MMANIME

The Boy and the Beast (Bakemono no ko)

Bakemono no ko    

13 1 hr. 59 min ActionAdventureAnimation

7.7
IMDB: 7.7/10 18820 votes

Japan

Report error

ဒီ Anime လေးကဆိုရင် ဆရာတပည့်နှစ်‌ယောက်ရဲ့ ဆက်ဆံ‌ရေးကိုအဓိကပုံဖေါ်ထားတဲ့ Movie လေးဘဲဖြစ်ပါတယ်

ဘာထူးခြားသွားတာလဲ ဆိုတော့ ဆရာက ဝက်ဝံဖြစ်ပြီး တပည့်ကလူသားဖြစ်နေတာပါဘဲ

နောက်ထပ်ထူးခြားတာက  ဒီ Anime ထဲမှာလူသားကမ္ဘာရယ် သားရဲတွေနေတဲ့ကမ္ဘာဆိုပြီး ကမ္ဘာနှစ်ခုတည်ရှိနေတာဘဲဖြစ်တယ်

ဇာတ်လမ်းကို Intro ဝင်ရမယ်ဆိုရင် ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် လူသားလေးက ရုတ်တရတ် သူ့အမေကိုဆုံးရှုံးလိုက်ရတဲ့အဖြစ်အပျက်မျိုးကနေစတယ်

သူ့အဖေ နဲ့ အမေ ကလည်းကွာရှင်းထားခဲ့တာကြာပါပြီ သူ့အဖေကလည်းကွာရှင်းပြီးကတည်းက‌ြေခရာဖျောက်နေခဲ့ပါတယ်

ဒီလိုနဲ့ကောင်လေးကို အမျိုးတွေကလာခေါ်ခဲ့ပါတယ် ဂျစ်ကန်ကန်နိုင်တဲ့ကောင်လေးကသူ့အမျိုးတွေခေါ်တာကိုလိုက်မသွားဘဲထွက်ပြေးသွားခဲ့တယ်

ဒီလိုနဲ့လမ်းကြားထဲမှာတစ်ယောက်ထဲငိုင်နေတုန်း လူကြီးနှစ်ယောက်စကားတပြောပြောနဲ့ သူ့နားရောက်လာခဲ့တယ်

ရုတ်တရတ်ကောင်လေးရဲ့ မျက်နှာကို လူကြီးတစ်ယောက်ကဆတ်ခနဲဆွဲကြည့်လိုက်ရင်းနဲ့ ကောင်လေးလည်းရုတ်တရတ်မို့နည်းနည်းလန့်သွားတယ်

နောက်မှသူသိလိုက်တာက သူ့ကိုကြည့်နေတာလူမဟုတ်ဘဲ လူလိုရပ်နေတဲ့ဝက်ဝံကြီးမှန်းသိလိုက်ရပါတယ်

ဝက်ဝံသားရဲကြီးကသူ့ဆီမှတပည့်လုပ်ချင်လားဆိုပြီးမဆီမဆိုင်မေးလာခဲ့ပါတယ် 

ကောင်လေးလည်းကြောင်တောင်တောင်နဲ့ကြည့်နေတဲ့အချိန်မှာ ဝက်ဝံကြီးနဲ့ သူ့သူငယ်ချင်းကမြင်ကွင်းကနေထွက်သွားကြပါပြီ

ဝက်ဝံကြီးနဲ့ ကောင်လေး ဘယ်လိုမျိုးဆရာတပည့်ဖြစ်လာကြမလဲဆိုတာကိုတော့ Movie‌ လေးကိုဆက်ကြည့်လိုက်ကြပေါ့ဗျာ…

Translated and Encoded by Kichiro

The Boy and the Beast (Bakemono no ko)
The Boy and the Beast (Bakemono no ko)
The Boy and the Beast (Bakemono no ko)
  • Download Links Server Audio / Language Quality
No downloads available

Related movies