတ်တဲ့သူမနဲ့ စကားတွေပြောရင်း အချိန်တွေကြာတဲ့အခါမှာ သံယောဇဉ်တွယ်မိသွားတယ် ။ နောက်ပိုင်းမှာ သူမရဲ့ ဘဝမှန်ကို သိသွားတဲ့အခါမှာတော့ ခံစားချက်ကိုဘဲရှေ့တန်းတင်ပီးဇွတ်တိုးမလား သူချစ်တဲ့သူမအတွက်ဘဲနောက်ဆုတ်ပေးမလားဆိုတာကို ကြည့်ရှု ရမာဖြစ်ပါတယ် ။ like and shareလေးနဲ့အားပေးကြပါဦး Translated by Thatoe Encoded by Swam Yi ငြင်သာတဲ့မိုးခြိမ်းသံနဲ့ ညို့မှိုင်းမှိုင်းကောင်းကင်ကြီးဆီက မိုးတွေများရွာချလာခဲ့ရင် မင်းငါ့ဘေးမှာ ရှိနေဦးမှာလား ဒီတခါမှာတော့ မိုးရွာရင်ဘသူ့ကိုလွမ်းမှန်းမသိဖြစ်တတ်တဲ့လူတွေအတွက်ရော အfeel တလိုင်းလေးကိုကြည့်ချင်တဲ့လူတွေအတွက်ပါ အဆင်ပြေစေမယ့် တော်တော်များများလည်း ကြည့်ဖူးပြီးဖြစ်မယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းအကျဉ်းလေးကိုတော့ မကြည့်ရသေးတဲ့လူတွေအတွက် ရည်ရွယ်ပီးရေးပေးလိုက်ပါတယ်ဗျ -မိုးရွာတဲ့မနက်ခင်းတွေမှာ Shoes makerဖြစ်ချင်တဲ့ Takao ...
7.5/10
IMDB: 7.5/10/10 7.5/10 votes
movie

