MMANIME

Akira Kamiya

Warlords of Sigrdrifa 6.0
Warlords of Sigrdrifa $#M712006ScriptRootC1135055 {min-height: 300px;}$ လူသားတွေနေထိုင်တဲ့ကမ္ဘာပေါ်ကို ဘယ်ကမှန်းမသိတဲ့တိုင်ကြီးတွေ ရုတ်တရက်ပေါ်လာခဲ့ပြီး တောင်တွေကိုဖျက်ဆီး အသက်အိုးအိမ်တွေကိုထိပါးလာခဲ့တယ် တိုက်ခိုက်ရေးယဉ်တွေနဲ့လဲ တိုက်မရ နျူကလီးယားဗုံးနဲ့တောင် အရာတစက်မထင်တဲ့ တိုင်ကြီးတွေကို တိုက်ခိုက်ဖို့ အာဏာပိုင်တွေ ခေါင်းခဲနေတဲ့အချိန်မှာ Odin လို့ခေါ်တဲ့နတ်ဘုရားတစ်ပါးက လူသားတွေကို ကူညီဖို့ရောက်လာခဲ့တယ် လူတွေကို ကူညီပြီးကယ်တင်ဖို့ သူ့သမီးဖြစ်တဲ့ Valkyrie ဆိုတဲ့ ကောင်မလေးတယောက်ကို စေလွှတ်ပေးခဲ့ပြီး နောက်နှစ်အနည်းငယ်အကြာမှာပဲ လူတွေနဲ့ တိုင်ကြီးတွေရဲ့ စစ်ပွဲတွေက တဖြည်းဖြည်းပိုပြင်းထန်လာခဲ့တယ် Walkures လို့ခေါ်တဲ့ စစ်နတ်ဘုရားမ ချောချောလေး ၃ယောက်(ချောချောလေးနော်)က ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက်ဦးဆောင်ပြီးတိုက်ခိုက်နေတဲ့အခါ Walkures ဆိုတာကဘယ်သူတွေလဲ? Walkures လေးတွေနဲ့ လူသားတွေရော အဲ့တိုင်ကြီးတွေကိုတိုက်ခိုက်ပြီး အနိုင်ရမှာလား ဘာဆက်ဖြစ်မှာလဲ? Odin ဆိုတဲ့နတ်ဘုရားကရောလူသားတွေကို ဘာလို့ကူညီတာလဲ? လူတွေကိုတိုက်ခိုက်နေတဲ့ တိုင်ကြီးတွေကရော ဘယ်လိုပေါ်လာတာလဲ?   [Episode 1] [Episode 2] [Episode 3] [Episode 4] [Episode 5] [Episode 6] [Episode 7] [Episode 8] [Episode 9] [Episode 10] [Episode 11] [Episode 12]   $#M712006ScriptRootC1135054 {min-height: 300px;}$
6.0
TMDb: 6.0/10 votes
tv

