MMANIME

Daisuke Sakaguchi

Mononoke 8
Mononoke $#M712006ScriptRootC1135055 {min-height: 300px;}$ Toei Animation ကနေဖန်တီးထားတဲ့လက်ရာဖြစ်တာကြောင့် သေချာပေါက်ကောင်းတဲ့ Anime ဇာတ်လမ်းတွဲလေးတစ်ကားဖြစ်မှာသေချာပါတယ် Mononoke ဆိုတဲ့ကားလေးကိုတကယ့်နာမည်အတိုင်း Anime လောကထဲကငုပ်လျိုးနေတဲ့ အဖိုးတန်ကျောက်မျက်ရတနာအဖြစ်ကြည့်ပြီးပြီဆိုရင်တော့ယူဆမိလောက်ပါတယ် အသက်ရှူမှားလောက်တဲ့မြင်ကွင်းတွေ,ရှုပ်ထွေးတဲ့ဇာတ်အလှည့်အပြောင်းနဲ့ကာရိုက်တာတွေ, ဇာတ်လမ်းထဲကစိတ်ဝင်စားစရာကောင်းတဲ့နောက်ခံမြင်ကွင်း ချောက်ချားဖွယ်ဇာတ်လမ်းမျိုးကိုမှဆန်းသစ်ထားတာတွေ, အရောင်အသွေးစုံလင်တောက်ပစွာရောယှက်ဖန်တီးထားတဲ့လက်ရာတွေကို ဒီ Anime ဇာတ်လမ်းတွဲလေးမှာရှူစားရမှာဖြစ်ပါတယ် Mononoke ဆိုတဲ့ကားလေးဟာ Kusuriuri လို့အမည်ရပြီး ဂမ္ဘီရပညာမှာကျွမ်းကျင်တဲ့ထူးထူးဆန်းဆန်းလူတစ်ယောက်ရဲ့ အဆုံးမရှိမဲ့ခရီးအပေါ်မှာဇာတ်အိမ်တည်ထားတယ်လို့ပဲပြောရပါမယ် Kusuriuri ဟာမြေရှင်ပဒေသရာဇ်ခေတ်ဂျပန်နိုင်ငံအနှံ့ကိုလျှောက်သွားပြီး Mononoke လို့ခေါ်တဲ့ဆန်းကြယ်သတ္တဝါတွေကိုသူ့ရဲ့အစွဲချွတ်တဲ့ဓားနဲ့လိုက်ပြီးချေမှုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် Mononoke တွေဟာလူသားတွေရဲ့ပြင်းထန်တဲ့ခံစားချက်တွေ, မလွတ်မြောက်နိုင်တဲ့အတိတ်ကစိတ်ဒဏ်ရာတွေ,မပြေလည်တဲ့ကိစ္စတွေ, သဘာဝမဆန်တဲ့သေဆုံးမှုတွေကနေဖြစ်တည်လာကြတာပဲဖြစ်ပါတယ် Mononဝke တစ်ကောင်ချင်းစီမှာလက်စားချေလိုစိတ်,ဒေါသ,ဝမ်းနည်းမှုစတဲ့ မတူညီတဲ့ဆန္ဒတွေရှိပြီးအဲ့ဆန္ဒတွေကြောင့်ပဲသူတို့ဟာသူတို့လမ်းမှာရှိသမျှလူသားတွေများစွာကိုသတ်ဖြတ်လေ့ရှိကြပါတယ် Kusuriuri ဟာအဲ့လို Mononoke တွေကိုလိုက်လံသုတ်သင်နေပြီး ဘာကြောင့်ဒီလိုလိုက်သတ်နေရတာလဲ? Mononoke တွေကိုရောအပြီးသတ်သုတ်သင်နိုင်ပါ့မလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်   [Episode 1 - 6] [Episode 7 - 12]   $#M712006ScriptRootC1135054 {min-height: 300px;}$
8
TMDb: 8/10 17 votes
tv