The Garden of Words

Spirited Away
Spirited Away အင်္ဂလိပ်လိုSpirited away၊ ဂျပန်လို千と千尋の神隠し(Sen and Chihiro's Spiriting Away)ဆိုတဲ့ ဒီဇာတ်ကားဟာ ၂၀၀၁ခုနှစ်ထုတ် ဂျပန်ကားတွန်းရုပ်ရှင်ဖြစ်ပြီး ကမ္ဘာကျော် Studio Ghibliရဲ့နာမည်အကြီးဆုံးကားတွန်းရုပ်ရှင်တွေထဲကတခုဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းဒီကားဟာ Walt Disneyကနေပြန်ထုတ်တာတို့၊ ‌Oscarရတဲ့Japan Animationကားတို့တော့သိပ်အကျယ်ချဲ့ပြောမနေတော့ဘူးဗျ ဇာတ်လမ်းလေးပဲဆွေးနွေးကြည့်ရအောင် ဇာတ်ကားနာမည်ဖြစ်တဲ့ spirited awayခေါ်နတ်ဖွက်ခြင်းဆိုတဲ့အတိုင်း ချိဟီရိုဆိုတဲ့ကလေးမလေးပရလောကမှာပိတ်မိနေပုံကိုပြသွားတာဗျ။ ဒီနေရာမှာပြောစရာရှိတာက မြန်မာတွေရဲ့နတ်ဖွက်တဲ့အယူအဆနဲ့လည်းနည်းနည်းကိုက်ညီမှုရှိနေတာကိုတွေ့ရတာပါ။ မြန်မာအယူဆိုရင် ညအမှောင်ပျိုးတဲ့အချိန်ကစားမက်ပြီးတူတူပုန်းတမ်းဆော့တဲ့ကလေးတွေကိုနတ်စိမ်းတွေဟာပရလောကမှာဝှက်ထားတဲ့အတွက်မိဘဆွေမျိုးတွေဆီပြန်လာလို့မရနိုင်တော့ဘူးဆိုတဲ့အယူမျိုးပါ။ ဒီကားမှာလည်း မင်းသမီးတို့တွေပရလောကထဲကိုမထင်မှတ်ပဲရောက်သွားတယ်။ ညလည်းမှောင်ရော ပရလောကသာသတွေရောက်လာတဲ့အပြင် ထွက်ပေါက်ရှိတဲ့နေရာကိုရေပြင်ကြီးကတားဆီးထားလို့လူ့ပြည်ပြန်လာလို့မရတော့ဘူးဆိုပြီးပြသွားတယ်။ မြန်မာအယူမှာလည်း နတ်ဖွက်ခံရတဲ့ကလေးတွေကိုပရလောကသားတွေဟာနှိပ်စက်ညှင်းပန်းခိုင်းစေတာမျိုးရှိသလိုပဲ ဒီကားမှာလည်း အလုပ်မလုပ်ရင်တခုခုဖြစ်မယ်ဆိုပြီးဇာတ်လမ်းလေးဆင်ထားတာကိုလည်းတွေ့မိပြန်ပါတယ်။ တခုဆန်းတာကတော့ မြန်မာအယူမှာနတ်ဖွက်ခံရတဲ့ကလေးဟာ ပြန်ရောက်လာရင်ပရလောကမှာနေခဲ့တဲ့အကြောင်းကိုတစိုးတစိမှာမမှတ်မိဘူးဆိုပေမယ့် ဒီကားမှာတော့ မင်းသမီးအဖေနဲ့အမေပဲ မမှတ်မိတာ မင်းသမိးကတော့အကုန်မှတ်မိနေခဲ့ပါတယ်။အဲ့လိုကြားဖူးနားဝယုံတမ်းစကားတွေပါနေတဲ့ဒီကားကိုငယ်ငယ်ကကြည့်တုန်းကဆိုရင်အသေကြောက်တာဗျ။ နောက်ပြီးတော့ဒီကားကိုကြည့်ပြီး နတ်ဖွက်ခံရတာကိုဘာလို့ရေချိုးအိမ်မှာအလုပ်လုပ်ရလဲဆိုပြီးတွေးမိကြမယ်ထင်ပါတယ်။ အဲ့ဒါက ဂျပန်ရိုးရာကိုထည့်ပြထားတာဗျ။ မြန်မာမှာဆိုရင်နတ်တွေကိုပင့်ဖိတ်ပြီးအစားအသောက်ပူဇော်သလို ဂျပန်ရဲ့တချို့နေရာတွေမှာလည်း နတ်တွေကိုရေမိုးချိုးတာလုပ်ဖို့ပင့်ဖိတ်တာမျိုးရှိတယ်‌ဗျ။အဲ့ဒါကြောင့်ရေချိုးအိမ်ကိုအသားပေးထည့်ရိုက်ထားတာပါတဲ့။ ပြီးတော့ မြစ်စောင့်နတ်ညစ်ပတ်နေတဲ့အခန်းတို့၊ ဟခုဆိုတဲ့မြစ်ဟာ အဆောက်အဦးတွေဆောက်လို့ပျောက်ပျယ်သွားတာတွေကိုထည့်သွင်းထားတာက တွေပျက်ဆီးကုန်တာကိုပြချင်လို့ဆိုပြီးတော့လည်း ပရိသတ်တချို့သုံးသပ်‌တာတွေရှိပါတယ်။ ဒီကားအကြောင်းလည်းပြောချင်တာတွေလျှောက်ပြောပြီးပြီဆိုတော့ratingလေးတွေတချက်ကြည့်လိုက်ရအောင် IMDb 8.6/10 Rotten Tomatoes 97% Metacritic 96/100ရထားပါတယ်
IMDB: /10 votes
movie