Warlords of Sigrdrifa

2020
Detective Conan 6.4
Detective Conan IMDb 8.4/10 လက်ပဲဖြစ်ဖြစ်၊ ဆံချည်မျှင်လေးတချောင်းကိုပဲဖြစ်ဖြစ် ကြည့်ရုံနဲ့အမှုဖြေရှင်းနိုင်တဲ့အထက်တန်းကျောင်းသားလေးရှင်အင်းချီတစ်ယောက် အမဲရောင်ဝတ်စုံဝတ်လူတွေနဲ့ပတ်သတ်ပြီးစပ်စုမိရာမှ လူဆိုးတွေဖမ်းတာခံရပြီးအဆိပ်ကျွေးခံရပါတယ်။ ဒါပေမယ့် ကံကောင်းချင်တဲ့အဆိပ်ဟာစမ်းသပ်ဆဲဆေးဖြစ်နေတော့မသေပဲ ကံဆိုးချင်တော့ကလေးအရွယ်ခန္ဓာကိုယ်ကျုံ့သွားကာ စုံထောက်လေးမောင်နန်ဆိုတဲ့နာမည်ကျော်စီးရီးကြီးပေါ်ထွက်လာပါတော့တယ်။ ဒီစီးရိးကိုကြိုက်မိတာတွေရှိတယ်ဗျ အမှုတော်တော်များများဟာ တကယ်ကိုဦးနှောက်ခြောက်ဖွယ်ရာတွေဖြစ်ပြီးတော့ ဖြေရှင်းပြပုံ၊သုံးသပ်ပြပုံတွေကလည်းတော်တော်ကိုအထာကျပါတယ် ပြီးတော့ကလေးတွေအတွက်လည်း စည်းကမ်းလိုက်နာမှု၊စကားပြောယဉ်ကျေးအောင်သင်ကြားမှု၊အထွေထွေ‌ဗဟုသုတတွေပါထည့်ထားလို့ ဂျပန်အစိုးရပိုင်းကပါအားပေးတယ်လို့ကောလဟာလထွက်ခဲ့တာတွလည်းရှိတယ်ဗျ 1996ထဲကထွက်ရှိခဲ့တဲ့ဒီanimeလေးဟာအခုဆိုရင်နှစ်ပေါင်း၂၅နှစ်တောင်ပြည့်တော့မှာပါ ဒီAnimeကိုကျနော်ကတော့ immortalစီးရီးလို့နာမည်ပေးချင်ပါတယ် Animeထဲမှာမောင်နန်လေးဖြေရှင်းခဲ့တဲ့အမှုတွေ၊ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေကိုယထျာဘူယျကျကျတွက်ကြည့်မယ်ဆိုရင်တောင် မောင်နန်လေးဟာ ဖြေဆေးမရလို့ပြန်မကြီးရင်တောင် အသက်လေးဆယ်လောက်တောင်ဖြစ်သင့်နေပြီဗျ 😂 မောင်နန်လေးတင်မကဘူး တခြားဇာတ်ကောင်တွေလည်းအသက်ကဆက်ကိုကြီးမလာပဲတန့်နေလို့ immortalစီးရီးလို့ပြောချင်တာပါ 😁 လောလောဆယ်ကျနော့်ဆီမှာsoftsubကို ရာသီငါးခုစာရထားလို့အများဆုံးရာသီငါးခုစာတော့တင်ပေးနိုင်ဖို့များပါတယ် ကြားရာသီတွေကဘယ်လိုမှစုမရလို့လုပ်ဖြစ်မဖြစ်မပြောတတ်သေးပါ လောလောဆယ်တော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ Translated by DrNyan Encoded by Detective CoNyan‎ SEASON 1 EPISODE 1 - G Drive / Mediafire / OneDrive  EPISODE 2 - G Drive / Mediafire / OneDrive EPISODE 3 - G Drive / Mediafire / OneDrive  EPISODE 4 - G Drive / Mediafire / OneDrive  EPISODE 5 - ...
6.4
TMDb: 6.4/10 171 votes
tv