Mononoke

2007
Blood Blockade Battlefront 7
Blood Blockade Battlefront Kekkai Sensen Review ကမ္ဘာနဲ့ငရဲပြည်ကြားကပိတ်ဆို့ထားမှုတွေဟာ ပေါင်းကူးအနေနဲ့ New York မြို့မှာပွင့်ထွက်သွားပါတယ်။အဲ့ဒီအပြင်New Yorkမြို့သူမြို့သားတွေရယ် တခြားကမ္ဘာကအကောင်တွေရယ်ဟာ ဖောက်ထွင်းလို့မရတဲ့ဖန်လုံးကြီးတစ်ခုထဲမှာပိတ်မိသွားပါတယ်။အဲ့ဒီလိုနဲ့မြို့သူမြို့သားတွေဟာ ဒီလိုရူးကြောင်ကြောင်သတ္တဝါဆိုးကြီးတွေနဲ့အတူတူနှစ်နဲ့ချီပြီးနေထိုင်ခဲ့ရပါတယ်။ဒါပေမယ့်နောင်ဆုံးမှာတော့ အဲ့ဖန်လုံးကြီးကိုဖောက်ထွင်းဖို့ကြံစည်တဲ့သူပေါ်လာပါတော့တယ်။အဲ့ဒီမှာပဲတခြားသဘာဝလွန်လူသားတွေဟာလည်း အဲ့ဒီအကြံအစည်မအောင်မြင်ဖို့တားဆီးကြပါတော့တယ်။သူတို့နှစ်ဖက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့... အပတ်စဉ်သောကြာနှင့်တနင်္ဂနွေနေ့များတွင် Mmanime(dot)orgတွင်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါခင်ဗျ Season 1   Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8 Episode 9 Episode 10
7
TMDb: 7/10 39 votes
tv

Blood Blockade Battlefront

2015
Gintama 8
Gintama ဇာတ်လမ်းအစမှာတော့ ဆိုက္ကားသမား ဂျင်းတုံးကြီး(Sakata Gintoki) ကဆာမူရိုင်းဆိုတာခေတ်မရှိတဲ့ကာလကြီးမှာ ဆာမူရိုင်းဖြစ်နေတဲ့သူပါပဲ။သူကြည့်မရတာတွေကတော့ ကမ္ဘာကိုကျူးကျော်လာခဲ့ကြတဲ့ ဂြိုဟ်သားတွေကိုပါပဲ.။ တုံးတိပြောသလိုဖြစ်သွားလို့ဖြတ်ပြောပါရစေ။အဲ့ဒီခေတ်ကာလဟာကမ္ဘာကိုဂြိုဟ်သားတွေကျူးကျောဝင်ရောက်နေထိုင်နေတဲ့ကာလကြီးပါ။ဆက်ပြောပါမယ်။သူကတော့လောလောဆယ်မှာ ကားမူးသမားKaguraဆိုတဲ့ကလေးမတစ်ယောက်ရယ် လေးလုံးဒိုင်ဖြစ်တဲ့ Shimura Shipaichiဆိုတဲ့ကောင်ဇိုးလေးနဲ့နေနေပါတယ်။သူတို့ကအိမ်မှာဒီတိုင်းနေတာမဟုတ်ပါဘူး။ကမ္ဘာကြီးကိုပိုကောင်းမွန်လာအောင်ပြုပြင်ဖို့ လက်တိုလက်တောင်းအလုပ်တွေအကုန်လုပ်ပါတယ်။သူ့ရည်ရွယ်ချက်ပန်းတိုင်ကဒီတစ်ခုတည်းမဟုတ်ပါဘူး။သူ့ရဲ့အဓိကအကျဆုံးရည်ရွယ်ချက်ကတော့...... အိမ်လခအကြွေးတွေမကြေကြအောင်ဆပ်ဖို့ပါပဲ...   Season [1]   Episode [1+2] Mediafire /   
8
TMDb: 8/10 50 votes
tv

Gintama

2006