Spirited Away

A Silent Voice 8.2
A Silent Voice A Silent Voice .......................... ဇာတ်လမ်းစအဖွင့်မှာ Shoyaဆိုတဲ့ကောင်လေးဟာ ကိုယ့်ကိုယ်သတ်သေဖို့လုပ်ပါတယ် ဒါပေမယ့် မလုပ်ဖြစ်တော့ပဲ သူ့ငယ်ဘဝကျောင်းသားအရွယ်ကကိစ္စတွေကိုပြန်အမှတ်ရလာပါတယ် ကျောင်းသားအရွယ်မှာ သူလုပ်ခဲ့တဲ့ကိစ္စတစ်ခုဟာ သူ့ဘဝတလျှောက်လုံးစိတ်ထဲမှာတမြေ့မြေ့နဲ့တောက်လောင်နေခဲ့တာပါ ဘာကိစ္စကိုသူလုပ်မိလဲ ဘာလို့နောင်တရလဲဆိုတာကိုကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ ကျနော့်အမြင်လေးနည်းနည်းလေးမှ‌နည်းနည်းလေးရေးပါရစေ ဒီကားကိုဘရိုKhant Soe Maungဘာသာပြန်ပြီးပြီးချင်း ကျနော်ကြည့်တော့သဘောကျမိတယ်ဗျ မန်ဂမှာလည်းနာမည်ကြီးတယ်ဘာညာကြားဖူးပေမယ့် အမှန်အတိုင်းပြောရရင်ရုပ်ရှင်ထွက်တာတောင် ဘရိုခန့်စိုးမောင်တင်မှသိတာ စကြည့်တော့လည်းသာမန်အချစ်ကားပေ့ါ တကယ်ကြည့်တော့လည်းဇာတ်လမ်းလေးကလည်းရိုးရိုးလေးပါပဲ ဒါပေမယ့် တော်တော်ကိုသဘာဝကျလွန်းနေတာလေးကိုကချစ်စရာကောင်းနေတာဗျ ဥပမာ မင်းသားကျောင်းသားအရွယ်ကလုပ်တဲ့ကိစ္စဆိုရင် ပက်ပက်စက်စက်ယုတ်မာတဲ့ကိစ္စမဟုတ်ဘူး ဒါပေမယ့်သေးလားဆိုတော့လည်းမသေးပြန် အဲ့လုပ်ရပ်အတွက်နဲ့သူ့ဘဝကတစ်ဆစ်ချိုးသလိုဖြစ်သွားတာလေးပြသွားတာကတော်တော်ကိုသဘာဝကျလွန်းတယ် ပြိးတော့ မင်းသားမျက်နှာပေါက်ကိုဆွဲထားတာ တော်တော်ကိုသဘောကျတယ် ဇာတ်ကောင်နဲ့ကွက်တိကိုဟက်မိနေတယ် ဇာတ်ကောင်ရဲ့စရိုက်သဘာဝကအစ မျက်နှာပေးမှာပေါ်နေတယ် အဲ့အချက်လေးတွေကိုတော်တော်ကိုသဘောကျမိတာဗျ ဒီကားကbox officeမှာပေါက်ကားဗျ ရုံတင်ပြီးနှစ်ပတ်အတွင်းမှာကို ဂျပန်နိုင်ငံအတွင်းမှာ ဂျပန်ယန်းနှစ်ထောင်ကျော် (ဒေါ်လာနှစ်သန်း၊ မြန်မာငွေသိန်းတစ်ထောင်ကျော်နဲ့)အဖွင့်လှခဲ့တဲ့ကားပါ နာမည်ကျော်Your Name anmimationရဲ့ဒါရိုက်တာ ရှီကာအိ မာကိုတို ကိုယ်တိုင်ကတောင် အရမ်းလန်းတဲ့ဇာတ်ကားပါ။ ဒီကားကိုအစားထိုးနိုင်မယ့်ဇာတ်လမ်းမျိုးသူတောင်မဖန်တီးနိုင်ဘူးလို့ချီးမွန်းခဲ့ပါတယ်။ ၂၆ကြိမ်မြောက်Japanese Movie Critics awardမှာ အကောင်းဆုံးဂျပန်ကားတွန်းဆုရခဲ့တဲ့အပြင်၊ ဒါရိုက်တာ ယာမာဒါ နာအိုကိုလည်းဆုရခဲ့ပါတယ် ဂျပန်အကယ်ဒမိပေးပွဲမှာ အကောင်းဆုံးကားတွန်းဆု Tokyo Anime Award Festivalမှာ တစ်နှစ်တာအကောင်းဆုံးကားတွန်းရုပ်ရှင်ဆု၊ ဇာတ်လမ်းဆု၊ ဇာတ်ညွှန်းဆု Japan media Arts Festivalမှာ Animation decision excellent award Camera Japan Festivalမှာလည်းဆုတွေအသီးသိးရခဲ့ပါတယ် ပျမ်းမျှratingက 7.6/10ရထားတဲ့အပြင် Rotten tomatoes ????မှာလည်း 94% Metacriticမှာ 78/100 IMDbမှာ 8.2/10ရထားပါတယ်   MEDIAFIRE LINK
8.2
IMDB: 8.2/10 35754 votes
movie

A Silent Voice

2016
720p