Detective Conan

1996
The Millionaire Detective — Balance: UNLIMITED 8
The Millionaire Detective — Balance: UNLIMITED ဒီanimeရဲ့ဇာတ်လမ်းကိုစပြီး အခြေပြုထားတာက ရဲမှုခင်းတွေကနေပေါ့။ ဒီထဲမှာတချို့ရဲတွေဟာ တရားမျှတမှုအတွက်ဆိုရင် ငွေမရရုံကလို့ ဘာပဲဖြစ်နေဖြစ်နေ အသက်ကိုစွန့်ပြီး တိုက်ပွဲဝင်ပေးမယ့်သူတွေပါ။ တချို့သောရဲတွေကတော့ တရားမျှတမှုဆိုတာ ပါးစပ်ကနေထွက်ပြီး လေထဲမှာပျောက်သွားတဲ့အချိန် လောက်တောင်ကြာရှည်မခံဘူးတဲ့။ ဘဝမှာ တရားမျှတမှုထက်အရေးကြီးတာက ငွေ ဘက်လိုက်မှု စသဖြင့်ပေါ့။ငွေရရင်ပြီးကော တရားမျှတတ မမျှတတ ဂရုမစိုက်တဲ့ရဲတွေ လို့ဆိုရမှာပေါ့။ အဲ့ဒီမှာမှအဓိကmain characterတစ်ယောက်ဖြစ်တဲ့ သာမန်စုံစမ်းထောက်လှမ်းရေးအဆင့်သာရှိတဲ့ Haru Kato ပါ။ သူ့ရဲ့အဆင့်က သာမန်စုံထောက်တစ်ယောက်ဖြစ်နေရခြင်းကတော့ သူဟာ တစ်ချိန်ကပထမတန်းစားစုံထောက် တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ခံယူချက်တွေနဲ့ကွဲလွဲမှုကြောင့် သူ့ကိုရာထူးကနေလျှော့ချလိုက်တာပါ။ စုံထောက် Haru Kato ရဲ့ခံယူချက်ကတော့ နေရာတိုင်းမှာတရားမျှတမှုနဲ့စည်းကမ်းဆိုတာရှိရမယ် တရားမျှတမှုမရှိပဲ စည်းကမ်းကိုဖောက်ဖျက်တဲ့သူဟာ ဥပဒေကချမှတ်ထားတဲ့ အပြစ်အလျောက် ပြန်ပေးဆပ်ရပါမယ် ဆိုတဲ့စုံထောက်တစ်ယောက်ပါ။ နောက်ထပ်main characterတစ်ယောက်ကတော့ စုံထောက် Daisuke Kambe ပါ။ သူကတော့ခုနကစုံထောက် Haru Kato နဲ့လုံးဝကို ဆန့်ကျင်ဘက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့်ဆန့်ကျင်ဘက်လို့ပြောပေမယ့် တချို့ရဲတွေလိုငွေမက်တဲ့သူမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာရေလိုလေလိုအပေါဆုံးက ငွေဖြစ်နေလို့ပါပဲ။ အရာရာကိုငွေနဲ့ဖြေရှင်းတယ်။ ငွေရှိရင်အားလုံးပြီးတယ် လို့ခံယူထားတဲ့တစ်ယောက်။မှုခင်းတစ်ခုကိုသူလိုက်ပြီဆိုရင် ပြည်သူ အရပ်သား ရဲ စုံထောက် ဘယ်သူ့ကိုမှ သူထည့်မတွက်ပါဘူး။သူရဲ့အရေးကြီးတဲ့အဓိကဦးတည်ချက် ဖြစ်တဲ့ မှုခင်းထဲကရာဇဝတ်ကောင်ကိုပဲအသေအကြေ လိုက်ပါတယ်။ဖြစ်လာသမျှအကျိုးဆက်နဲ့နစ်နာကြေးအားလုံး ကိုငွေနဲ့ပေါက်ပြီးဖြေရှင်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒီမှာဇာတ်လမ်းကစပါပြီ။ တရားမျှတမှုကိုမြတ်နိုးတယ်။ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူးလို့ခံယူထားတဲ့ စုံထောက် Haru Kato ဟာ အရာရာကိုပေါ့ပေါ့တန်တန်နဲ့ ဘယ်ကိစ္စမဆို ငွေနဲ့ပေါက်ပြီးဖြေရှင်းနေတဲ့ စုံထောက်Daisuke Kambeကိုဘယ်လိုမှကြည့်လို့မရပါဘူး။ ဖြစ်ချင်တော့သူတို့နှစ်ယောက်ဟာ ရာထူးတစ်ခုထဲမှာနှစ်ယောက်အတူတူတွဲလုပ်ရမှာပါ။ အရာရာမှာဆန့်ကျင်ဘက်ဖြစ်နေတဲ့သူတို့နှစ်ယောက် ခက်ခဲကြမ်းတမ်းတဲ့အမှုတွဲတွေကိုဘယ်လိုဖြေရှင်းကြမလဲ။ မျဉ်းပြိုင်နှစ်ကြောင်းကတစ်နေရာရာမှာဆုံမှတ်ရှိနိုင်ပါ့မလား...   Translated by Kan San Encoded by Shine Bo Bo Latt   Season [1]   Episode 1 [1080p] Yandex / Gdrive / Racaty / ...
8
TMDb: 8/10 1 votes
tv

The Millionaire Detective — Balance: UNLIMITED

2020